ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၂)
၁) စွမ်းအင်မြှင့်တင်မှု 🌊
သင့်ခန္ဓာကိုယ်ရဲ့ ၆၀ရာခိုင်နှုန်းနဲ့ သင့်ဦးဏှောက်ရဲ့ ၇၃ရာခိုင်နှုန်းက ရေတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားတာပါ။ သင်နေလို့မကေါင်းဘူးဆိုရင် သင့်ရဲ့စိတ်ခံစားမှုကေါင်းမွန်လာဖို့ ရေအေးတစ်ခွက်ကို သောက်လိုက်ပါ။ သင်ဟာ အာရုံစိုက်နိုင်လာပြီး ထက်မြတ်လာ၊ နေလို့ကေါင်းသွားပါလိမ့်မယ်။
ဒါကြောင့်မို့ နောက်တခါ သင့်စိတ်ခံစားမှုမကေါင်းတဲ့အချိန်၊ နေလို့မကေါင်းဘူးလို့ ခံစားရချိန်တွေမှာ ကော်ဖီနဲ့ energy drinkတွေအစား လတ်ဆတ်တဲ့ရေအေးတစ်ခွက်ကို သောက်သုံးလိုက်ပါ။ 🚰
ရေသောက်ခြင်းက သင့်ရဲ့စိတ်ခံစားမှုကို တိုးတက်စေရုံသာမက၊ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေကိုလည်း အကေါင်းဆုံးဖြစ်နေဖို့ ကူညီပေးပါတယ်။ သင့်ခန္ဓာကိုယ်မှ ရေပမာဏ ၂% ဆုံးရှုံးခြင်းက သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းကို လျော့နည်းစေနိုင်ပါတယ်။ 😒
ဒါကြောင့် သင်လေ့ကျင့်ခန်းလုပ်ရင် (သို့မဟုတ်) ချွေးထွက်များနေရင် သင့်ခန္ဓာကိုယ်ရဲ့ရေပမာဏကို ပြန်ဖြည့်ဖို့ ရေလုံလုံလောက်လောက် သောက်ရန်သတိရပါ။ 🥤
စိတ်ရှုပ်လာရင် ရေထသောက်တတ်တဲ့အကျင့်ရှိတယ်
ReplyDeleteကျန်တဲ့အချိန်ကမေ့နေတာများတယ်😁
စိတ်ကအမြဲရှုပ်နေတာများလား😂
DeleteThanks for sharing
ReplyDelete