ကိုယ်ဝန်​​ဆောင်ချိန်အတွင်းစားသင့်​သောအစားအစာများ (၂)

၂။ အသား


          အသားဓါတ်တွေဟာ amino acid ​တွေ စုပေါင်းဖွဲ့စည်းထားတာပါ။ ဒီ amino acid ​တွေကလဲ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုအတွက်အရေးပါပါတယ်။ ကြက်သား ဝက်သားနဲ့ အမဲသားတို့ဟာ အသားဓါတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ပြီးတော့အသားဓါတ်​​တွေက သံဓါတ်, cholineနဲ့တခြားဗီတာမင်တွေလဲ ပါဝင်ပါတယ်။ အထူးသဖြင့် ၉၅,၉၈ ရာခိုင်နှုန်းကအဆီကင်းစင်တဲ့အသားမျိုးကို ​ရွေးချယ်သင့်ပါတယ်။ အသားတွေကိုလဲ ​သေချာကျက်အောင်ချက်ဖို့မမေ့ပါနဲ့။ ​သွေးနီဥတွေမှာ ပါဝင်တဲ့အတွက် သံဓါတ်ကလဲ ရေးကြီးတဲ့ဓါတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်​​ဆောင်နေချိန်မှာ ​သွေးပမာဏကလဲတိုးလာတာကြောင့် ဒီသံဓါတ်တွေကို ပိုပြီးလိုအပ်ပါတယ်။


၃။ ဆယ်မွန်ငါး


          ဆယ်မွန်ငါးတွေမှာ omega 3 fatty acid လိုမျိုး ကျန်းမာရေးအထောက်အကူပြုတဲ့ အဆီဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီ omega 3 ဓါတ်က ကလေးငယ်ရဲ့ ဦးနှောက်နဲ့မျက်လုံး ဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူပြုပါတယ်။ ဆယ်မွန်ငါးမှာ ပါတဲ့ ဗီတာမင်ဒီ နဲ့ အသားဓါတ် ​တွေကလဲ ​​​လေးငယ်ရဲ့ အရိုးနဲ့ သွားကျန်းမာဖို့ ထောက်အကူပြပါတယ်။ ​နောက်ပြီးတော့ သုတေသနတွေအရ ဆယ်မွန်မှာပါတဲ့ ပြဒါးဓါတ်ကလဲ ကိုယ်ဝန်ဆောင်တွေ စားဖို့စိတ်ချရတဲ့ ပမာဏအတွင်းမှာသာ ရှိပါတယ်။ ဒါပေမယ့် ဆယ်မွန်ကိုလဲ မစားခင်သေချာ ချက်ပြုတ်ဖို့ လိုပြီးsashimi လိုမျိုး အစိမ်းစားတာမျိုးကိုတော့ ​ရှောင်ကြဥ်သင့်ပါတယ်။

Comments

  1. ဗဟုသုတရစေလို့ကျေးဇူးပါ

    ReplyDelete
  2. Thanks for your sharing with us. These facts will be helpful for us in the future.

    ReplyDelete
  3. တယောက်ကို တယောက်
    ချစ်တဲ့စကား မပြောနိုင်
    တယောက်ကို တယောက်
    ချစ်ဖို့မအားလပ်ကြ
    ဒီကာလ
    နှလုံးသားတွေ ဆွံ့အ သွားခဲ့တာကြပေါ့😔

    ReplyDelete
    Replies
    1. တော်လှန်ရေးပြီးရင်လည်း ကိုကြီး သွားသွားက အက်ဖေ ဖြစ်နေအုန်းမှာပါပဲဗျာ☺️😳

      Delete
    2. ❤❤❤
      အိုက်စ် ငါ့ဘရိုကိုကွားစ်😂😂
      ကြိုးစား ကြိုးစား ကြိုးစား

      Delete
    3. ကိုလင်းဆက် ကို သွားသွား လို့ ဘာလို့ခေါ်တာလဲ ဟင်

      Delete
    4. ရယ်နေကြတယ်တော့...
      တကယ်မသိလို့ မေးတာကို...😕😁

      Delete
    5. အရမ်းချောလို့တဲ့ဗျ😝

      Delete
    6. ကိုကြီးသွားသွား လို့ ပြန်ခေါ်ဦးမှပဲ🤭🤣🤣🤣

      Delete
    7. ကြက်ဥကို ကျက်အောင် ပြုပ်/ချက် စားတဲ့နော် မလင်းဆက်

      Delete
  4. ❤❤❤
    စိတ်အခြေအနေမကောင်းဘူး

    ReplyDelete
  5. Replies
    1. အကောင့်နိမ်းကို ဘယ်လိုဖတ်ရမလဲသိချင်မိ

      Delete
  6. Wheel............dope.🏹🏹🏹

    ReplyDelete
  7. Replies
    1. ဆယ်မွန်ငါး ဘယ်သွားရှာရပါ့ !!

      Delete
  8. Thanks
    (⁠◍⁠•⁠ᴗ⁠•⁠◍⁠)⁠❤

    ReplyDelete

Post a Comment

Popular posts from this blog

အသားအ​ရေလှဖို့စားသင့်​​သောအစားအစာ ၁၂မျိုး (၃)