ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၇)

 ၉) မုံလာဥနီ (Beet)


        လှပတဲ့ ခရမ်း/နီညိုရောင်ရှိတဲ့ ဒီအမြစ်ဖုမှာ တွေ့ရတဲ့ အားကောင်းတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်း (​antioxidant) က free radicalတွေကို ဆန့်ကျင်တိုက်ထုတ်နိုင်ပါတယ်။ မုံလာဥနီကဲ့သို့သော အသီးအရွက်တွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်တဲ့ Betalains ပါဝင်ပါတယ်။ အဲ့ဒိ Betalainဟာ အစာခြေပြဿနာတွေနဲ့ အူမကြီးကင်ဆာကို ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။ 


        အစားစာကရတဲ့အမျှင်ဓါတ်၊ သံဓါတ်၊ ဖောလိတ် နဲ့ ပိုတက်စီယမ် စသည်တို့က မုံလာဥနီမှာတွေ့ရတဲ့ အခြားသောအာဟာရဓါတ်တွေဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပေါင်းတွေကလည်း ကိုယ်ခန္ဓာရောင်ရမ်းခြင်းကို လျှော့ချရာမှာ အကျိုးပြုနိုင်ပါတယ်။ ဗီတာမင် C က ဓါတ်တိုးဆန့်ကျင်သတ္တိအပြင် အအေးမိခြင်းနဲ့ အချို့သော နာတာရှည်ရောဂါများကို တားဆီးကာကွယ်ရာမှာပါ အထောက်အကူဖြစ်ပါတယ်။ 


၁၀) ဟင်းနုနယ်ရွက် 


        ဟင်းနုနယ်ရွက်ဟာ အာဟာရဖြစ်စေသောပါဝင်ပစ္စည်းတွေ အပေါကြွယ်ဆုံးအသီးအရွက်တွေထဲက အသီးအရွက်တမျိုးဖြစ်ပါတယ်။ ကယ်လိုရီ အလွန်နည်းပြီး ဗီတာမင်များ၊ သတ္တုဓါတ်တွေနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ အလွန်ကြွယ်ဝပါတယ်။ 

        ဟင်းနုနယ်ရွက်တွင် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေထဲက ၂မျိုးဖြစ်တဲ့ Lutein နဲ့ Zeaxanthin တို့ များပြားစွာပါဝင်နေပြီး ၎င်းတို့က သင့်ရဲ့မျက်စိကို အန္တရာယ်ဖြစ်စေသော UV ရောင်ခြည်နှင့် အခြားအလင်းလှိုင်းများမှ ကာကွယ်ရာတွင် ကူညီပေးနိုင်ပါတယ်။ အဆိုပါ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများက Free radical များကြောင့် ရေရှည် မျက်စိထိခိုက်ပျက်စီးခြင်းကို ကာကွယ်ရာတွင်လည်း အထောက်ကူပြုပါတယ်။ 


        ဟင်းနုနယ်ရွက်တွင် အန္တရာယ်ဖြစ်စေသောfree radicalsများကိုလျှော့ချတဲ့လုပ်ငန်းကို လုပ်ဆောင်ပေးနိုင်တဲ့ အဆီမှာပျော်ဝင်နိုင်သော ဗီတာမင် E လည်း ပါဝင်ပါတယ်။ ထို့အပြင် ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. ဒါတွေလည်းကြိုက်🥕
    မုန်လာဥနီက လိမ္မော်ရောင် မဟုတ်ဘူးလားဟင် ကိုယ်ပဲအရောင်တွေမကွဲလို့မှားမြင်နေတာလား😂
    ခရမ်း/နီညိုရှိတယ်ဆိုတာပဲမသိတာလား😁

    ReplyDelete
    Replies
    1. တို့လဲ မသိဘူးရော ခရမ်းနီညိုရှိတယ်လို့
      မုန်လာဥနီ မုန်လာဉဖြူ ၂ မျိုးပဲ သိတာ

      Delete
    2. မြင်ဘူးသွားပြီ
      မုန်လာဥခရမ်း☺️
      အတွင်းထဲကတော့ အဖြူရောင်ပဲ

      Delete
  3. အရမ်းကြိုက်😁🤭

    ReplyDelete
  4. သူ့တော့ကြိုက်တယ်

    ReplyDelete
  5. ဟင်းနုနယ်လဲကြိုက်
    မုန်လာဥနီလဲကြိုက် 😁

    ReplyDelete
    Replies
    1. မကြိုက်တာဘာရှိ

      Delete
    2. ရှိတယ် အများကြီးပဲ

      Delete
  6. Replies
    1. ဥနီ
      ဟင်းနုနယ်

      Delete
    2. ဟင်းနုနယ်
      နူးညံတယ် ဒါပေမဲ့ အနံတစ်မျိူးရှိ

      Delete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!