သကြားအစားများခြင်းရဲ့ ဆိုးကျိုးများ (၃)

        ​၆။ အသည်းအဆီ ဖုံးခြင်း

       Fructose ဆိုတဲ့ သကြား ၁မျိုးက အသည်းအဆီဖုံးခြင်းနဲ့ ဆက်စပ်နေပါတယ်။ Glucose တို့လို တခြားသကြားတွေနဲ့ မတူတာက fructose ကို အသည်းက အဓိက စုတ်ယူ ဖြိုခွဲပါတယ်။ Fructose ကို ခန္ဓာကိုယ်အတွက် အင်အားအဖြစ်ပြောင်းလဲနိုင်သလို ပိုတာတွေကိုလဲ glycogen အဖြစ်ပြောင်းလဲပြီး အသည်းမှာသိုလှောင်ပါတယ်။ 

        အသည်းဟာ glycogen တွေ သိုလှောင်နိုင်တဲ့ ပမာဏ ထက်ပိုလာတဲ့ အခါ အဆီအဖြစ်ပြောင်းလိုက်ပါတယ်။ ဒီလိုပြောင်းလိုက်တဲ့ အဆီတွေများလာတဲ့ အခါ အသည်းအဆီဖုံးရောဂါ ဖြစ်လာနိုင်ပါတယ်။ 

 

၇။ ဝက်ခြံထွက်ခြင်း

        သကြားများတဲ့ အစားတွေက သွေးတွင်းသကြားဓာတ် တက်စေတာတွေ အပြင် အဆီထွက်ခြင်း၊ ယောင်ရမ်းခြင်း၊ testosterone ဟော်မုန်းထွက်ခြင်းတွေကို ဖြစ်စေပါတယ်။ ဒီလိုဖြစ်လာတာတွေကြောင့် ဝက်ခြံတွေထွက်လာပါမယ်။ ဒါကြောင့် ဝက်ခြံတွေ လျော့နဲလာစေခြင်ရင် သကြားနဲ တဲ့ အစားတွေရွေးချယ်သင့်ပါတယ်။ 

 

၈။ စိတ်ဓာတ်ကျခြင်း

        သင့်တင့်မျှတတဲ့ အစားအစာတွေက လူတွေကို စိတ်ပျော်ရွှင်စေပေမယ့် သကြားများတဲ့ အစာတွေ အသင့်စား အစာတွေကတော့ စိတ်ကျခြင်းကို အားပေးပါတယ်။ 

        ပြုပြင်ထားသောအသားများ၊ ကိတ်မုန့်တွေ အချိုရည်တွေကလဲ စိတ်ကျရောဂါပိုဖြစ်စေနိုင်ပါတယ်။ 

 

၉။ ပိုစားချင်လာခြင်း

         သကြားများတဲ့ အစားတွေစားတဲ့အခါ ဒိုပါမင်း လို့ခေါ်တဲ့ စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းထွက်ပါတယ် ( ဒါကြောင့် စိတ်ညစ်နေတဲ့ အချိန်တွေမှာတော့ အနည်းငယ်စားခြင်းက အဆင်ပြေပါတယ်။ ) ဒါပေမယ့် အစားများရင်တော့ ကျွန်တော်တို့ ဦးနှောက်က အချိုတွေကို ပိုပြီးတောင့်တ လာပါတယ်။ ဒီလိုမျိုး တောင့်တတာတွေများလာတဲ့ အခါ သကြား စွဲလမ်းခြင်း ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ 


Comments

  1. Replies
    1. သကြားကို ညီမလေးလောက်တော့ မစွဲလန်းပါဘူးဗျာ😁😁

      Delete
    2. သကြားကိုစွဲလန်းရင် ဆီးချိုဖြစ်မယ်လေ😁😁

      Delete
    3. ညီမလေး ကသကြားလိုချိုနေတာပဲဖစ်ရမယ် ငိငိ 😂😂

      Delete
    4. သကြားစားရင် စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းထွက်တယ်ဆိုတော့ကာ စိတ်ညစ်တဲ့အချိန်ဆို သကြားစားရမှာလား🤔🤔🤔

      Delete
    5. အစပ်စားရင်လည်းရတယ် ဟိုတစ်ခါကမင်မင်ပြောဖူးတယ် မိန်းကလေးတွေမှာဆိုအစပ်စားရင်ပျော်ရွှင်တဲ့ဟော်မုန်းထွက်တယ်တဲ့

