ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးစေမယ့် အစားအသောက်များ (၄)

၆) ချိစ် 🧀🧈🧀🍞

            ချိစ်ဟာ ကယ်လ်ဆီယမ်၊အသားဓါတ်နဲ့ ကယ်လိုရီတို့ရဲ့ အထူးကေါင်းမွန်တဲ့အရင်းမြစ်တစ်ခုပါ။ အဆီနဲ့အသားဓါတ်ပေါင်းစပ်ပါဝင်တဲ့အတွက် ချိစ်ဟာ ဝိတ်တက်ဖို့အတွက်အကေါင်းဆုံးအစားစာထဲကတစ်ခုဖြစ်ပါတယ်။ တခါတရံ ပြည့်ဝဆီနဲ့ ကိုလက်စထရောပါဝင်မှု မြင့်ပါတယ်။ ကယ်လိုရီမြင့်တဲ့အစားစာတွေလိုပဲ ချိစ်အမျိုးအစားမျိုးစုံကို အသင့်အတင့်စားသုံးပေးသင့်ပါတယ်။ Feta, Goat Cheese, Mozzarella နဲ့ Cream Cheese စသည်တို့ကို အသုံးပြုနိုင်ပါတယ်။

            ဒါ့အပြင် ချိစ်က မုန့်ပဲသွားရေစာတွေမှာ အနံ့အရသာကိုဖြည့်စွက်ပေးနိုင်တဲ့အတွက် သွားရည်ကျလေါက်တဲ့အရသာရစေဖို့ ချိစ်ကိုအစားစာအမျိုးမျိုးနဲ့တွဲထက်စားသုံးကြပါတယ်။


၇) Protein Shake 🥤🧃

            Protein Shake ကတော့ သင့်ရဲ့အသားဓါတ်စားသုံးမှုကို တိုးတက်စေဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သားသတ်လွတ်စားသူတွေအတွက် အထောက်အကူပြုပြီး အစာစားချင်စိတ်သိပ်မရှိဘဲ ကိုယ်အလေးချိန်တိုးချင်တဲ့သူတွေအတွက်လည်း အကျိုးရှိပါတယ်။ Protein Shakeကို နေရာစုံသုံးလို့ရပါတယ်။ သင့်ရဲ့ ကယ်လိုရီနဲ့အာဟာရ goalနဲ့ သင့်အကြိုက်ကိုလိုက်ပြီး Protein Shake နဲ့ Smoothies ပုံစံအမျိုးမျိုးကို ဖန်တီးနိုင်ပါတယ်။ Protein Shakeကို ရေ၊ အဆီလျော့နို့၊ creamအပြည့်ပါတဲ့နို့ နဲ့ ဖျော်နိုင်ပါတယ်။ ကယ်လိုရီပါဝင်မှု မြင့်ဖို့ ဒိန်ချဉ်နဲ့ မြေပဲထောပတ်ကို ထပ်ထည့်နိုင်ပါတယ်။ တကယ်လို့ သင်ဟာအရသာထပ်ဖြည့်ချင်ရင် berries၊ ငှက်ပျောသီးတို့ကို သင့်ရဲ့ Protein Shakeထဲ ထပ်ထည့်နိုင်ပါတယ်။ 


၈) ဆန် 🍚

            ဆန်က လွယ်ကူပြီး လက်လှမ်းမီတဲ့ ဝိတ်တိုးစေတဲ့အစားစာအတွက် ကာဗိုဟိုက်ဒြိတ်တစ်မျိုးဖြစ်ပါတယ်။ ထို့အပြင် ဆန်မှာ ကယ်လိုရီပါဝင်မှုများလို့ တမျိုးတည်းနဲ့ ကယ်လိုရီနဲ့ကာဗိုဟိုက်ဒြိတ်များစွာက်ု အလွယ်တကူရရှိစေမှာဖြစ်ပါတယ်။ အစာစားချင်စိတ်နည်းနေရင်တောင် သင့်ကိုအစားတွေပိုစားစေပါတယ်။အခြားအစေ့အဆံတွေထက် ဆန်အဖြူမှာ အသားဓါတ်ပါဝင်မှုပိုနည်းပေမယ့် အသားဓါတ်မဲ့ကယ်လိုရီပါဝင်မှု ပိုတိုးစေဖို့ ဆန်ကို အသား၊ပဲ ကဲ့သို့သော အခြားအစားစာတွေနဲ့တွဲစားနိုင်ပါတယ်။ 

Comments

  1. ဝိတ်မတိုးချင်ရင် ရှောင်ရမယ် လား

    ReplyDelete
  2. I don't wanna gain weight, but I like rice.

    ReplyDelete
  3. အကုန်ကြိုက် ဝိတ်တက်တော့မယ်😄

    ReplyDelete
    Replies
    1. တခါလေးတော့တက်ချင်မိတယ်

      Delete
    2. တူတူတက်အောင်ကြိုးစားကြစို့
      😁😍

      Delete
  4. ချိစ် ကြိုက် 🤭

    ReplyDelete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
  6. ပေါင်မုန့်လေးနဲ့စား။

    ReplyDelete
  7. ချိစ်ကိတ် စားချင်တယ်😋

    ReplyDelete
  8. ကြိုက်သလို မကြိုက်ဘူးလိုလို😔

    ReplyDelete
  9. ချိစ် ကြိုက် ကြိုက်

    ReplyDelete
  10. Thanks
    (⁠☆⁠▽⁠☆⁠)
    🍃🍃🍃

    ReplyDelete
  11. (⁠๑⁠˙⁠❥⁠˙⁠๑⁠)
    🍀🍀🍀

    ReplyDelete
  12. ကြိုက်တယ်။🧀🧀🧀

    ReplyDelete
  13. စားပါပြီဆင့် Itatakimasu.

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!