အိပ်ရေးပျက်ခြင်းဆိုးကျိုးများ ( ၁ )

          ကျွန်တော်တို့တွေဟာ စာမေးပွဲ၊ အလုပ်၊ ပါတီတွေ၊ ဂိမ်းတွေကြောင့် ညပေါင်းများစွာအိပ်ရေးပျက်ခဲ့ကြဖူးပါတယ်။ဒီလိုမျိုး အိပ်ချိန်နဲနဲပဲ အိပ်ရတဲ့နေ့တွေပြီး နောက်နေ့ဆိုရင် လူက လေးလံလာပြီး ပုံမှန်လောက်လဲ စွမ်းဆောင်ရည်မကောင်းတော့ပါဘူး။ တရက်တလေ အိပ်ရေးပျက်တာတောင် နောက်နေ့ စွမ်းဆောင်ရည်ကျတယ်ဆိုရင် ရက်ပေါင်းများစွာ အိပ်ရေးပျက်ခြင်းရက်တွေဆက်လာတဲ့ အခါ ဆိုးကျိုးတွေ ဘယ်လောက်တောင် များမလဲဆိုတာတွေးကြည့်လို့ရပါတယ်။ ဒီနေ့တော့ အိပ်ရေးပျက်ခြင်းရဲ့ ဆိုးကျိုး ၉ချက်ကို ဖေါ်ပြပေးသွားပါမယ်။ 

        

၁။ မှတ်ဉာဏ် နှင့် အာရုံစူးစိုက်နိုင်မှု ကျဆင်းလာခြင်း


          ဦးနှောက်ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် အချက်အလက် အသစ်တွေကို မှတ်သားဖို့အတွက် အိပ်နေတုန်းမှာအလုပ်လုပ်ပါတယ်။ အိပ်ရေးမဝတာတွေများလာတဲ့ အခါ ဦးနှောက်က ပင်ပန်းနွမ်းနယ် လာပြီး တာဝန်တွေကိုကောင်းမွန်စွာ မလုပ်ဆောင်နိုင်တော့ပါဘူး။ အဲ့ဒီအခါမှာ အာရုံးစူးစိုက်မှုတွေ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ တက်ကြွမှုတွေ လျော့နည်းလာပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ အသစ်တွေ လေ့လာနိုင်စွမ်း လျော့နည်းလာပါမယ်။နောက်ပြီးတော့ ဒါတွေက မတော်တဆ မှုတွေကိုလဲပိုဖြစ်စေပါတယ်။ အမေရိကန် နိင်ငံရဲ့ လေ့လာချက်အရ နှစ်စဉ်ယာဉ်မတော်တဆ မှု ၁၀၀၀၀၀ ခန့် နှင့် ယာဉ်တိုက်သေဆုံးမှု ၁၅၀၀ ခန့်က အိပ်ရေးမဝ ခြင်းကြောင့်ဖြစ်ပါတယ်။ 


၂။ စိတ်ရောဂါများ

   

          တညတလေ အိပ်ရေးပျက်ရင်တောင် စိတ်က မကြည်မလင်ဖြစ်နေမယ်ဆိုရင် အိပ်ပျက်တဲ့ ရက်တွေဆက်လာတဲ့ အခါ စိတ်ဂနာမငြိမ်ခြင်း စိတ်လှုပ်ရှားခြင်းတွေဖြစ်လာမယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး။ ၂၀၀၅ ခုနှစ်မှာလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် စိတ်ဂနာမငြိမ်ခြင်း စိတ်လှုပ်ရှားခြင်း ဖြစ်လေ့ရှိတဲ့ သူအများစုက ညဘက် အိပ်ချိန် ၆နာရီ အောက်သာရှိကြပါတယ်။ နောက်ထပ်လေ့လာမှုတစ်ခု အရတော့ ညဘက် အိပ်မပျော်တဲ့ သူတွေက စိတ်ကျရောဂါဖြစ်နိင်ခြေ ၅ဆ ပိုများပါတယ်။ 

Comments

  1. မင်မင်ဂရုစိုက်ပါဗျ😁

    ReplyDelete
  2. အမ်းးး အိပ်ရေးပျက်ခြင်းဆိုးကျိုးများကို ညန်းခေါင်သန်းလွဲ ဖတ်မိသောအခါ 😁😁

