အသားအ​ရေလှဖို့စားသင့်​​သောအစားအစာ ၁၂မျိုး (၆)

၉။ ကြက်ဥ

          ကြက်ဥက အသားဓါတ် ကြွယ်ဝပြီး Collagen ဖွဲ့စည်းဖို့အတွက် ထောက်အကူပြုပါတယ်။ ပြီးတော့ကြက်ဥမှာ Vitamin A,D,E,K တို့လဲ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ ခန္တာကိုယ်ကနေအဆိပ်အတောက်တွေ ဖယ်ရှားဖို့ ထောက်အကူပြုတာကြောင့် ဝက်ခြံတွေကိုလဲ ​လျော့နည်းစေနိုင်ပါတယ်။


၁၀။ နွားနို့

          ငယ်ငယ်ကဆိုရင်  ဖေကနေ့တိုင်းနွားနို့တစ်ခွက်လာတိုက်လေ့ရှိပါတယ်။ ဒါပေမယ့်ငယ်ငယ်က ကျွန်တော်က နွားနို့ရဲ့အရသာကိုမကြိုက်တာကြောင့် သောက်ခဲ့ပါဘူး။ အခုလိုမျိုးနွားနို့က အသားအရေ အတွက်ကောင်းပြီး တခြားအကျိုးကျေးဇူးတွေ များစွာရှိမှန်းသိရင် ကျွန်တော်သောက်ရင် ​သောက်ခဲ့မိမှာပါ။ တကယ်တမ်းတော့ဖေက နွားနို့ရဲ့ကောင်းကျိုးတွေ ​ပြောပြပေမဲ့လဲ ကျွန်တော်က မကြိုက်တာကြောင့် ​သေချာနားမထောင်ခဲ့ပါဘူး။နွားနို့မှာ အသားအရေကို ​ထောက်အကူပြုတဲ့ Alpha hydroxy acids (AHA) ပါဝင်ပါတယ်။ ဒီ AHA က Collagen ဓါတ်ကို လှုံ့ဆော်ပေးပြီး ရေပြားပေါ်က ဆဲလ်​​သေတွေကို ဖယ်ရှားပေးဖို့ ကူညီပေးပါတယ်။ နွားနို့က Vitamin D လဲကြွယ်ဝတာကြောင့် ​နေရောင်ထဲသွားနေရသူတွေအတွက် ရေပြားအရောင်မညီခြင်း၊ တွန့်ခြင်းတို့ကနေ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် သင်က lactose နဲ့  မတည့်ဘူးဆိုရင်တော့ နွားနို့က သင့်အတွက်မဟုတ်ပါဘူး။

Comments

  1. နှို့မှုန့်ပဲ စားတာ ✌️🍀😅

    ReplyDelete
  2. ငယ်ငယ်ကနွားနို့နဲ့ထမင်းစားခဲ့ပေမယ့် ကြီးလာတော့နွားနို့မှာ အဆီပါလို့ ဝိတ်တတ်မှာကြောက်ပြီး သိပ်မသောက်ဖြစ်ဘူး💕💕💕

    ReplyDelete
  3. နွားနို့ကို သူ့ချည်းမသောက်နိုင်လို့
    ကော်ဖီထဲရောသောက်တယ် ☺️

    ReplyDelete
    Replies
    1. ကောင်းလား သောက်လို့🤭🤭🤭

      Delete
    2. ကောင်းတယ် စိမ့်စိမ့်လေး😉

      Delete
  4. မီ့အကြိုက် နွားနို့ 😁
    အမှန်တကယ်တော့ စားလို့ရသမျှ အကုန်ကြိုက်ပါတယ် 😁

    ReplyDelete
    Replies
    1. စားလို့ရတာမှန်သမျှ😁

      Delete
    2. အမ် ဘရို
      ထူးဆန်း
      မန့်တွေမှာ တွေ့နေရတယ်

      Delete
  5. Replies
    1. ဒီနား နေလိုက်မယ်နော်

      Done

      Delete
  6. 🥛🥛🥛အသားအရေလှသထက်လှအောင်သောက်ရပါအုံးမယ်😜

    ReplyDelete
  7. ခုတော့ ဥပဲစားနေရတယ်
    နွားနို့က တခါတရံသောက်ဖြစ်ပေမယ့် မကြိုက်ဘူး
    ဒိန်ချဥ်ကို ပိုကြိုက်လို့ ပိုသောက်ဖြစ်တယ်...

