ကိုယ်ဝန်​​ဆောင်ချိန်အတွင်းစားသင့်​သောအစားအစာများ (၁)

​         ကိုယ်ဝန်​​ဆောင်ချိန်အတွင်းမှာ အစာအာဟာရကောင်းကောင်းစားဖို့က ရေးကြီးပါတယ်။ ကိုယ်ဝန်​​ဆောင်မိခင်ရဲ့ကျန်းမာရေးနဲ့ ဗိုက်ထဲက​ လေးရဲ့ ​ကောင်းမွန်စွာဖွံ့ဖြိုးဖို့ အတွက် အသီးအရွက် အသား ငါး နဲ့ ပရိုတင်းဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို မျှတစွာ စားသင့်ပါတယ်။ 

ပြည့်စုံကောင်းမွန်တဲ့ အာဟာရမှာ မိခင်ရော လေးရဲ့ ကျမ်းမာရေးအတွက်ပါ ရေးကြီးပါတယ်။ ဒါကြောင့်ကိုယ်ဝန်​​ဆောင်မိခင်တွေအတွက် သင့်တော်တဲ့ အစားအစာ ၁၀မျိုးကို ကြည့်လိုက်ရအောင်။


၁။ ကြက်ဥ


          ကြက်ဥဟာ ​ဈေးသက်သာပြီးတော့ အသားဓါတ်ကောင်းကောင်းရရှိနိုင်တဲ့ ရိုးရှင်းတဲ့ အစားအစာပဲဖြစ်ပါတယ်။ကြက်ဥဟာ ကိုယ်ဝန်ဆောင်တွေအတွက် လိုအပ်တဲ့ ဗီတာမင်တွေမျိုးစုံပါဝင်သောကြောင့် အသင့်တော်ဆုံးအစားအစာထဲက တစ်ခုပဲဖြစ်ပါတယ်။ ကြက်ဥအကြီး၁လုံးမှာ ကယ်လိုရီ၁၀၀ခန့်နဲ့ အသားဓါတ် ,အဆီဓါတ်ဗီတာမင်နဲ့သတ္ထုဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ဝန်​​ဆောင်တွေအတွက် လိုအပ်တဲ့ ကယ်လိုရီဓါတ်ကလဲကြက်ဥမှာ များပြားစွာပါဝင်ပါတယ်။ ကယ်လိုရီဓါတ်က ဗိုက်ထဲက လေးရဲ့ ဖွံ့ဖြိုးမှုအတွက် ရေးပါပြီး ဦးနှောက်နှင့်ကျောရိုး ​ကောင်းမွန်စွာ ဖွံ့ဖြိုးမှုအတွက် ရေးကြီးပါတယ်။ ကြက်ဥမှာ ပါဝင်တဲ့ ဗီတာမင်ဒီဓါတ် ကလဲလေးငယ်ရဲ့ ​အရိုး နဲ့ သွား သန်မာလာစေဖို့ ထောက်အကူ ပြုတဲ့ အပြင် ကိုယ်ခံအားမြှင့်တင်ဖို့လဲ ကူညီပေးပါတယ်။ ဒါပေမဲ့ကြက်ဥကို ​သေချာကျက်အောင် ချက်ဖို့တော့သတိပြုရပါမယ်။ မကျက်သေးတဲ့ကြက်ဥတွေနဲ့ကြက်ဥအစိမ်းတွေကတော့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မသင့်တော်ပါဘူး။

Comments

  1. ဟုတ်ကဲ့ပါ မှတ်ထားလိုက်ပြီ🥰

    ReplyDelete
  2. အခုချိန်မှာ ကြက်ဥ တစ်လုံး ၂၅၀ဖြစ်နေသောအခါ☺️

    ReplyDelete
    Replies
    1. ၃၀၀ ဖြစ်သွားပြီးးး😇

      Delete
    2. 350 ဖြစ်နေပြီ

      Delete
    3. ထပ်တက်နေပီလား😁

      Delete
    4. ဟုတ် ခုတော့ ပြန်ကျသွားပြီတစ်ပိဿာ ခြောက်ထောင်တဲ့ 22/23 လုံးလောက်ပါတယ် 🥰

      Delete
    5. တစ်လုံး ၅၀၀ ဖြစ်သွားပြီးးး

      Delete
  3. ဟုတ် ပြောပြလိုက်ပါမယ် sir 😁

    ReplyDelete
  4. ကိုယ်ဝန်ဆောင် သည်ကြက်ဥစားရမယ်

    ReplyDelete
  5. ကိုယ်ဝန်ဆောင်သည်မဟုတ်လည်း ကြက်ဥစားမှာပဲ..🙄😁🍀

    ReplyDelete
  6. အရွယ်မရွေး ကြိုက်သော အစားအစာ ဖြစ်ပါ၏။

    ReplyDelete
  7. ဖတ်ခွင့်ရ၍ ကျေးဇူးတင်ပါ၏။

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. အဖွားအရွယ် ဖြစ်သော်ငြားလည်း
    ကြက်မြေမနင်းသားကို
    ကြော်စားလိုက်၊
    ပြုပ်စားလိုက်၊
    သုပ်စားလိုက်၊
    ချက်စားလိုက်နဲ့ စုံလို့ရယ်။

    ReplyDelete
  10. 🌼🏵️🌸
    (⁠.⁠ ⁠❛⁠ ⁠ᴗ⁠ ⁠❛⁠.⁠)

    ReplyDelete

Post a Comment

Popular posts from this blog

အသားအ​ရေလှဖို့စားသင့်​​သောအစားအစာ ၁၂မျိုး (၃)