Posts

ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများ (၅)

 ၉.  ရောဂါအခြေအနေနှင့် ဆေးသောက်ခြင်းများ အချို့ရောဂါ အခြေအနေနှင့် ဆေးဝါးများသည် သင့်ဆံပင်ကို အန္တရာယ်ဖြစ်စေပါသည်။ ဥပမာအားဖြင့် ဆဲလ် လျင်မြန်စွာ ကွဲခြင်းကို ပစ်မှတ်ထားသော ဓါတ်ကင်ခြင်းသည် ကံမကောင်းစွာဖြင့် ဆံပင်မွှေးညှင်းများကိုလည်း ပစ်မှတ်ထားသောကြောင့် ယာယီဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါသည်။ Alopecia Areataဟု ခေါ်သော အလိုအလျောက် ကိုယ်ခံအားတုန့်ပြန်မှုသည် ဆံပင်မွှေးညှင်းပေါက်များကို တိုက်ခိုက်ပြီး ဆံပင်ကျွတ်စေပါသည်။ သင်သည် ဆေးကုသမှု ခံယူနေပါက ဆံပင်ကျွတ်ခြင်း ဖြစ်နိုင်ချေ ရှိ မရှိကို သင်၏ ကျန်းမာရေး ဆရာဝန်နှင့် တိုင်ပင်ရန် အလွန်အရေးကြီးပါသည်။   ... ... ... ...

ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများ (၄)

 ၇.  ဟိုမုန်းမညီမျှခြင်း ဟိုမုန်းများသည် ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ သတင်းပို့ဆောင်သူများ ဖြစ်ပြီး ဆံပင် ကျန်းမာရေးအပေါ် သိသာသော အကျိုးသက်ရောက်မှု ရှိပါသည်။ ဟိုမုန်းညီမျှခြင်းကို ပြောင်းလဲစေသော သိုင်းရွိုက်ဒ်ရောဂါနှင့် PCOS ကဲ့သို့သော ရောဂါများကြောင့် ဆံပင်ကျွတ်စေနိုင်ပါသည်။ ဥပမာအားဖြင့် PCOSရောဂါသည် Androgenဟိုမုန်း မြင့်တက်စေပြီး ဆံပင်ပါးစေပါသည်။ ထို့အတူ သိုင်းရွိုက်ဒ်ဟိုမုန်း ပုံမှန်မဟုတ်ခြင်းက ဆံပင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကို ထိခိုက်စေပါသည်။  သင့်မှာ ဟိုမုန်းပြဿနာ ရှိနေတယ်လို့ သံသယရှိပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် အလွန်အရေးကြီးပါသည်။  ... ... ... ... တခါတရံ သင့်ရဲ့ ဆံပင်ပြဿနာများဟာ သင့်မိဘကြောင့်လို့ အပြစ်တင်နိုင်ပါတယ်။ Androgenetic Alopeciaဟု ခေါ်သော ဖို,မ မရွေး ထိပ်ပြောင်ခြင်းဟာ မျိုးရိုးဗီဇနှင့် သက်ဆိုင်ပါသည်။ သင့်အဖိုးအဖွား အဖေအမေတို့က ဆံပင်ကျွတ်ခဲ့တယ်ဆိုရင် သင်လည်း ဆံပင်ကျွတ်နိုင်ချေ များပါတယ်။ အဲ့ဒီလို ဆံပင်ကျွတ်တဲ့ ပုံစံက အချိန်ကြာလာတာနဲ့ အမျှ ဖြေးဖြေးချင်း ဖြစ်လာမှာပါ။ 

ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများ (၃)

 ၄.  တင်းကြပ်စွာ စီးခြင်းနှင့် ပုံသွင်း များခြင်း ဆံပင် စတိုင်လ်အမျိုးမျိုး လုပ်ရတာကို ကျွန်တော်တို့အားလုံး သဘောကျကြပါတယ်။ ဒါပေမယ့် အချို့စတိုင်လ်တွေကတော့ သင့်ရဲ့ဆံပင်ကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဆံပင်ကို အနောက်မှာ စုပြီး တင်းကြပ်စွာစီးခြင်း၊ ကျစ်ဆံမြီးတင်းတင်းကျစ်ခြင်းနှင့် ဆံပင်တောင့်တင်းစေသော ဆံပင်ပုံစံများကြောင့် ဆံပင်ကွက်တိကွက်ကြား ကျွတ်ခြင်းကို ဖြစ်စေပေါ်စေပါသည်။ ဆံပင်စီးနှောင်ခြင်းသည် ဆနွယ်များကို အားနည်းစေပြီး ဆံသားကျိုးခြင်း၊ ကျွတ်ခြင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ခေတ်မှီ ဆံပင်အသွင်အပြင်နှင့် သက်သောင့်သက်သာ ဆံပင်ပုံစံ ရွေးချယ်မှုကြားတွင် ညီမျှနေဖို့ အရေးကြီးပါတယ်။ ... ... ... ... Beauty sleepအကြောင်းကို ကျွန်တော်တို့အားလုံး ကြားဖူးကြပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ ဆံပင်ကျန်းမာရေးနဲ့လည်း သက်ဆိုင်ပါတယ်။ ကျွန်တော်တို့ အိပ်စက်နေချိန်မှာ ကျွန်တော်တို့ရဲ့ ဆံပင်ဖွံ့ဖြိုးမှုဖြစ်စဉ် အပါအဝင် အရေးကြီးတဲ့ ပြန်လည်ပြုပြင်ခြင်း ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းစဉ်များကို ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က ပြုလုပ်နေပါတယ်။ အိပ်စက်မှု မမှန်ကန်ခြင်း...

ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများ (၂)

 ၂.  ဆံပင်အသုံးပြု ထုတ်ကုန် အမှားများ သင့်တင့်မှန်ကန်သော ဆံပင်သုံးထုတ်ကုန် ပစ္စည်းများ သုံးစွဲခြင်းသည် သင့်ဆံပင်အား Spa Dayအဖြစ် ဇိမ်ခံစေခြင်းဖြစ်သည်။ ဒါပေမယ့် ဆံပင်သုံး ထုတ်ကုန် အမှားများ အသုံးပြုခြင်းသည် သင့်ဆံသားကို ဆိုးရွားစွာ ထိခိုက်စေသည်။ ဆံပင်သုံး ထုတ်ကုန်များသည် စေးထန်းသော၊ ခြောက်သွေ့သော၊ ကောက်သော၊ ဖြောင့်သော ဆံပင်အမျိုးအစားအလိုက် ထုတ်လုပ်ထားပါသည်။ သင့်ဆံပင်အမျိုးအစားနှင့် မသင့်လျှော်သော ထုတ်ကုန်များကို အသုံးပြုခြင်းသည် ခြောက်သွေ့ခြင်း၊ ဖွာလံကြဲခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ ဖြစ်ပေါ်စေပါသည်။  ... ... ... ... သင့်ဆံပင်နှင့် စမ်းသပ်မှုပြုခြင်းက ပျော်စရာဖြစ်နိုင်ပေမယ့် ဓာတုဆေးသုံးပြုပြင်ခြင်းများ အလွန်အကျူးပြုလုပ်ခြင်းက ဆံသားကျန်းမာရေးကို အန္တရာယ်ရှိစေပါသည်။ ဆံပင်ဆိုးဆေးများ၊ ကောက်ဆေးများနှင့် ဖြောင့်ဆေးများကို ပုံမှန်သုံးစွဲခြင်းသည် ဆံသားကို အားနည်းစေသည်။ ဆံပင် ကျိုးကြေခြင်း၊ ပျက်ခြင်း၊ အဖျားနှစ်ခွ ကွဲခြင်းနှင့် ဆံပင်ကျွတ်ခြင်းတို့ကိုလည်း ဖြစ်စေသည်။ အသင့်အတင့်သုံးစွဲရန် အရေးကြီးသကဲ့သို့ ဆံပင်ကို ဂရုစိုက်ရန်လည်း အရေးကြီးပါသည်။...

ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများ (၁)

 ဆံပင်ကျွတ်ခြင်းကြောင့် စိတ်ပျက်နေပါသလား? ရေချိုးခန်းထဲမှာ၊ သင့်ခေါင်းအုံးပေါ်မှာ၊ သင့်ခေါင်းဘီးမှာ ဆံပင်ကျွတ်တွေ ပိုပိုတွေ့နေရပါသလား? ကျွတ်နေတဲ့ ဆံပင်တွေကို မြင်ရတာ စိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင် စိတ်မပူပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီနေ့မှာ ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများကို ကျွန်တော် ရှင်းပြပေးသွားမှာပါ။ ဒါတွေကို သင်ပြုလုပ်မိနေတယ်ဆိုရင် နောင်မလုပ်မိအောင် ရှောင်ရှားနိုင်ပါတယ်။ Covid-19 Pandemic ကြောင့် လူအတော်များများဟာ Virusကူးစက်ခံရပြီးနောက်ပိုင်းမှာ ဆံပင်ပိုကျွတ်လာကြပါတယ်။ ဒီအကြောင်းကိုလည်း အဆုံးပိုင်းမှာ အနည်းငယ်ရှင်းပြပေးသွားပါမယ်။  ကဲ….စလိုက်ကြရအောင်!!!! ... ... ... ... ပထမဆုံးအနေနဲ့ အခြေခံဖြစ်တဲ့ သင့်ရဲ့ ပုံမှန်ဆံပင်ကျန်းမာရေးဂရုစိုက်မှုကနေ စရအောင်။ အပူပေးပြီး ဆံပင်ပုံသွင်းခြင်း၊ Sulfate ပါသော ဖြန်းဆေး, ဆိုးဆေး, ခေါင်းလျှော်ရည်, ပေါင်းဆေးနှင့် တစ်ခြားဆက်စပ်ပစ္စည်းများ အသုံးပြုခြင်းနှင့် ဆံပင်ကို ပုံမှန် အားဖြည့်ရန် ပျက်ကွက်ခြင်းတို့ကြောင့် အလွန်အမင်း ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါသည်။ ဓာတုပစ္စည်းပါဝင်သော ခေါင်းလျှော်ရည...

ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများ

Image
 

ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးစေမယ့် အစားအသောက်များ

Image