ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများ (၁)

 ဆံပင်ကျွတ်ခြင်းကြောင့် စိတ်ပျက်နေပါသလား? ရေချိုးခန်းထဲမှာ၊ သင့်ခေါင်းအုံးပေါ်မှာ၊ သင့်ခေါင်းဘီးမှာ ဆံပင်ကျွတ်တွေ ပိုပိုတွေ့နေရပါသလား? ကျွတ်နေတဲ့ ဆံပင်တွေကို မြင်ရတာ စိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင် စိတ်မပူပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီနေ့မှာ ဆံပင်ပိုကျွတ်စေတဲ့ အကြောင်းအရင်းများကို ကျွန်တော် ရှင်းပြပေးသွားမှာပါ။ ဒါတွေကို သင်ပြုလုပ်မိနေတယ်ဆိုရင် နောင်မလုပ်မိအောင် ရှောင်ရှားနိုင်ပါတယ်။ Covid-19 Pandemic ကြောင့် လူအတော်များများဟာ Virusကူးစက်ခံရပြီးနောက်ပိုင်းမှာ ဆံပင်ပိုကျွတ်လာကြပါတယ်။ ဒီအကြောင်းကိုလည်း အဆုံးပိုင်းမှာ အနည်းငယ်ရှင်းပြပေးသွားပါမယ်။ 


ကဲ….စလိုက်ကြရအောင်!!!!


... ... ...

...

ပထမဆုံးအနေနဲ့ အခြေခံဖြစ်တဲ့ သင့်ရဲ့ ပုံမှန်ဆံပင်ကျန်းမာရေးဂရုစိုက်မှုကနေ စရအောင်။ အပူပေးပြီး ဆံပင်ပုံသွင်းခြင်း၊ Sulfate ပါသော ဖြန်းဆေး, ဆိုးဆေး, ခေါင်းလျှော်ရည်, ပေါင်းဆေးနှင့် တစ်ခြားဆက်စပ်ပစ္စည်းများ အသုံးပြုခြင်းနှင့် ဆံပင်ကို ပုံမှန် အားဖြည့်ရန် ပျက်ကွက်ခြင်းတို့ကြောင့် အလွန်အမင်း ဆံပင်ကျွတ်ခြင်းကို ဖြစ်စေပါသည်။ ဓာတုပစ္စည်းပါဝင်သော ခေါင်းလျှော်ရည်နှင့် ဆံပင်ပုံသွင်းသော ထုတ်ကုန်များသည် သင့်ဆံပင်၏ သဘာဝအဆီဓါတ်ကို ခန်းခြောက်စေပြီး ခြောက်သွေ့ခြင်း ဆံပင်ကျိုးကြေ ပျက်စီးခြင်းတို့ ဖြစ်စေသည်။ ဆံပင်လေမှုတ်စက်နှင့် ဆံပင်ဖြောင့်စက်များမှ အပူလွန်ကဲမှုသည် ဆံသားများကို အားနည်းစေပြီး ပိုမိုကျွတ်စေပါသည်။ 

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. ခေါင်းလျှော်ရင် မြန်မြန်ခြောက်အောင် လေမှုတ်စက် သုံးတယ် 😅

    ReplyDelete
    Replies
    1. တူတူပဲလေ စိုနေရင်ခေါင်းကိုက်လို့😁

      Delete

Post a Comment

Popular posts from this blog

အသားအ​ရေလှဖို့စားသင့်​​သောအစားအစာ ၁၂မျိုး (၃)