အသားအ​ရေလှဖို့စားသင့်​​သောအစားအစာ ၁၂မျိုး (၅)

၇။ မုန်လာဥနီ/ခါကြက်ဥ

          အသီးအရွက်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ မုန်လာဥနီကလဲ Vitamin A ရဲ့ ​ရှေ့ဖြစ်ဓါတ် တစ်မျိုးဖြစ်တဲ့Beta-carotene ပါဝင်သောကြောင့် အသားအရေကောင်းမွန်ဖို့ ​ထောက်အကူပြုပါတယ်။ Beta-carotene ဟာ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် ဆဲလ်တွေထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ တစ်ချို့လေ့လာချက်များမှာဆိုရင် Vitamin A ကအသားအရေအဆီပြန်ခြင်းကို ​​​လျှော့ချပေးနိုင်ပါတယ်။


၈။ သံလွင်ဆီ

          ဝိတ်ကျစေနိုင်တဲ့ အစားအစာအဖြစ် နာမည်ကြီးတဲ့ သံလွင်ဆီဟာ အသားအရေကောင်းမွန်ဖို့လဲ ထောက်အကူပြုပါတယ်။ သံလွင်ဆီဟာ အသားအရေကိုတင်းရင်းပြီး နုပျိုစေပါတယ်။ ဒီလို ဖြစ်စေရတဲ့အကြောင်းပြချက်တစ်ခုက သံလွင်ဆီမှာ Monounsaturated fatty acid လို့ခေါ်တဲ့ မပြည့်ဝဆီ ၇၅ရာခိုင်နှုန်း ထိပါဝင်တာကြောင့်ဖြစ်ပါတယ်။သံလွင်ဆီက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ Vitamin E လဲကြွယ်ဝပါတယ်။ ရေပြားပေါ်မှာ လိမ်းမယ်ဆိုရင် UV ဒဏ်ကနေကာကွယ်ပေးနိုင်ပြီး ရေပြားကင်ဆာ ဖြစ်နိုင်ချေကို ​လျှော့ချပေးနိုင်ပါတယ်။ အသုပ်တွေကို သံလွင်ဆီထည့်သုပ်ခြင်းဖြင့်လဲ ပိုမိုကောင်းမွန်တဲ့အသားအရေရဖို့ ထောက်အပံ့ပေးနိုင်ပါတယ်။

Comments

  1. Replies
    1. မုန်လာဥနီကို သံလွင်ဆီနဲ့ကြော်စားရမယ်

      Delete
  2. ကော်ဖီပြီးရင် အသောက်ဖြစ်ဆုံးက carrot juice၊ ကိုယ်တိုင် ကြိတ်သောက်ဖြစ်တယ် ...🥕🍹

    ReplyDelete
    Replies
    1. ဟုတ်လား သောက်လို့ကောင်းလား ယောက္ခမကြီး
      အတွက် မကြာမကြာဖျော်ပေးဖြစ်ပေမယ့် ကိုယ်တော့ တစ်ခါမှ မသောက်ဘူးဘူး😅😅

      Delete
    2. ကြိုက်တဲ့သူအတွက်တော့ကောင်းတယ် Sis၊ တချို့က သူ့အနံ့ကြောင့် မကြိုက်ကြဘူး၊ ညိုပြာကတော့ ပန်းသီးစိမ်းနှင့်‌ရောကြိတ်တယ်(သို့)သံပုရာသီး ညှစ်ထည့်တယ်။

      Delete
    3. အိုခေပါ
      😘😘😘

      Delete
  3. 🥕🥕🥕🥕🥕ကို့ရဲ့အကြိုက်အစားအစာထဲကတစ်ခု

    ReplyDelete
  4. ဒါဆို အုန်းဆီသောက်နေရာကနေ သံလွင်ဆီပြောင်းသောက်ရမယ် 😁

    ReplyDelete
  5. သခေါိလေးနဲ့ဖိုးရွှေယုန်မုန်လာဥကိုငုံ
    သူငုံတာကတခဏ မင်းကိုချစ်တာထာဝရ....🤍
    ဘာမှမဟုတ်ဘူး ငယ်ငယ်ကအော်တိုစာအုပ်တွေထဲမှာရေးဖူးတဲ့ကဗျာလေး သတိရသွားလို့

