သကြားအစားများခြင်းရဲ့ ဆိုးကျိုးများ (၂)

၂။ သွား နှင့် ခံတွင်းရောဂါ

        အချိုအစားများခြင်းရဲ့နောက်ထပ်ဆိုူကျိုးတစ်ခုကတော့ ခံတွင်းထဲက ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ ခံတွင်းရောဂါတွေပါ။ ဒီ ဘက်တီးရီးယားတွေက ခံတွင်းထဲမှာ ရှိပြီးသားပေမယ့် အချိုစားတဲ့ အချိန်မှအက်ဆစ်ဓာတ်တွေ ထွက်လာပါတယ်။ ဒီ အက်ဆစ်ဓာတ်တွေက သွားကြွေလွှာကို တိုက်စားတဲ့ အတွက် သွားပိုးစားခြင်းတွေ ဖြစ်လာပါတယ်။

 

၃။ ဆီးချိုရောဂါ

        သကြားအစားများခြင်းက ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလဲတိုးလာစေပါတယ်။ အချိုအစားများခြင်းကြောင့် အဝလွန်ရောဂါဖြစ်လာနိုင်ပြီး အဝလွန်ရောဂါကလဲ ဆီးချိုဖြစ်နိုင်ခြေကို ပိုမြင့်စေပါတယ်။ 

         ကျွန်တော်တို့ အစားစားတဲ့ အခါမှာ ခန္ဓာကိုယ်က အင်ဆူလင်ထုတ်ပေးပါတယိ။ အချိုတွေ အများကြီးစားမယ်ဆိုရင်တော့ အင်ဆူလင် က လိုတာထက်ပိုထွက်လာပါမယ်။ 

        အင်ဆူလင်ကို ခန္ဓာကိုယ်က တုံ့ပြန်မှု ကျဆင်းလာတဲ့ အခါ ဆီးချိုဖြစ်နိုင်ခြေလဲ မြင့်လာပါတယ်။ 

 

၄။ ယောင်ရမ်းခြင်း

       သကြားအစားများရင် ခန္ဓာကိုယ်က မကောင်းတဲ့ ဘက်တီးရီးယားတွေက အချိုဓာတ်တွေကို စားသုံးပြီးခန္ဓာကိုယ်ကို ဒုက္ခပိုပေးနိုင်ပါတယ်။ 

       သကြားလျော့စားခြင်း၊ ကြက်သွန် ငှက်ပျောသီး ကဲ့သို့ prebiotics ကြွယ်ဝသော အစာကိုစားခြင်း အမျှင်ဓာတ်များသော အစာကို စားခြင်းဖြင့် ဘက်တီးရီးယားတွေရဲ့ ဒုက္ခပေးတာကို လျော့ချပြီး အစာအိမ် နဲ့ အူကျန်းမာရေးလဲ ပိုမို ကောင်းမွန်လာမှာပါ။ 

 

၅။ နှလုံးရောဂါ 

       သကြားပါတဲ့ မုန့်တွေ အချိုရည်တွေဟာ သွေးကြောမ ကြီးတွေကိုလဲ ဒုက္ခပေးနိုင်ပါတယ်။ အဲ့တာကြောင့်နှလုံးက ပိုအလုပ်လုပ်ရပြီး ဒုက္ခရောက်လာပါတယ်။ 

        သွေးကြောတွေကိုလဲ ပိုပြီး မာကြောကျွတ်ဆပ်လာစေပါတယ်။ နောက်ဆက်တွဲ အနေနဲ့ နှလုံးရောဂါ၊လေဖြတ်ရောဂါတွေပါဖြစ်လာနိုင်ပါတယ်။ 

Comments

  1. First Mentကွ
    ဘယ်နှစ်ယောက်ရှိတာလဲ
    ၄ယောက်လေ😁

    ReplyDelete
  2. Till the end
    Fighting together 💪

    ReplyDelete
  3. သကြားအစားများခြင်းကြောင့်
    ဖြစ်လာမယ့်ရောဂါတွေကိုကြောက်တယ်

    ReplyDelete
  4. အချိုမကြိုက်

    ReplyDelete
    Replies
    1. အချဉ်ကြိုက်💕

      Delete
    2. ချိုချဉ်ရော

      Delete
    3. မချိုမချဉ် ကြိုက်တယ်😁💕

      Delete
  5. မင်မင်ရေ ယောင်ရမ်းခြင်းဆိုတာက ခြေလက်အင်ဂါ တွေ ယောင်ရမ်းတာလားရှင့်🤔

    ReplyDelete
    Replies
    1. အစာအိမ်ရောင်တာအူရောင်တာ
      သွားဖုံးရောင်တာစသဖြင့် ခန္ဓာကိုယ်တစ်ခုလုံးက ဘယ်နေရာမဆိုဖြစ်နိုင်ပါတယ်

      Delete
  6. This comment has been removed by the author.

    ReplyDelete
  7. ❤❤❤
    အချိုလျော့တော့မယ်

    ReplyDelete
  8. မကြာမကြာဆိုတော့
    မကြာမကြာရောက်
    Thank sir

    ReplyDelete
  9. /⁠╲⁠/⁠\⁠╭⁠(⁠•⁠‿⁠•⁠)⁠╮⁠/⁠\⁠╱⁠\

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. Done
    Click,click,click............

    ReplyDelete
  12. ရောက်ရှိ✊✊✊

    ReplyDelete
  13. အခုမှဘဲ မန့်ရတော့တယ်🤗

    ReplyDelete
  14. အယ်ရာ တက်နေချိန်၊
    လိုင်းကျချိန် မန့်၍မရပါ။

    ReplyDelete
  15. ဟုတ်ကဲ့ပါမင်မင်။

    ReplyDelete
  16. လက်ညှိုး ထိပ်ကလေး
    အသားမာ တက်နေသည်အထိ
    ကလစ်ပါ၏။

    ReplyDelete
  17. Replies
    1. အချိုလျော့စားရန်

      Delete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!