ကွန်ပျူတာနဲ့ ဖုန်းScreen အကြည့်များသူ​တွေအတွက် မျက်လုံးကိုက်သက်သာ​စေနည်းများ (၃)

 ၃။ အနားယူ​ပေးခြင်း

        ကွန်ပျူတာ​တွေ၊ ဖုန်းscreen ​တွေ အကြည့်များတဲ့ သူ​တွေအတွက် ​ပြော​နေကြတစ်ခုရှိပါတယ်။ အဲ့တာက​တော့ "20-20-20" စည်းမျဥ်းပါ။ ဒါက ဘာကိုဆိုလိုလဲဆို​တော့ screen ကိုကြည့်တာ မိနစ်၂၀ ကြာတိုင်းမှာ အ​ဝေးကို စက္ကန့်၂၀ခန့်  ကြည့်​ပေးရပါတယ်။ အ​​ဝေးကို ကြည့်ရတဲ့အခါမှာလဲ အနဲဆုံး​ ပေ၂၀ ခန့်အကွာကို ကြည့်​ပေးရပါမယ်။ ဒီအချ်န်အတွင်းမှာ မျက်​တောင်ခက်တာ မျက်လုံး​လေ့ကျင့်ခန်းလုပ်တာမျိုး​တွေ လုပ်နိုင်ပါတယ်။         ဒီလိုလုပ်တာဟာ မျက်လုံးကိုအနားရ​စေပြီး မျက်လုံးကိုက်တာက​နေ ကာကွယ်ပေးနိုင်ပါတယ်။ တစ်ရက်ကို ၆နာရီနဲ့အထက် ကွန်ပျူတာနဲ့ အလုပ်လုပ်ရတယ်ဆိုရင်​တော့ ၂နာရီခြားတစ်ခါ ၅-၇မိနစ်ခန့် အနားယူသင့်ပါတယ်။ ... ... ...

...


၄။ အ​နေအ​ထား ပြင်ဆင်ခြင်း


        ကွန်ပျူတာ screenကို အနည်းဆုံး လက်တစ်ကမ်းအကွာမှာ ထားသင့်ပါတယ်။ ဒါက ​ကောင်းမွန်တဲ့ အကွာအ​ဝေးပဲ ဖြစ်ပါတယ်။ Screen ကို မျက်လုံးနဲ့အရမ်းကပ်ထားရင်လဲ မျက်လုံးကိုက်နိုင်​ခြေကို ပိုများပြီး အရမ်း​ဝေးဝေးမှာထားမိရင်လဲ ပိုပြီး အာရုံစိုက်ကြည့်ရပါမယ်။ ​နောက်ပြီး​တော့ screenကို မျက်လုံးနဲ့ တစ်တန်းထဲမထားပဲ မျက်လုံး​အောက် ၂၀ဒီဂရီ ခန့်နိမ့်​နေ​အောင် စားပွဲနဲ့ထိုင်ခုံအမြင့်ကို ညှိထား​ပေးသင့်ပါတယ်။ ဒီလိုထားတာက မျက်လုံးစိုစွတ်​နေ​စေဖို့ အ​ထောက်အကူပြုပါတယ်။

Comments

  1. မျက်လုံးမှိတ်ပြီး မိနစ် ၂၀ နားလိုက်တာ အိပ်တောင်ပျော်သွားတယ်😁💕💕💕

    ReplyDelete
  2. နည်းလမ်းတွေက လိုက်နာရပါမယ်ဗျ 🍀

    ReplyDelete
  3. အနားယူဖို့တော့မပူပါနဲ့မင်"😂

    ReplyDelete
  4. ❤❤❤
    ဟုတ်ကဲ့ ပါ

    ReplyDelete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
  6. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!