ပျားရည်ကို သကြားအစားထိုး သုံးသင့်လား? (၃)

ဒါဆို သကြားနဲ့ပျားရည်စားတာကို ဘယ်လိုလျှော့ချမလဲ?


သကြား ဒါမှမဟုတ် ပျားရည်ကို တစ်ဇွန်း သုံးရမယ့်နေရာမှာ တစ်ဝက်ပဲသုံးပါ။ 

မုန့်ဖုတ်၊ ဟင်းချက်တဲ့နေရာမှာ ပုံမှန်သုံးတာရဲ့ ၃ပုံ၁ပုံပဲ သုံးပါ။ ဒါဆိုရင် အရသာကိုလဲ ကြီးကြီးမားမား မထိခိုက်စေပဲ သကြားနဲ့ကယ်လိုရီ စားသုံးတဲ့ ပမာဏကို ​လျှော့ချပြီးသားဖြစ်ပါတယ်။

ပျားရည်နဲ့သကြား အစား ​​ချေထားတဲ့ပန်းသီး၊ ငှက်ပျောသီးတို့ကို သုံးကြည့်ပါ။

-သကြားအစား ဘာဒံသီးတို့၊ တခြားအစေ့အဆံကရတဲ့ အနှစ်ကိုသုံးပါ။ သူတို့ကလဲ သင့်ရဲ့မုန့်တွေမှာ သကြားလ်ုမျိုး အချိုဓါတ်ပေးပါတယ်။

အချိုတစ်ခုခုစားချင်လာပြီဆိုရင် မုန့်ပဲသရေစာတွေအစား အသီးကိုစားပါ။ ​​ဖျော်ရည်ဖျော်တာထက် ပန်းသီး၊ငှက်ပျောသီးတွေကို ဒီတိုင်း စား​​ပေးပါ။


နိဂုံး


          အခုပြောပြခဲ့တာကတော့ သကြားနဲ့ပျားရည်တို့ရဲ့ နှိုင်းယှဥ်မှုပဲဖြစ်ပါတယ်။ ဒါတွေကို ကြည့်လိုက်ရင် သကြားအစား ပျားရည်သုံးရတာက သိပ်ထူးခြားမှု မရှိတာတွေ့ရပါတယ်။ အထူးသဖြင့် သင့်မှာ ဆီးချိုရောဂါ၊ နှလုံး​​ရောဂါလိုမျိုး ရှိနေရင်ဖြစ်ဖြစ်၊ ဝိတ်ချချင်တာဖြစ်ဖြစ်၊ သကြားနဲ့ပျားရည် စားသုံးမှုကို ​လျှော့ချသင့်ပါတယ်။

          သကြားနဲ့ပျားရည်က အရသာရော၊ ပုံသဏ္ဍာန်ရော ကွာခြားပါတယ်။ ဒါကြောင့် ဘယ်ဟာကိုပဲ ​ရွေးရွေးအလွန်အကျွံ မစားမိဖို့ လိုပါတယ်။ သင်ရောသကြားနဲ့ပျားရည် ဘယ်ဟာ ပိုကြိုက်လဲ ဆိုတာ ​အောက်က ကွန့်မန့်မှာ ​ရေးသွားပါဦး။


          ဒီ link လေးတွေကို ပျားရည် နဲ့ သကြားစားသုံးရတာ နှစ်သက်တဲ့ မိတ်ဆွေတွေ မိသားစုဝင်တွေနဲ့ မျှဝေလိုက်ပါ။ နောက်ထပ်သိလို တဲ့ကျန်းမာရေး ဗဟုသုတခေါင်းစဉ်တွေလဲ ကွန်မန့်မှာ ရေးသွားလို့ ရပါတယ်။ နောက် အပတ်တွေမှာ တင်ပြနိုင်အောင်ကြိုးစားသွားပါမယ်။ 

Comments

  1. Replies
    1. သကြားလဲကြိုက် ၊ ပျားရည်လဲကြိုက်😁

      Delete
    2. ကော်ဖီအကြောင်းရေးထားတဲ့အထဲမှာ ကော်ဖီကို ပျားရည်နဲ့ဖျော်လို့ရတယ်ဆိုလို့ စမ်းကြည့်တာ taste အသစ်ကြီးရတယ်ဗျာ။ ဂျလန်းရီး😁

      Delete
    3. အာ့ဆို လက်ဖက်ရည်လဲ ဖျော်လို့ရမယ်ထင်တယ်နော်

      Delete
    4. ဟုတ် လက်ဖက်ရည်တော့ မစမ်းဖူးဘူးရှင့်။ ဘလက်ကော်ဖီထဲ ပျားရည်ထည့် ၊ သံပုရာသီး အကွင်းလိုက် ၂ ခုလောက်ထည့် ။
      ဂျူလီယာက အဲ့လိုသောက်တာ။

