ကိုယ်ဝန်​​ဆောင်ချိန်အတွင်းစားသင့်​သောအစားအစာများ (၅)

၈။ ​ထောပတ်သီး


          ​ထောပတ်သီးဟာ monounsaturated fatty acid လို့ခေါ်တဲ့ မပြည့်ဝဆီ တစ်မျိုးကြွယ်ဝစွာပါဝင်တဲ့ ထူးခြားတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်။ ဒါ့အပြင် ​ထောပတ်သီး မှာ အမျှင်ဓါတ်၊ ဗီတာမင် ဘီ၊ ဗီတာမင် ​ကေ၊ ဗီတာမင် စီ၊ဗီတာမင် အီး နဲ့ Copper ဓါတ်တို့လဲ ပါဝင်ပါတယ်။ ​ထောပတ်သီးဟာ ​ကောင်းမွန်တဲ့ အဆီတွေ၊ folate ဓါတ်နဲ့potassium ဓါတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တွေအတွက် အထူးသင့်တော်တဲ့ အစားအစာပဲဖြစ်ပါတယ်။ Folate ဓါတ်ဟာ ​ဗိုက်ထဲက လေးငယ်ရဲ့ ဦးနှောက်နဲ့ကျောရိုးမ ဖွံ့ဖြိုးမှုတွေမှာ ချို့ယွင်းချက်တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ​ထောပတ်သီးမှာပါတဲ့ အဆီဓါတ်ကလဲ လေးငယ်ရဲ့အ​​ရေပြား၊ ဦးနှောက်နဲ့တစ်ရှူးတွေ တည်ဆောက်ဖို့အတွက် ရေးပါပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ကြွက်တက်ခြင်းအတွက်လဲထောပတ်သီးမှာပါဝင်တဲ့ potassium ဓါတ်ကတားဆီးပေးပါတယ်။ တကယ်တော့ ​ထောပတ်သီးမှာငှက်​​ပျောသီးထက်တောင် potassium ဓါတ်ပိုပြီးပါဝင်ပါတယ်။

Comments

  1. မှတ်ထားလိုက်ပြီ 😘

    ReplyDelete
  2. Replies
    1. ထောပတ်သီး ဝယ်လိုက်ရင် ဘယ်တော့မှ မရွေးတတ် ။ ၁၀ လုံးဝယ်တာ ၈ လုံးက လွှင့်ပစ်လိုက်ရတယ် ။ စျေးကလဲကြီးသေးတယ် ။🤧🤧🤧

      Delete
    2. ထောပတ်သီး က မာယာများတယ်တဲ့ f မှာ ရေးထားတာ

      Delete
    3. ထောပတ်သီးတို့၏ မာယာပေါ့😁

      Delete
    4. နုတ်တက်ပါ..✔️😁🍀

      Delete
    5. ထောပတ်သီးက အခွံစိမ်းနေလဲ အညှာနားစမ်းကြည့်လို့ အိသွားရင်စားလို့ရပြီတဲ့ ဟိုနေ့ကမှ သူငယ်ချင်းကပြောပြလို့သိတာ ☺️

      Delete
    6. ဟုတ် အစ်မ ။ ဒီတစ်ခါကြ အဲ့လိုစမ်းကြည့်လိုက်ပါ့မယ်။ ပြောပြပေးလို့ ကျေးဇူးပါ အစ်မ🥰

      Delete
    7. အမတော့ စမ်းကြည့်ပြီးပြီ
      တောင်ကြီးကအသီး အဝိုင်းကြီးတွေလေ အညှာနားအိနေတော့ ခွဲလိုက်တာ အခွံကစိမ်းပြီး အတွင်းက မှည့်တယ် စားလို့ကောင်းတယ်🥰

      Delete
    8. @ML Sun ဟုတ် အစ်မ ။ တစ်ယောက်ထဲမစားနဲ့ မကုန်ရင်ဒီပို့လိုက်ပါအုံး🤭🤭

      Delete
    9. @Moe Pyay ကိုကြီးမိုးပြေး သေချာမှတ်ထားနော်😁

      Delete
    10. 🥑🥑🥑
      ပို့လိုက်ပြီ 🥰
      @Julia Zaw

      Delete
    11. စားချင်​နေပြီ

      Delete
    12. @ML Sun စားလိုက်ပြီ အစ်မ🥑🥑
      @Moe_Pyay 🙂🙂

      Delete
  3. Replies
    1. 🥑🥑
      Plain ပဲစားမလား
      စက်​ဖျော်လား
      လက်​ဖျော်လား
      ကြိုက်ရာ​ရွေး🥑

      Delete
    2. ထောပတ်သီးဆို သကြားနဲ့ခေါက်တာပဲ‌ကြိုက်တယ်
      ဖျော်ရည်မကြိုက်ဘူး အခေါက်လွန်ပြီးအရမ်းညက်သွားရင်တောင်မစားချင်တော့ဘူး😅

      Delete
    3. @Moe Pyay ကြိုက်ရာရွေးခိုင်းနေတာ တကယ်ဖျော်တိုက်မှာ မဟုတ်လားလို့😁

      @မိုမိဂျိ နဲ့ တီလေးနဲ့ အကြိုက်တူ🥰

      Delete
    4. တူရမယ်လေ တီလေးရဲ့တူမလေးပဲကို😉

      Delete
    5. ဖျော်ရည်ကြီးနှစ်​နေတာ မကြိုက်
      အ​လုံး​လေးကိုခြမ်း အ​စေ့ထုတ်
      အခွံခြမ်း​လေးအတိုင်း သကြားဖြူးပြီး ဇွန်းနဲ့ ကော်စားတာ🥑 😂✌🍀

      Delete
    6. အဲ့အတိုင်းလေးပဲကျွေး😇

      Delete
    7. တီလေးရောစားမလား တီလေးကိုက သမီးခွံ့ကျွေးမယ်🤭

      Delete
  4. ❤❤❤
    ကျေးကျေးပါ

    ReplyDelete
  5. ကျေးဇူးတင်ပါတယ်။
    ပိုတက်ဆီယမ်ဓာတ်ကို ငှက်ပျောသီးခွံအမျှင်ဖတ်မှာပဲ
    ပါတယ်ထင်ခဲ့တာ။

    ReplyDelete
  6. Wheel............dope.🏹🏹🏹

    ReplyDelete
  7. ထောပတ်သီး ကြိုက်ပါတယ်

    ReplyDelete
  8. ထောပတ်သီးကို
    သူ့အတိုင်း စားလည်း
    ကြိုက်ပါ၏။
    ဖျော်ရည်ဖျော်သောက်လည်း
    ကြိုက်ပါ၏။
    သူ့အတိုင်းစားဖြစ်တာ
    ပိုများပါ၏။
    ထောပတ်သီးက
    အောင်ပန်းသီးနဲ့ တောင်ကြီးသီးက
    အကောင်းဆုံးဖြစ်ပါ၏။

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. 🌼💜🌼
    ʘ(⁠☆⁠▽⁠☆⁠)ʘ

    ReplyDelete
  11. (⁠๑⁠♡⁠⌓⁠♡⁠๑⁠)
    🥑🥑🥑

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!