    ReplyDelete
  3. အိပ်ရေးပျက်လို့ကို မရတာ
    ညရှစ်နာရီကျော်တာနဲ့ မျက်လုံးက ဒေါင်းပြီး 😁

    ReplyDelete
    Replies
    1. သိဒယ် သိဒယ်။ အစောဆုံး ဂုညတာ ယူပဲဟာ😁။

      Delete
    2. ဟော ငါညီနေကောင်းလား😁😁

      Delete
    3. ကွီးဇော်နဲ့ ကွီးမျိုးက တအားခင်တာပဲနော် 😁

      Delete
    4. ရှေးဘဝက ညီအကိုတော်ခဲ့တာလေ😁😁

      Delete
    5. ဟုတ်ဗျ ညီအစ်ကိုတော်ပါ🙂

      Delete
  4. ကျန်းမာရေးမှူးတဲ့လား ?
    @@@@@@@@@@@
    ကျန်းမာရေးမှူး တဲ့လား ရာထူးက။
    နေတာက တောထဲတောင်ထဲ။
    စားတာက မြို့ကြီးသားတွေ မြိုမကျတဲ့ အစားအစာ။
    ဘယ်အဆင့် ဘယ်ရာထူးစဉ်းစားချိန် မရှိဘူး။
    ဘာတွေလုပ်နေတယ်
    ဘယ်သူတွေအတွက် ဘာတွေပေးဆပ်ခဲ့တယ်ဆိုတာ
    ပြည်သူတွေက သိတယ် ။
    လုပ်ဖော်ကိုင်ဖက်တွေကသိတယ်
    ဒါပေမယ့် ရာထူးတိုးပေးလို့ရတဲ့
    ဆရာကြီးတွေက မသိဘဲနေမှာကိုတော့ စိုးရိမ်မိတယ် ။
    ဘယ်အဆင့်ထိ ရာထူးတက်မယ် ဆိုတာတော့........။
    ဘယ်သူတွေ နာမည်ပေးထားမှန်းမသိတဲ့
    THA လေ။ ပြီးတော့ ထပ်တိုးနိုင်မယ့် ရာထူးနေရာက အငြိမ်းစားဝန်ထမ်း။ဒါလား
    အသက်မွေးဝမ်းကျောင်းဆင်း အစိုးရဝန်ထမ်းရဲ့
    အမြင့်ဆုံးတက်လို့ရတဲ့ ရာထူးအဆင့် ဆိုပြီး  မချင့်မရဲ ဖြစ်နေမိတယ်။

    ဒါပေမယ့် ကျန်းမာရေးမှူး ဆိုတဲ့ ကျွန်တော့်အတွက် အဖေပျော်နေတုန်း ။ ဂုဏ်ယူနေတုန်း။ အိမ်နီးနားချင်းတွေ မသိအောင် မင်းကို ပိုက်ဆံတွေ ပို့နေတုန်း။ အဖေ့ကို အားနာလို့ပါ ဆိုတဲ့ အကြောင်းပြချက်နှင့် အလုပ်ထွက်မယ်ပြောတော့
    အဖေပေါ့။ပြာပြာသလဲနှင့် ပြောခဲ့သေးတယ်လေ။ ငါ့သား မင်းကို အဖေ ထောက်ပံ့ခဲ့တာ ငွေရှာဖို့ မဟုတ်ဘူး အဖေ့ကို ချစ်ရင် ဒီအလုပ်က လုံးဝမထွက်ပါနဲ့ကွာ။စာမတတ် ငွေမရှိတဲ့ အဖေရဲ့ မက်မောဖွယ် စည်းစိမ်က ပြည်သူချစ်တဲ့ ဝန်ထမ်းကောင်းရဲ့အဖေ။
    ကျန်တာတွေ အဖေ ဥာဏ်မမီဘူး တဲ့။

    မှတ်မိပါသေးတယ် ။ဆယ်တန်းအောင်တဲ့နေ့
    ဂုဏ်ထူးက (၃ )ခုတောင် ဆိုပြီး
    ဘော်ဒါဆောင် မထားနိုင်တဲ့ အဖေ
    မျက်ရည်တွေနဲ့ ကျွန်တော့်ကိုဖွဖွနမ်းရင်း ဒါမှ ငါ့သားကွတဲ့။
    ဒီလိုနှင့် တက္ကသိုလ် (၄)ခု(ION,IOP,IOMT,IOCH)ကို သပ်သပ်လျှောက်ခဲ့ရသေးတယ် မဟုတ်လား။ဒို့ရွာက ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ဘကြီးအောင်
    မြှောက်ပေးလို့ အဖေလည်း  အခြေခံကျန်းမာရေးတက္ကသိုလ် အတင်းရော ဇွတ်ရော လျှောက်ခိုင်းခဲ့တာလေ။ကျန်းမာရေးမှူး လုပ်ရမှာတဲ့လေ။တောမှာနေရမှာ ဆိုတာတော့ ဘကြီးအောင် မပြောခဲ့ဘူးလေ။

