ဝိတ်ကျဖို့အ​ထောက်အကူပြုမယ့်အစားအစာ ၇မျိုး (၂)

၂။ ​ကော်ဖီ

​​          ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်နဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ​ရောင်ရမ်းခြင်းကို ​လျှော့ချပေးပါတယ်။ စိတ်ကိုကြည်စေတယ်။ သက်လုံကောင်းစေပြီး အစာစားချင်စိတ်ကိုလဲ ​လျှော့ချပေးပါတယ်။ ဒါ့ကြောင့်မလို့ တချို့သူတွေGym​ဆော့ခံနီးမှာ ​ကော်ဖီ၁ခွက်​​သောက်ကြတာ သင်တွေ့ဖူးမှာပါ။ ​ကော်ဖီသောက်ခြင်းက သင့်ကိုနေလို့ထိုင်လို့ ပိုကောင်းစေတယ်။ ဆုံးဖြတ်ချက်တွေလဲ ပိုမှန်စေပြီး အားကစားလုပ်ဖို့လဲ ခွန်အားတွေပိုပေးပါတယ်။ ​ကော်ဖီကအစားစားချင်စိတ်ကိုလျှော့ချပေးနိုင်တဲ့အပြင် စားလိုက်တဲ့ အစားအစာတွေကိုလဲ မြန်မြန်လောင်ကျွမ်းအောင်ကူညီပေးပါတယ်။ ​

          လေ့လာချက်တစ်ခုအရဆိုရင် အစာမစားမီ ၃၀မိနစ်ခန့်မှာ ​ကော်ဖီတစ်ခွက်​​သောက်ပေးခြင်းကအစားစားတဲ့အချိန်မှာ စားမိတဲ့ ကယ်လိုရီပမာဏကို ​လျှော့ချပေးပါတယ်။ ဒါပေမယ့် ​ကော်ဖီနဲ့ကဖိန်းဓါတ်ပါဝင်တဲ့အရည်တွေကို နေပိုင်းနဲ့ညပိုင်းတွေမှာ ​​​ရှောင်ကြဥ်သင့်ပါတယ်။ သူတို့တွေက သင့်ရဲ့ အိပ်စက်ခြင်းကို နှောက်အယှက်ပေးနိုင်လို့ပါ။ ​

          ကောင်းမွန်စွာ အိပ်စက်ခြင်းကလဲ သင့်ရဲ့ ကျန်းမာရေးနဲ့ဝိတ်ကျဖို့ အထောက်အကူပြုတယ်ဆိုတာ မေ့ပါနဲ့။


၃။ လက်ဖက်ရည်ကြမ်း


          လက်ဖက်ရည်ကြမ်းသောက်ခြင်းကလဲ ဝိတ်ကျဖို့အတွက် ထောက်အကူပြုပါတယ်။ လက်ဖက်ရည်ကြမ်း ကအဆီလောင်ကျွမ်းမှုအတွက် ကောင်းဆုံးအစားအစာတစ်မျိုးထဲမှာ ပါဝင်ပါတယ်။ လက်ဖက်ရည်ကြမ်းက အဆီလောင်ကျွမ်းစေတဲ့ အစားအစာထဲမှာ နာမည်ကြီးပါတယ်။ 

          သူ့မှာ ကြွယ်ဝစွာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အဆီပို​​တွေ အလျှင်အမြန်လောင်ကျွမ်းဖို့ အထောက်အကူပြုပါတယ်။ ​​နောက်ပြီး လက်ဖက်ရည်ကြမ်းမှာ ကဖိန်းဓါတ်လဲ အနည်းငယ် ပါဝင်တော့ အားကစားမလုပ်ခင် ​​​သောက်မယ်ဆိုရင် အဆီပိုလောင်ကျွမ်းဖို့ ထောက်အကူပြုမှာပါ။ ​​

          လေ့လာချက်တစ်ခုအရ လက်ဖက်ရည်ကြမ်းမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အဆီ​​လောင်ကျွမ်းဖို့ အား​​ပေးပါတယ်။ ​နောက်ထပ်​​လေ့လာမှု တစ်ခုမှာဆိုရင် ​လေ့ကျင့်ခန်းမလုပ်ခင်လက်ဖက်ရည်ကြမ်းသောက်တဲ့အမျိုးသားတွေက သောက်တဲ့သူတွေထက် အဆီပိုလောင်ကျွမ်းနိုင်တာ ​တွေ့ရပါတယ်။ ဒါ့ကြောင့်နောက်တစ်ခါ gymသွားမယ်ဆိုရင် လက်ဖက်ရည်ကြမ်းတစ်ခွက်လောက် ကြိုသောက်သွားတာကသင့်ကို အထောက်အကူဖြစ်စေမှာပါ။

Comments

  1. Replies
    1. အခုတော.တစ်ယောက်ထဲကွယ် အလွမ်းကဖီးရဲ.ထောင်.လေးမှာ☕☕

      Delete
    2. မျှော်နေဆဲပေါ့🤣

      Delete
    3. This comment has been removed by the author.

