ဝိတ်ကျဖို့အ​ထောက်အကူပြုမယ့်အစားအစာ ၇မျိုး (၁)

​          ကျွန်တော်တို့တွေက ဝိတ်ကျချင်တာ၊ ခန္တာကိုယ်အချိုးအစား ပိုလှချင်တာ သဘာဝပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က အစားအသောက်ကိုလဲ ခုန်မင်ကြပါတယ်။ တချို့လူတွေကတော့ ဝိတ်ကျဖို့အတွက် အစားလေးနဲနဲပဲစားပြီးကြိုးစားကြပါတယ်။ ဒါပေမယ့် သင်က အစားစားရတာ ကြိုက်တယ်ဆိုရင်တော့ ဒီနည်းလမ်းက ​ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။ ဒီတော့ကျွန်တော်တို့အနေနဲ့ အစားစာကို ​ရွေးချယ်စားသုံးဖို့ လိုလာပါပြီ။ ဒီနေ့တော့ ဝိတ်ကျဖို့အထောက်အကူပြုတဲ့ အစားစာတွေကို ​ဖော်ပြပေးသွားပါမယ်။


၁။ ပန်းသီးရှာလကာရည်


          ဝိတ်ကျစေတဲ့အစားအစာတွေအကြောင်းကို ​ပြောတဲ့အခါမှာ ပန်းသီးရှာလကာရည်က မပါမဖြစ်ပါပဲ။ သူကအစားစားချင်စိတ်ကို ​လျှော့ချပေးနိုင်သလို ​သွေးတွင်းသကြားဓါတ်ကိုလဲ ထိန်းပေးနိုင်ပါတယ်။ ပြီးတော့ ရှာလကာရည်မှာပါတဲ့ အက်စစ်ဓါတ် ၁မျိုးကလဲ အဆီလောင်ကျွမ်းခြင်းကို အားပေးပြီး အဆီသိုလှောင်မှုကို ​လျှော့ချပေးပါတယ်။ ဒါ့ကြောင့် ခန္တာကိုယ်က အဆီလျော့ချဖို့ အတွက် ပန်းသီးရှာလကာရည်ကို သင့်ရဲ့ တစ်​​နေ့တာ အစားစာထဲမှာ ထည့်သွင်းနိုင်ပါတယ်။ ဒါပေမယ့် ပန်းသီးရှာလကာရည်ကို အခုမှ ​​​သောက်မယ်ဆိုရင်တော့ အစာအိမ် မအီမသာဖြစ်တာကို ကာကွယ်ဖို့အတွက် တစ်နေ့ကို လက်ဖက်စားဇွန်း ၁ဇွန်းကို ​ရေ၁ဖန်ခွက်နဲ့ ​ရောပြီး စမ်းသောက်ကြည့်ပါ။ ​နောက်မှ တဖြည်းဖြည်း တစ်နေ့ ထမင်းစားဇွန်း -၂ဇွန်းထိ တိုးသောက်နိုင်ပါတယ်။

Comments

  1. ဖတ်ပြီးသောက်မယ်လို့တော့ရည်ရွယ်

    ReplyDelete
  2. စိတ်တော့ကူး /တစ်ကယ်သောက်ဖြစ် မဖြစ်တော့မသိ✌️🍀

    ReplyDelete
  3. ဝိတ်မချလည်း ကေ ‌‌ာင်လေးကရှယ်ချစ်ပါတယ်

    ReplyDelete
    Replies
    1. ကြွားတာလား😁😁

      Delete
    2. ဟီးးး ကြွားတာဖဲ ကိုကြီးသွားသွားမှာ လီလီ့လို ကောင်လေးမရှိဘူးမလား အက်ဖုအေတွေ ငိုကြစမ်း

      Delete
    3. ရည်းစားထားရခြင်းရဲ့Side effectသိလို့တျောက်တည်းနေတာပါ

      Delete
    4. အာ ကြောက်ပြီ

      Delete
    5. မရှိရင် မရှိဘူးလို့ပဲ ဝန်ခံပါ ကိုလင်းဆက်
      စပျစ်သီး ချဉိတယ် လို့မပြောပါနက်လား 😀

      Delete
  4. ချောပြီးသားမို့ပါ

    ReplyDelete
  5. ပန်းသီးရှာလကာ

    ReplyDelete
  6. ရောက်ခဲ့ပြန်ပါပြီရှင့်

    ReplyDelete
  7. တို့များလည်းဝိတ်ချနေပါရဲ့ မကျနိုင်သေးပါကွယ်😂

    ReplyDelete
  8. ပန်းသီးရှာလကာရည်ကို ဒီထဲ မှာ ခနခန ညွှန်းထားတညတွေ့လို့ United Living Mall မှညမေးကြည့်တာ စျေး မတအားကို ကြီးတာပဲ

    ReplyDelete
  9. ဟုတ်တယ် ဈေးကြီးတယ်

    ReplyDelete
  10. စျေးကြီးလို့ မဝယ်ပဲပြန်လာတယ်

    ReplyDelete
  11. ခွင့်ပြုပါနော်။🤗

    ReplyDelete
  12. တအားပိန်နေသာမိမိပါ🤧

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!