    တက္ကသိုလ်တွေ ကျလာတော့ ပုံမှန်လျှောက်ထားတဲ့ ဖောင်မှာ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်
    ပြီးတော့ ဆေးသိပ္ပံဖောင်မှာ အခြေခံ ကျန်းမာရေးတက္ကသိုလ်ဆိုတော့
    အဖေပြောတာ ခုထိရယ်ချင်နေတုန်း။ ငါ့သားရယ် လုပ်မယ့်လုပ် လူတကိုယ်လုံး
    ကုလို့ရမယ့်ဟာသာလုပ်ပါကွာ ဘယ့်နှယ့် သွား (၃၂) ချောင်းအတွက် အချိန်ကုန်ခံမှာလဲတဲ့လေ။

    ဘာမှမစဉ်းစားတတ်သေးတဲ့ ကျွန်တ်ေတောင် ဟက်ဟက်ပက်ပက် ရယ်လို့။
    အဲဒီတုန်းက ကိုယ့်ကိုယ်ကိုပျော်မပျော်တော့ သတိမထားမိလိုက်ဘူး အဖေကတော့ ပျော်လွန်းလို့ ကျေးဇူးပါ သားလေးရယ် တဲ့လေ။

    အဲဒီတုန်းက အဖေပေါ့ ။
    ရွာထဲကို သားအလိမ္မာလေးအကြောင်း လိုက်ကြွားတာ ထမင်းဟင်းတောင်မေ့တဲ့အထိ။
    နောက် ကျွန်တော်ကလည်းတစ်နှစ်တစ်တန်း အောင်အောင်ဖြေလို့ ၄နှစ်နှင့် ၃လလောက် အကြာမှာ ဘွဲ့ယူရတော့မယ် လို့ စာရေးလိုက်တော့ အဲဒီစာလေးအသာဆုပ်လို့
    မင်းအဖေ ကခုန်နေလိုက်ပုံများ မင်းကို တွေ့စေချင်လိုက်တာလို့အမေကပြန်ပြောပြလို့သိလိုက်ရတယ်။

    ဘွဲ့နှင်းသဘင်တက်ဖို့ ဖြစ်လာတော့ တစ်မိနစ်၂၀၀အဆောင်ကဖုန်းနဲ့ ပြောရင်း
    အဖေ ပြောခဲ့တဲ့စကားလေး အမှတ်ရနေသေးတယ်။  နှစ်ယောက်လုံးတက်မှသားကဘွဲ့လက်မှတ်ရမယ်ဆိုရင် အိမ်က နောက်ဆုံးလက်ကျန် နွားတရှဉ်း ရောင်းပြီး မြို့ကို လာခဲ့မယ်တဲ့လေ။
    ရွာက ကျောင်းဆရာလေးက မနည်းဖျောင်းဖျလိုက်မှ နားလည်သွားပြီး မရောင်းဖြစ်တော့တာလေ။တစ်ယောက်ထဲ ဘွဲ့နှင်းသဘင်တက်ရလည်း  ဘွဲ့ဓါတ်ပုံကြီးကတော့ အဖေရဲ့ ဧည့်ခန်းမှာ ဟီးလို့။ အဖေနှင့်အမေရဲ့ ကျန်းမာရေးစောင့်ရှောက်ပေးနေသတဲ့လေ။အဖေပြောတာပါ။ ဒီဘွဲ့ပုံချိတ်ပြီးကတည်းက ခုထိ မဖျားမနာတော့ဘူးမောင်ရေ တဲ့။

