ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများ (၃)

 ၄.  တင်းကြပ်စွာ စီးခြင်းနှင့် ပုံသွင်း များခြင်း

ဆံပင် စတိုင်လ်အမျိုးမျိုး လုပ်ရတာကို ကျွန်တော်တို့အားလုံး သဘောကျကြပါတယ်။ ဒါပေမယ့် အချို့စတိုင်လ်တွေကတော့ သင့်ရဲ့ဆံပင်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဆံပင်ကို အနောက်မှာ စုပြီး တင်းကြပ်စွာစီးခြင်း၊ ကျစ်ဆံမြီးတင်းတင်းကျစ်ခြင်းနှင့် ဆံပင်တောင့်တင်းစေသော ဆံပင်ပုံစံများကြောင့် ဆံပင်ကွက်တိကွက်ကြား ကျွတ်ခြင်းကို ဖြစ်စေပေါ်စေပါသည်။ ဆံပင်စီးနှောင်ခြင်းသည် ဆနွယ်များကို အားနည်းစေပြီး ဆံသားကျိုးခြင်း၊ ကျွတ်ခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ခေတ်မှီ ဆံပင်အသွင်အပြင်နှင့် သက်သောင့်သက်သာ ဆံပင်ပုံစံ ရွေးချယ်မှုကြားတွင် ညီမျှနေဖို့ အရေးကြီးပါတယ်။


... ... ...

...

Beauty sleepအကြောင်းကို ကျွန်တော်တို့အားလုံး ကြားဖူးကြပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ဆံပင်ကျန်းမာရေးနဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အိပ်စက်နေချိန်မှာ ကျွန်တော်တို့ရဲ့ ဆံပင်ဖွံ့ဖြိုးမှုဖြစ်စဉ် အပါအဝင် အရေးကြီးတဲ့ ပြန်လည်ပြုပြင်ခြင်း ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစဉ်များကို ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ပြုလုပ်နေပါတယ်။ အိပ်စက်မှု မမှန်ကန်ခြင်းက ဒီဇီဝကမ္မ ဖြစ်စဉ်များကို ပြောင်းလဲစေနိုင်ပြီး ဆံပင်ကျွတ်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။


၆.  ဘဝနေထိုင်မှုနှင့် စိတ်ဖိအား

စိတ်ဖိအားသည် ကျန်းမာသော ဆံပင်ရဲ့ အသံတိတ်ရန်သူ ဖြစ်ပါသည်။ နှစ်ရှည်လများ စိတ်ဖိစီးခြင်းသည် ဆံသားမွှေးညှင်းပေါက်များကို မြုံစေပြီး ဆံပင်အသစ်ပေါက်ခြင်းထက် ဆံပင်ကျွတ်ခြင်းကို ပိုများစေပါသည်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းကဲ့သို့သော ဆိုးရွားသော ဘဝနေထိုင်မှု ရွေးချယ်ခြင်းများသည် ဦးရေပြားသို့ သွေးထောက်ပံ့မှုကို တားဆီးစေပြီး ဆံပင် ဖွံ့ဖြိုးမှုကို အားနည်းစေပါသည်။ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းက သွေးလည်ပတ်မှုကို သက်ရောက်မှုရှိပြီး ဆံပင်မွှေးညှင်းများကို ပါးလျားစေပါသည်။ 

Comments

  1. ဆံပင်ကထူပြီးပွတော့ အမြဲစည်းထားရတာ😪

    ReplyDelete
  2. အိပ်ချိန်မမှန်တာကြာပြီ

    ReplyDelete
  3. အယ်
    စည်းရပူးလား
    Thanks Sir

    ReplyDelete
    Replies
    1. စည်းရပူးတဲ့
      ဘလိုနေမလဲ ပူတယ်လေနော့😁

      Delete
    2. ဟုတ်တယ် စည်းမိနေတာပဲနော့်

      Delete
  4. 💦💦♥⁠╣⁠[⁠-⁠_⁠-⁠]⁠╠⁠♥💦💦

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!