      ခေါင်းကြည်ပြီး လန်းဆန်းတယ်။
      အစာအိမထတော့ နဲဲထိတယ်

      Delete
    5. အစာအိမ်တော့နဲနဲထိတယ်ပြောတာ🙂🙂🙂

      Delete
  2. ပျားရည်ကို ကြိုက်ပါတယ်ဗျာ

    ReplyDelete
  3. အချိုမကြိုက်တဲ့ ကိုယ့်အတွက်ကတော့ ၂ မျိုးလုံးမကြိုက်ပါ💕💕💕

    ReplyDelete
  4. နှစ်ခုလုံးကြိုက်လို့ နှစ်ခုလုံစားတယ် 😅

    ReplyDelete
  5. အချိုမသိပ်ကြိုက်လို့ ဘယ်ဟာမှ အလွန်အကျွံ မစားမိဘူးထင်တာပဲ
    မှတ်မှတ်ရရကတော့ ကိုဗစ်တွေဖြစ်ပြီး နေလို့မရအောင် ချောင်းတွေတအားဆိုးလို့ ပျားရည်ရယ် အရက်ရယ် ရှောက်သီးရယ် သုံးမျိုးဆတူစပ်ထားတဲ့ ဆေးရည်ကို တစ်ရက်သုံးကြိမ်နဲ့ တစ်လလောက်နီးပါးသောက်ခဲ့ရတာပဲ 😁😁😁

    ReplyDelete
    Replies
    1. တစ်လကျော်သွားတော့ မနည်းဖြတ်ခဲ့ရသေးလား။ အရမ်းသောက်ကောင်းလို့လေ။😁😁

      Delete
  6. မင်မင်ရေ နောက်ထပ်သိချင်တဲ့ Topic လေးကလေ irregular of menstruation period ပါရှင့် အဲ့ဒါလေးကို အဆင်ပြေရင် ပြောပြလို့ရမလားရှင့် doctor တို့ဘာတို့နဲ့ ဆွေးနွေးဖို့ကြတော့လည်း face to faceဆို ရှက်တာဘာညာ ဖြစ်လို့ပါ

    ReplyDelete
    Replies
    1. အဲ့ဒါ ရှက်စရာ မဟုတ်ပါဘူး ညီမလေး။ သဘာဝပါ။

      Delete
    2. ဟုတ်တယ် အဲ့ခေါင်းစဉ်လေးလဲသိချင်ပါတယ် အဆင်ပြေရင်ပေါ့ 🥰

      Delete
  7. ပျားရည်တော့ကြိုက်ပါတယ် သွားအရမ်းကိုက်လို့မစားဖြစ်ပါ
    သွားကျန်းမာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးစေလိုပါတယ်ရှင်

    ReplyDelete
  8. နွေရာသီ အရမ်းပူတဲ့အချိန်ဆိုရင် ပျားရည်နဲ့သံပုရာရောပြီး ဖျော်သောက်ပါတယ်။

    ReplyDelete
  9. အဲ့လိုမေးရင်တော့သကြားပိုကြိုက်တာပါလို့ဘဲဖြေပါတယ်ရှင်

    ReplyDelete
  10. ပျားရည်ကိုပိုကြိုက်ပါတယ်🍯🐝

    ReplyDelete
  11. မရွေးမဖြစ်ဆိုရင် သကြားကိုရွေးပါမယ်ရှင့်

    ReplyDelete
  12. ❤❤❤
    ဟုတ်ကဲ့ မှတ်ထားပါပြီလို့စ်
    ကျေးဇူးပါ မင်မင် ရေ

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  14. နှစ်မျိုးလုံးလိုအပ်မှပဲစားမိပါတယ် ပျားရည်ကတော့ မသုံးဖြစ်ပါပူး

    ReplyDelete
  15. နှစ်မျိုးလုံး စားပါတယ် နဲနဲစီပါ

    ReplyDelete
  16. ပျားရည်ပိုကြိုက်ပါတယ်

    ReplyDelete
  17. Wheel............dope.🏹🏹🏹

    ReplyDelete
  18. အမြဲစားသုံးခြင်း မဟုတ်သော်လည်း
    ပျားရည်ပိုကြိုက်ပါ၏။

    ReplyDelete
  19. Replies
    1. ပျားရည်ကို သကြားအစားထိုး သုံးသင့်လား မေးတာလေ
      ဘာတွေဖြေနေ 😐🐒🍀

      Delete
    2. ဘာ​​ဖြေ​ဖြေ..😑..🌧🌳

      Delete
    3. မင်မင်က မေးထားတာလေ
      ပျားရည်နဲ့ သကြား
      ဘယ်ဟာ ပိုကြိုက်လဲတဲ့။

      Delete
    4. ပျားရည်နည်းနည်းပိုကြိုက်✌️🍀

      Delete
  20. လွန်ကဲသော အရသာသည်
    ဘယ်သောအခါမှမကောင်း။

    ReplyDelete
  21. သုတ၊ရသ ရစေသောစာပေ မည်သည့် ကြောင်းအရာမဆို ဖတ်ပါမည်။

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete
  23. သကြားထက်ပျားရည်ကိုပိုကြိုက်ပမယ့် အချိုမကြိုက်လို့သိပ်မစားဖြစ်ပါဘူးရှင့် သွားနဲ့ခံတွင်းကျန်းမာရေဗဟုသုတလေးရချင်ပါတယ်ရှင့်

    ReplyDelete
  24. Thanks
    <⁠(⁠ ̄⁠👁️⁠👃👁️ ̄⁠)⁠>

    ReplyDelete
  25. This comment has been removed by the author.

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!