    ReplyDelete
    Replies
    1. GG bio history
      Fighting GG

      Delete
    2. အရေးအသားက ရင်ကိုထိတယ်ဗျာ

      Delete
    3. ကျေးဇူးပါဆရာလေးတို့😁

      Delete
    4. Linnsatt ရဲ့အကြောင်းလား 👍👍👍
      မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ မျှော်လင့်ချက်က သားသမီးတွေက သူတို့ဆန္ဒတွေဖြည့်ဆည်းပေးနိုင်တဲ့အခါဝမ်း‌မြောက်ဝမ်းသာဖြစ်ရတဲ့ဂုဏ်ယူမှုပါ အဲ့ဒါကသူတို့အတွက် တန်ဖိုးမဖြတ်နိုင်ဘူး 🥰🥰

      Delete
    5. ဟုတ်တယ်အစ်မရေ
      ကျေးဇူးတွေဆပ်လို့ကုန်မှာမဟုတ်ဘူး😘

      Delete
    6. အကိုကမှ မိဘရဲ့ ကျေးဇူးဆပ်လို့ရသေးတယ် ညမတို့ဆို ဆယ်တန်းတောင်မတက်ရသေးတော့ မိဘကို အခုထိ မှီခိုနေရတုန်းပဲ 😢

      Delete
    7. ရေးထားတာလေးကောင်းတယ်ဗျာ❤

      Delete
    8. အားလုံးကိုကျေးဇူးပါ
      ညီမလေးLilyရေစိတ်အားမငယ်နဲ့နော်
      ခဏလေးပဲအားတင်းထားပေးပါ

      Delete
    9. အို- ကျန်းမာရေးမှူး(HA)တဲ့လား လေးစားပါတယ်။ကိုယ်တို့အဖေက HAပါပဲ။ ကေျးလက်ကျန်းမာရေးဌာနလေးတွေမှာ လူထုကြား တာဝန်ထမ်းရင်း အဖေ ဘယ်လို ပင်ပန်းခံ စေတနာထား ပီး လူနာတွေကို ကုသခဲ့ရကြောင်း ၊မိုးမှာ ရွှံ့ထဲဖြတ် ၊နွေမှာ ဖုန်ထူထူထဲ နေ့ညမရွေး လူနာရှိရာ သွားလာကာကွယ် ၊ကုသ၊ ငယ်ကထဲက သိခဲ့တယ်။ respect ပါရှင့် 🙋

      Delete
    10. အွန်း ကျွန်မ ရဲ့ချစ်သောတစ်ယောက်ကတော့ HA ဖြစ်ပြီး တောမှာလည်းဆေးမကုပေးချင်ဘူးပင်ပန်းတယ်တဲ့ အရက်ကြိုက်လို့အရက်ဘားဖွင့်ချင်တယ်တဲ့အစ်မကဘေးမှာဆေးဆိုင်လာဖွင့်တဲ့ဆေးရောင်းရမှာတဲ့ခုတော့သူက NGO မှာကျော့ကျော့လေးရယ်လေ ဘရို နဲ့ များကွာပါ့ အမေကို ချစ်တယ် ပြောပြီးဖုန်းဆက်ဖို့တောင်မနည်းပြောရတဲ့လူဆိုးကောင်ရယ်လေ ဘရို ရေဖိုက်တင်းပါနော် ကံကောင်းခြင်းတွေ ရောက်ရှိခစားပါစေရှင့်

      Delete
    11. စိတ်မကောင်းဖြစ်ရမလား ဂုဏ်ယူရမလား နှစ်ခုလုံးပါနော် ဖိုက်တင်း

      Delete
    12. WOW ကိုလင်းဆက် တော်လိုက်တာ
      ဖော တာ မဟုတ်ဘူးနော်
      တကယ့်ကို စိတ်ထဲက ပြောတာပါ
      ကဗျာရေးတာပဲ တော်တာ မဟုတ်ဘူးပဲ 😍

      Delete
    13. ကျေးဇူးပါမမိုးရေ

      Delete
    14. တော်လိုက်တာlinnsatt
      အားကျ

      Delete
    15. မမလင်းစာဖတ်ရတာပျင်းယို့ voice နဲ့ဖတ်ပြပါလား😛
      တော်တာ သင်ပေးပါအုန်း

      Delete
    16. ဖတ်ပြလိုက် မယ်😅

      Delete
    17. ကိုလင်းစက်
      တော်လိုက်တာနော်။
      မိဘကို အလေးထားတဲ့သားလိမ်မာ။ Appreciate.