      Delete
    4. သောက်ကောင်းကောင်းနဲ့ တစ်ယောက်ထဲ ၂ ခွက်သောက်ပြီး ပတ်ချံရှင်းစရာ မရှိတော့လို့ ဂျောင်ကပ်နေရတာပါ ခင်ညာ🤧🤧🤧🤧

      Delete
  2. ကော်ဖီလဲကြိုက် လက်ဖက်ရည်ကြမ်းလဲကြိုက်

    ReplyDelete
  3. သောက်ချင်တာက လက်ဖက်ရည်မဟုတ်ခဲ့ဘူး 😅✌️🍀

    ReplyDelete
    Replies
    1. မဟုတ်နေပေါ့🙄

      Delete
    2. ဟုတ် နေပါတယ်
      အပေါ်က Moe Pay အစားဖြေ‌ေပးတာ😁🤭

      Delete
    3. Sorry pr🕊️
      ရေးလိုက်တုန်းကတော့ pyay ပဲ y တစ်လုံးကဘယ်လိုကျန်သွားလဲမသိဘူး😅

      Delete
    4. 😁ကျနော့်သူငယ်ချင်းတွေရှိရင် y တစ်လုံးဗိုက်ဆာလို့ပြုတ်စားလိုက်တာလားလို့ အမေးခံရမှာသေချာ😅

      Delete
  4. ကော်ဖီကို တနေ့ ၁ခွက် သောက်ပါတယ်

    ReplyDelete
  5. Replies
    1. ကော်ဖီသောက်လို့အိပ်မပျော်တဲ့ထဲ မပါ

      Delete
  6. ကော်ဖီနေ့တိုင်းပုံမှန်သောက်ဖြစ်တယ်
    ကော်ဖီမသောက်ရရင် စိတ်ကိုမကြည်‌တော့ဘူး😁😁
    လက်ဖက်ရည်ကြမ်းလဲသောက်ပါတယ် ထမင်းစားတဲအခါတိုင်း သူပါတယ်☺️😁

    ReplyDelete
    Replies
    1. လက်ဖက်ရည်ကြမ်းဆိုတာ

      လက်ဖက်ခြောက် အကြမ်းခပ်ထားတဲ့ရေနွေကြမ်းကိုပြောတာလား ခုထိမသိသေးဘူးရယ်

      Delete
    2. ဟုတ်တယ်
      လက်ဖက်ခြောက်ထည့်သောက်တာကိုပြောတာ

      ရေ‌နွေးကြမ်း(အခါးရည်)သောက်တယ်လို့‌‌လဲပြောတယ်တူတူပဲ 🫖🫖🫖

      Delete
    3. ဟု ဟု ကျေးဇူးပါ
      ရေနွေးကြမ်းကိုပြောတာလား
      ကိုရီးယားကာတွေထဲကလို အချိုခြောက်ခပ်ထားတဲ့အရည်ထဲ နိူ့ဆီ သကြားမပါပဲ သောက်တာကိုပြောတာလား မသဲကွဲ ဖြစ်နေတာ 🥰🥰

      Delete
    4. ဟီးဟီး ကိုယ်လဲ
      ကိုယ်ထင်ရာပြောတာပါ
      🤭🥰

      Delete
  7. ကော်ဖီသောက်ရင်း ကလစ်နေသည်
    ☕🍰

    ReplyDelete
  8. ကော်ဖီကြိုက်တဲ့အချစ်ရေအခုတော့မင်းဘယ်မလဲ.....

    ReplyDelete
    Replies
    1. အချစ်ကတော့မသိဘူး
      ကော်ဖီကြိုက်တဲ့အမကတော့ ဒီမှာ ကလစ်နေပါတယ်😍😘

      Delete
    2. ဟုတ်ကဲ့ပါဗျ ကြိုးစားထားပါဗျ😁❤

      Delete
  9. ကော်ဖီသောက်ရင်ရင်တုန်လို့ ထမင်းစားလိုက်မှငြိမ်သွားတာ ရေနွေးကြမ်းကတော့ရေထက်ပိုသောက်ဖြစ်တယ်

    ReplyDelete
  10. ကော်ဖီကြိုက်ပြီးလက်ဖက်ရည်ကြမ်းဘဲသောက်ဖြစ်သူ

    ReplyDelete
  11. ကလစ်ရင်းကော်ဖီသောက်
    ကော်ဖီသောက်ရင်းကလစ်

    ReplyDelete
  12. နာအတေးပါလားကွာ

    ReplyDelete
  13. ကော်ဖီ
    လက်ဖက်ရည်ကြမ်း
    Good

    ReplyDelete
  14. ❤❤❤
    ငါတို့ နိုင်မှာ

    ReplyDelete
  15. ကာဖီကမသောက်ရင်လည်းမသောက်ဘူးသောက်ရင်လည်းပြင်ဦးလွင်ကာဖီမှ အဲသောက်လိုက်မိရင်လည်း မိုးကိုလင်းရော🤦‍♂️

    ReplyDelete
  16. တပွင့်ပဲရှိသေးလို့။😍

    ReplyDelete
  17. ကျ​နော် ကော်ဖီ မကြိုက်ပါ 😁🍀✌

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!