☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕ (၈)

 🍶နောက်ထပ်အရေးကြီးတဲ့အချက်က ကော်ဖီထဲအချိုတွေအများကြီးထည့်ပြီးသောက်မယ်ဆိုရင်တော့ ကော်ဖီရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် Creamတွေ၊ သကြားတွေနဲ့ အချိုတွေထည့်မယ့်အစား အောက်ဖော်ပြပါ အစားထိုးပစ္စည်းလေးတွေ စမ်းထည့်ပြီး ကော်ဖီကိုကျန်းမာရေးအတွက် ပိုကောင်အောင်လုပ်ကြည့်လို့ရပါတယ်။👇👇

🍫ကိုကိုးမှုန့် (Cocoa)- cocoaမှုန့်အနည်းငယ်ကို ကော်ဖီထဲထည့်ခြင်းအားဖြင့် ကော်ဖီရော၊ချောကလက်ရောရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ခံစားရမှာပါ။

🍯သဘာဝကရတဲ့အချိုတွေဖြစ်တဲ့ ပျားရည်၊ မေပယ်လ်သကာရည်နဲ့ စတီဗီယား (Stevia rebaudiana)ပင်မှရသော သကြားအစားထိုးမှုန့်

🏺သစ်ကြပိုးခေါက်မှုန့် -ကော်ဖီထဲကို သစ်ကြပိုးခေါက်မှုန့်အနည်းငယ် ထည့်လို့လည်းရပါတယ်။ဒါကအရသာပိုရှိစေရုံမက ကျန်းမာရေးအတွက်လည်း ပိုကောင်းပါတယ်။ 

🥛နွားနို့-သင့်ရဲ့ကော်ဖီထဲကို creamတွေထည့်ရတာကြိုက်ရင် နွားနို့နဲ့အစားထိုးကြည့်ပါ။ဒီနေရာမှာ အဆီပြည့်နွားနို့ကိုသုံးခြင်းက အရိုးကျန်းမာရေးအတွက်ရော၊ အရသာအတွက်ရော ပိုကောင်းပါတယ်။


အခုပြောသွားတာတွေကတော့ ကော်ဖီသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေနဲ့ ကျန်းမာရေးအတွက် ကော်ဖီကိုဘယ်လိုသောက်ရမယ်ဆိုတဲ့ နည်းလမ်းအချို့ဖြစ်ပါတယ်။ ဒီblog postကနေပြီးတော့ ကော်ဖီသောက်ခြင်းရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေသိရမယ်လို့ မျှော်လင့်ပါတယ်။ 

ဒါပေမယ့် လူသားတိုင်းကဖွဲ့စည်းပုံမတူသလို ကဖင်း(caffine)ဓါတ်ကိုခံနိုင်ပုံခြင်းလည်း မတူကြပါဘူး။တချို့က ၃ခွက်/၄ခွက်သောက်လို့ အဆင်ပြေပေမယ့် တချို့ကလည်း ၁ခွက်လောက်ပဲသောက်နိုင်ပါတယ်။ဒါကြောင့် ကိုယ့်ရဲ့လိုအပ်ချက်ရယ်၊ ခံနိုင်ရည်ရယ်အပေါ်မူတည်ပြီး ကော်ဖီကိုချင့်ချိန်သောက်သုံးသင့်ကြောင်း တင်ပြလိုက်ရပါတယ်။ ကျန်းမာကြပါစေခမျာ ☕

Comments

  1. ယေ့မင်မင်အသစ်တင်တယ် ထက်တော့ရှယ်ချောပြီ ဖက်စ့မန့်

    ReplyDelete
  2. 너무 감사합니다.필립 의사 선생님.(⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠

    ReplyDelete
    Replies
    1. ဘာရေးခဲ့တာလဲမမှတ်မိ🤔🤭

      Delete
    2. ကိုလင်းဆက်အရမ်းချောတယ်တဲ့🤭

      Delete
    3. အရမ်းကျေးဇူးတင်ပါတယ် တဲ့
      ကြား၂လုံးမသိ နောက်က
      ဆရာဝန် ဆိုလား 😀

      Delete
    4. ကျေးဇူးအများကြီးတင်ပါတယ် Philip ဒေါက်တာဆရာတဲ့

      Delete
    5. နှစ်ယောက်လုံးမှန်ပါတယ်😛👍

      Delete
    6. ʕ⁠っ⁠•⁠ᴥ⁠•⁠ʔ⁠っ🤍

      Delete
  3. ကျေးဇူးပါဗျ🤭

    ReplyDelete
  4. ဟုတ်ကဲ့ပါ

    ကိုယ်ကတော့ တစ်ခွက်လည်းမရ တစ်ဝက်လည်းမရပါ
    Caffeine နဲ့ဓာတ်မတည့်ပုံပဲ သောက်ပြီးရင် ခေါင်းမူးရင်မူး မမူးရင်
    ဟိုက်နေတတ်တာပါ😁
    ဝေါ်ကိတောင်မလို🙃

    ReplyDelete
  5. သကြားအနည်းငယ်ပဲထည့်ထားတဲ့ Black Coffee ပဲသောက်ပါတယ်
    ပျားရည်ထည့်သောက်ကြည့်ဦးမယ်။

    ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများကို သိခွင့်ရလို့
    ကျေးဇူးပါ ‌ဒေါက်တာမမ or ဒေါက်တာကိုကို😁

    ReplyDelete
  6. နောက်ခါဆို ပျားရည်ထည့်သောက်ကြည့်ရမယ်🍯

    ReplyDelete
  7. Thank for sharing Doctor

    Till the end
    Fighting together 💪

    ReplyDelete
  8. Replies
    1. ၃ ခွက်သောက်ပြီး😍

      Delete
    2. ကော်ဖီ ဆိုရင် ခါးခါးသောက်မိတယ်။

      Delete
  9. ကျန်းမာချမ်းသာကြပါစေခင်ဗျ

    ReplyDelete
  10. Replies
    1. နွားနို့နဲ့ကအဆင်ပြေဆုံးနော့လေ ကော်ဖီမှုံ့ကြီးကျမကြိုက်အနံတော့ကြိုက်

      Delete
  11. ကော်ဖီထဲ ကိုကိုးမှုန့် သစ်ကြပိုးခေါက် မှုန့် ထည့်သောက်လို့ရတာ အခုမှ သိတယ်ကိုး.

    ReplyDelete
    Replies
    1. စမ်းသောက်ကြည့်အစ်မ။
      သောက်ပြီး အရသာပြန်ပြောအုံး😁

      Delete
    2. အွန်း ကောင်းမယ်တော့မထဲင် 😅

      Delete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. မနက်ပိုင်းတခွက်တော့ကျင့်သောက်နေပါပြီး😁

      Delete
    2. ကြိုက်လာပြီး😁

      Delete
    3. အေးအေး၊ဆက်သောက်နော်😁

      Delete
  13. Done
    Click,click,click..........

    ReplyDelete
  14. ကိုကိုးမှုန့်နဲ့ သောက်ဖူးချင်တယ်

    ReplyDelete
  15. Wheel............dope.🏹🏹🏹

    ReplyDelete
  16. ကျေးဇူးတင်ပါတယ်မင်မင်။

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!