    ReplyDelete
    Replies
    1. အွန်းး ဘယ်သူမှလည်းမမေးပဲ နဲ့🤣

      Delete
    2. မမေးလည်းဖြေမိကြတာပဲလေ။
      ဥပမာကျတော့်လိုပေါ့၊
      သတိရနေပြီးဆိုတာမျိူး😁

      Delete
    3. ဒါ ဘယ်သူလေးတုန်း🧐😅😅😅

      Delete
  8. Replies
    1. မသောက်ဖြစ်ခဲ့ပူးပဲ
      အာ့လိုသိခဲ့ရင် သောက်ခဲ့ပါတယ်

      Delete
  9. ရုပ်ချောချောမောင်လေးတစ်ယောက်နှင့်အတူ ကလစ်သွားသည်။

    ReplyDelete
  10. ❤❤❤
    သြော နွားနို့ကကျွန်မအကြိုက်
    ခုချိန်ထိနို့မပြတ်သေးဘူးလားလို့သူငယ်ချင်းတွေအမြဲ စတဲ့အထိပဲ😁😁

    ReplyDelete
    Replies
    1. ဟယ်
      ကြည့်ချင်လိုက်တာ နော်

      Delete
  11. နွားနို်ထဲ ကြက်ဥခေါက်ပြီးထည့်
    သကြားအစား ပျားရည်ထညွ် သံလွင်ဆီပါထည့်ပြီး သောက်ရမယ်
    လေးမျိုး တခါထဲ ရပြီ အာ့ဆို

    ReplyDelete
  12. ကြက်ဥထက်ဘဲဥပိုကြိုက်
    စားရမှာတော့ကြက်ဥပေါ့

    ReplyDelete
    Replies
    1. မလုပ်ဖြစ်ပူးပဲ
      တော်လှန်ရေးအောင်ဖို့ပဲ စိတ်ထဲရှိနေတာ

      Delete
  13. နွားနို့တော့ တရေးနိုး ထသောက်ရမယ်ဆိုရင်တောင် သောက်ချက်တဲ့အထိ ကြိုက်တာ
    ငယ်ငယ်ကဆိုဟင်းမကြိုက်တိုဂ်း
    ထမင်ူထဲ နွားနို့ ငှက်ပျောသီး သကြားထည်းနယ်ပြီး စားတတိတယ်

    ReplyDelete
    Replies
    1. တို့လဲနွားနို့တော့ကြိုက်ပါတယ် ဒါမဲ့လေနွားနို့ထဲကိုထမင်းတွေရောနယ်လိုက်ရင်မစားတတ်တော့ဘူး ၃တန်းလောက်ကအဆောင်မှာနေရတာ နွားနို့လဲယူတယ်
      အဆောင်ကအဖွားကကျိုပေးတာ တချို့ရက်တွေဆိုနွားနို့ထဲထမင်းတွေထည့်ပေးတာ ကိုယ့်မိဘလဲမဟုတ်တော့မစားချင်ဘူးလို့မပြောရဲခဲ့ဘူး စားချင်ယောင်ဆောင်ပြီး လစ်တော့မှသူငယ်ချင်းတွေခေါ်ကျွေးခဲ့တာ🤭

      Delete
  14. Wheel............dope.🏹🏹🏹

    ReplyDelete
  15. Wheel............dope.🏹🏹🏹

    ReplyDelete
  16. Thanks
    🌸🌼💮
    (⁠๑⁠˙⁠❥⁠˙⁠๑⁠)

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!