      Delete
    6. အာ့ဆို ငရုတ်သီးစားလိုက် ၊ သကြားစားလိုက်နဲ့ ဟုတ်နေရောပဲ🤭

      Delete
    7. အချိုတွေ၊ အစပ်တွေမှမဟုတ် ကိုယ်ကြိုက်တာစားလိုက်ရင်လည်းပျော်ရွင်တဲ့ဟော်မုန်းထွက်တယ်‌တဲ့😇

      Delete
    8. @မိုမိဂျိ အစားစားရရင်ကို ပျော်နေတဲ့ အဖွဲ့ကပါ😝😜

      Delete
    9. ဟုတ် တို့ရောပဲ မုန့်စားနေတဲ့အချိန်ဆိုအရမ်းပျော်ပြီး ချစ်စရာကောင်းတာ မယုံရင်မုန့်၀ယ်ကျွေးကြည့်ပါလား😝

      Delete
    10. ဝယ်ကျွေးမှာပေါ့ 🍦🍫🍧

      Delete
  2. အချိုလျော့စားရတော့မယ်

    ReplyDelete
  3. အချိုလျှော့စားမှပဲ ဝက်ခြံ တွေမှအများကြီးပဲ :")

    ReplyDelete
  4. Till the end
    Fighting together 💪

    ReplyDelete
  5. သကြား စွဲလမ်းခြင်း ပြဿနာ 😅🍀✌️

    ReplyDelete
  6. လူကြီးတွေကပြောတော့ အငံစားရင် ဝက်ခြံထွက်တယ်တဲ့ ကိုယ်က အငံမစားဘဲနဲ့ ဘာလို့ ဝက်ခြံထွက်လဲပေါ့ ခုတော့သိသွားပြီ အချိုစားလို့ပဲ

    ReplyDelete
  7. သကြားမစားပါဘူး။သကြားလုံးပဲစားပါတယ်။

    ReplyDelete
  8. လျော့စားမယ်ဝက်ခြံတော့အထွက်မခံနိုင်ဘူး🤢

    ReplyDelete
  9. ဝက်ခြံရှိဘူး 😁

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. သကြားစားရင်ဝက်ခြံထွက်မယ်
    အငံစားရင်ဝက်ခြံထွက်မယ်အိပ်ရေးပျက်ရင်ဝက်ခြံထွက်မယ်
    ကြားဖူးတာတွေပါ
    ရှိသေးလားတော့မသိ

    ReplyDelete
  12. ❤❤❤
    D
    မန့်ရေးနေပါတယ်ဖြိုးခန့်ရေ

    ReplyDelete
  13. Replies
    1. အတူတူပါ 🤗🤗🤗💕

      Delete
    2. တို့ဆီမှာတက်မလား emoji မန့်နည်းသင်ပေးမယ်😆🤭

      Delete
    3. လုပ်လိုက်တော့💕

      Delete
    4. တက် မယါ လေ
      emoji တောင် ဘယ်တခုရွေးရမလဲ အကြာကြီးစဉ်းစား‌‌ေနရ 😀

      Delete
  14. Wheel............dope.🏹🏹🏹

    ReplyDelete
  15. အသည်းဆီဖုံးခြင်းအတွက်
    လစ်ဗိုလင်ဖို့စ်💊

    ReplyDelete
  16. Wishing you clickers healthy and stay safe

    ReplyDelete
  17. I will absolutely follow your guidelines

    ReplyDelete
  18. တခါပြန်ရောက်✊✊✊

    ReplyDelete
  19. Done
    Click,click,click........

    ReplyDelete
  20. Cancer ဝေဒနာရှင်‌ေတွမှာသကြားစားများခြင်းကြောင့် cancer cell တွေ တိုးပွားလာနိုင်လို့ ၊‌ေဝဒနာရှင်‌ေတွသကြားမစားဖို့ oncologist တွေကအကြံပြုပါတယ်။

    ReplyDelete
  21. Wheel............dope.🏹🏹🏹

    ReplyDelete
  22. အချို စားရင် ဝက်ခြံထွက်တယ်ဆိုတာ ဖြစ်နိုင်ပါ၏။
    အငံကတော့ သွေးတိုးနိုင်ပါ၏။
    အိပ်ရေးပျက်ခြင်းကြောင့်တော့
    ဝက်ခြံမထွက်ပါ။
    အချိုမကြိုက်၍ ဝက်ခြံမထွက်။

    ReplyDelete
  23. ဝက်ခြံထွက်တာ ဒါကြောင့်ကို😎

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!