ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၃)

 ၂) ကိုယ်အလေးချိန်လျော့ကြခြင်း


ရေမှာ ကယ်လိုရီဘယ်လောက်ပါသလဲ? သင့်အဖြေက "zero"ဆိုရင်.. သင်မှန်ပါတယ်။ ရေမှာ zero ကယ်လိုရီသာရှိပြီး သင့်ကိုဗိုက်ပြည့်စေပါတယ်။ 

ထို့အပြင် အစာမစားမီ ရေအလုံအလောက်သောက်ရင် သင့်အစာအိမ်တဝက်ဟာ ရေနဲပြည့်နေမှာဖြစ်ပြီး အစားနည်းသွားတာကို တွေ့ရမှာပါ။ 

ရေသောက်သုံးခြင်းဖြင့် သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို အားကေါင်းစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ ရေ လီတာဝက် (0.5L)က သင့်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို ၂နာရီကြာထိ ၂၅%ခန့်ထိ အားကေါင်းစေပါတယ်။ 🧊

ဒါ့အပြင် ရေသောက်ခြင်းက အဆီတွေကိုလျော့ချဖို့ အကူအညီဖြစ်စေပါတယ်။ ဒါကြောင့် ရေသောက်သုံးခြင်းကြောင့် သင်လျှော့ချနိုင်တဲ့အရာတစ်ခုရှိမယ်ဆိုရင်တော့ အါ့ဒါ "ကိုယ်အလေးချိန်"ပဲဖြစ်ပါတယ်။ ဟုတ်ကဲ့၊ အခြားဆုံးရှုံးစေနိုင်တာတွေ ရှိပါသေးတယ်။ အါ့ဒါဘာလဲ? ဒါပေါ့.. သင့်ရဲ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေပဲ ဖြစ်ပါတယ်။ 🚿


၃) လေ့ကျင့်ခန်းလုပ်ဆောင်မှု တိုးတက်စေခြင်း 🏋️


သင်လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ချွေးအလွန်ထွက်ပြီး သင့်ရဲ့လုပ်ဆောင်မှုဟာ သိသိသာသာလျော့နည်းသွားစေပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ရေဓါတ်အလုံအလောက်ရရှိတဲ့ခန္ဓာကိုယ်က ပိုမိုထိရောက်စွာ လေ့ကျင့်ခန်းလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နောက်တခါ သင် Gymကိုသွားတဲ့အခါ ရေဘူးယူသွားဖို့ သတိရပါ။ 🥤

Comments

  1. ရေမှာ ကယ်လိုရီ zero 🥰

    ReplyDelete
  2. ရေသောက်ဖို့ မေ့တုန်းပဲ😁

    ReplyDelete
  3. ဟုတ် ရေသောက်ပြီး ဝိတ်မကျသော မိမိ😖😖😖

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete
  5. ဘယ်နေရာသွားသွား ရေဘူးအမြဲမေ့သောကျနော်😅

    ReplyDelete
  6. ဟုတ်ကဲ့ပါမင်မင်။
    ရေများများသောက်ပါ့မယ်ရှင့်။

    ReplyDelete
  7. ရေလည်း သောက်ပါ၏။
    ရေနွေးကြမ်းလည်း
    သောက်ပါ၏။

    ReplyDelete
  8. Thanks
    <⁠(⁠🌸 ̄💖⁠ ̄⁠🌸)⁠>

    ReplyDelete
  9. Thanks
    (⁠✿⁠ʘ⁠ᴗ⁠ʘ⁠✿⁠)

    ReplyDelete
  10. ​​ရေ​သောက်များရင်​ရော ​ကျောက်ကပ် ထိခိုက်တတ်ပါလား မင်မင်​ရေ။

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!