      Delete
    18. ခုတော့
      တည်ငြိမ်သူကြီးပေါ့
      ဖိုက်တိုး

      Delete
    19. ဘယ်နှစ်ခေါက်ပြန်ဖတ်ဖတ် ဖတ်မိတိုင်းမျက်ရည်ကျရတယ်ဗျာ

      Delete
  5. အိပ်မပျော်တာမဟုတ်ပေမဲ့ တော်လှန်ရေးအတွက် သဲတစ်ပွင့်အနေနဲ့ clickရင်း အိပ်ပျက်နေတာပါ

    ReplyDelete
    Replies
    1. အိပ်ပျက်ခံ click နေဆဲပါ

      Delete
    2. တော်လှန်နေဆဲ
      အိပ်ပျက်နေဆဲ

      Delete
    3. တော်လှန်ရေးအောင်မှအိပ်ရေးဝဝအိပ်မယ်လို့လုပ်ထားတာ ခုထိတော့ မအိပ်ရသေးပါဘူး အိပ်ရေးဝဝအိပ်ရမည့်နေ့တွေအမြန်ရောက်ပါစေ

      Delete
    4. အိပ်ရေးပျက်ဆဲ
      ကလစ် မြဲ

      Delete
    5. လူယုတ်မာတစ်စုကို
      ချေမှုန်းနိုင်ဖို့
      ကြိုးစားရင်း
      အိပ်ပျက်ညများပါ

      Delete
    6. မနိုင်ရသေးလို့ မအိပ်သေးတာပါ

      Delete
    7. မကြာတော့ပါဘူး ပီးသွားရင်တဝကြီးအိပ်ကြမယ် 🥰

      Delete
  6. တော်လှန်ရေးပြီးမှ အိပ်ရေးဝအောင်အိပ်တော့မယ်၊ စိတ်ဂနာမငြိမ်ရင် တရားထိုင်လိုက်မယ်။💕💕💕

    ReplyDelete
  7. Till the end
    Fighting together 💪

    ReplyDelete
  8. အိပ်ရေးပျက်ညများ

    ReplyDelete
  9. ကောင်းကောင်းအိပ်မပျော်တာကြာပေါ့
    မအလ ကြင်စိုးနှင့်‌အပေါင်းအပါတွေသေရင် ၁ရက်လုံးမထတမ်း
    နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်ဦးမယ်

    ReplyDelete
  10. များးးးးးးးအိပ်ပျက်ညတွေများပြီ
    မအလတစ်သိုက်ကြောင့်

    ReplyDelete
  11. 2020လောက်တုန်းကooredooလား
    Mptလားမသိဘူး ည၁၁ကျော်ရင်ရင်လိုင်းfreeသုံးလို့ရတယ် အဲ့တုန်းကညဆို ထ ထသုံးတာ ည၃/၄နာရီလောက်ထိ ရက်တွေဆက်လာတော့လူကကြောင်တောင်တောင်ဖြစ်ရော😆

    ReplyDelete
  12. DONE
    ဒီ Channel ကို ခုမှ သိလို့ပါ

    ReplyDelete
  13. 🍔🍕🍗🍖🌮🥗🌯🍜🍝🥘🥗

    ReplyDelete
  14. ည... အိပ်ပျက်ည​တွေများ...🍀🕊

    ReplyDelete
  15. Wheel............dope.🏹🏹🏹

    ReplyDelete
  16. ရောက်ပြန်ပြီ✊✊✊

    ReplyDelete
  17. Comment လိုက်ဖတ်ကြည့်မိပါ၏။
    အားလုံးကို လေးစားပါ၏။
    ကိုလင်းဆက်ကိုလည်း လေးစားပါ၏။
    မိဘနှစ်ပါး အားထားရတဲ့
    နိုင်ငံတော်က အားထားရတဲ့
    သားကောင်းရတနာ
    သမီးကောင်းရတနာလေးတွေ
    ဖြစ်ကြပါစေ။
    ဖိုက်တင်းပါကလေးတို့။

    ReplyDelete
  18. Wheel............dope.🏹🏹🏹

    ReplyDelete
  19. ကလစ်ခြင်းကြောင့်
    အိပ်နောက်ကျတာကို
    အိပ်ပျက်တယ်လို့
    မယူဆပါဘူး။

    ReplyDelete
  20. လက်ညှိုး ထိပ်ကလေး
    အသားမာ တက်နေသည်အထိ
    ကလစ်ပါ၏။

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!