ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးစေမယ့် အစားအသောက်များ (၁)

                     အင်တာနက်မှာ လိုက်ရှာကြည့်ရင် "ကိုယ်အလေးချိန်တိုးအေါင်ဘယ်လိုလုပ်ရမယ်"ဆိုတာထက် "ကိုယ်အလေးချိန်ကျအေါင် ဘယ်လိုလုပ်ရမယ်"ဆိုတဲ့ သတင်းအချက်လက်တွေကို သင်ပိုတွေ့ရပါလိမ့်မယ်။ တချို့လူတွေအတွက် ဝိတ်တက်ခြင်း သို့မဟုတ် ကြွက်သားတည်ဆောက်ခြင်းက အခြားသူတွေအတွက် ဝိတ်ချခြင်းလိုပဲ စိန်ခေါ်မှုတွေရှိနေတတ်ပါတယ်။ 

                    ဝိတ်တက်စေဖို့အလွယ်ဆုံးနည်းကတော့ ကယ်လိုရီနဲ့အသားဓါတ်မြင့်တဲ့အစားစာတွေကို စားသုံးပေးဖို့ပဲဖြစ်ပါတယ်။ 

                    ဒါပေမယ့် ကယ်လိုရီမြင့်တဲ့ junk foodတွေစားသုံးပြီး ဝိတ်တိုးအေါင်လုပ်တာက အဖြေတော့မဟုတ်ပါဘူး။ အါ့လိုဆို ကေါင်းကျိုးထက် ဆိုးကျိုးကိုပဲ ပိုရစေမှာပါ။ 


                    တခါတလေတော့ ဝိတ်တက်ဖို့ခက်နေတာမျိုး (သို့မဟုတ်) ရုတ်တရက်ဝိတ်ကျသွားတာမျိုးတွေဟာ အရေးကြီးတဲ့ ဆေးကုသမှုအခြေအနေနဲ့ ဂရုစိုက်ကုသဖို့လိုအပ်ကြောင်းကို ဖော်ပြနေတတ်ပါတယ်။ တကယ်လို့ သင်ဟာ ရုတ်တရက်ဝိတ်ကျသွားတာမျိုး ကြုံတွေ့ရတဲ့အခါ (သို့မဟုတ်) သင်ရဲ့BMI (Body Mass Index)က ၁၈.၅အေါက် လျော့နည်းနေရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သင့်ရဲ့ BMIကို အေါက်ဖော်ပြပါဖော်မြူလာကိုသုံးပြီး တွက်ကြည့်နိုင်ပါတယ်။ 👇

👉Imperial Formula 

BMI = 703 x Weight (lb) / Height x Height (inches square)

👉Metric Formula 

BMI = Weight (kg)/ Height x Height (meter square)

Comments

  1. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!