    ReplyDelete
    Replies
    1. ခွေးလွှတ်လိုက်ကြပါသူစကားအရမ်းများလို့😁😁

      Delete
    2. တောထဲယုံလိုက်ကြမယ်

      Delete
    3. အဲ့တာ တခါမှမကြားဖူးဘူး
      တခြား အော်တိုတွေတော့ အများကြီးကြားဖူးတယ်

      Delete
  6. Ouo.io link clickပြီးရင် vpnပြောင်းဖို့လိုလားဟင်ကျနော်ကouo.ioနဲ့adshnkတစ်စုံclickပြီးမှ vpnပြောင်းတာမို့လို့
    ဒီchannel မှာတော့ouo.ioနဲ့oke.io တစ်စုံclickပြီး vpnပြောင်းတယ်
    အဲ့ဒါသိတဲ့သူတွေဝင်ဖြေပေးသွားကြပါဦးနော်❤

    ReplyDelete
    Replies
    1. Telegram မှာမေးပါဗျ။

      Delete
    2. ပေးထားတဲ့ လင့်တွေကိုအစဉ်လိုက်တိုင်း vpn location တစ်မျိုးထဲနဲ့ ကလစ်လို့ရပါတယ်
      ဒီလင့်တွေကိုပဲ နောက်ထပ် ထပ်ကလစ်ရင်သာ location ချိန်းကလစ်ရတာပါ အဲ့လို နားလည်ထားပါတယ် 🥰

      Delete
    3. Ouo link တွေပဲ ဆက်တိုက် ကလစ်မယ်ဆို လင့်အမျိုးစားတူလို့ ၁မိနစ် ၂မိနစ်လောက်ခြားပြီး ကလစ်ရပါတယ်

      Delete
    4. ဟုတ်ဖြေပေးလို့ကျေးဇူးပါဗျာ💚

      Delete
    5. မရဘူးနော်ဒီမှာဘဲမေးချင်တာ
      Bro Myo Htut rpပြန်တာemojiမပါလို့
      ဒီနားက​ေအာင့်တယ်(ဘဲလေးရင်ဘတ်ထိုးပြနေသည့်ပုံဖြင့်မြင်ယောင်ပါရန်)

      Delete
    6. ကလစ်ကာစကားအတတ်လေးတွေ ကောမန့်တွေဖတ်ပီးသဘောကျ😍

      Delete
    7. reply တွေ မန့်တွေမှာ emogi ထည့်ပေးသင့်ကြောင်း ဟာယွန်ဘင်ဆီမှ သင်ယူခဲ့ရပါတယ် 😍

      Delete
  7. Replies
    1. ဘာမှန်းတော့မသိဘူးသစ်ပင်စိုက်တာက😁😁😁

      Delete
    2. ဘယ်မှာလဲ သစ်ပင်က🧐

      Delete
    3. အာ့သစ်ကိုင်းလား

      Delete
    4. 🌿ဒါကိုပြောတာလား
      အဲဒါဆိုရင်တော့ သပြေခက်လို့ထင်တာပဲ
      ဟုတ်လားတော့မသိပေမယ့်

      Delete
  8. ❤❤❤
    🥕🥕🥕
    မုနလာဥနီကိုဘယ်လိုလုပ်လုပ်ကြိုက်တယ်
    အသီးအရွက်တွေ အားလုံးကို ကြိုက်နေတဲ့သူမို့...

    ReplyDelete
  9. Replies
    1. အနီရောင်ပန်းသီးမြင်ရင်စနိုးဝှိုက်ကိုသတိရ🥲

      Delete
    2. ဘာလို့လဲတော့မသိဘူး စိတ်ထဲမှာအဲ့နှစ်ခုကအတွဲလိုက်ပဲ
      ပန်းသီးအနီမြင်ရင်စနိုးဝှိုက်
      စနိုးဝှိုက်မြင်ရင်အနီရောင်ပန်းသီး

      Delete
    3. တစ်ကယ့်က​လေး​လေး🤭😁😅✌🍀🍀

      Delete
    4. ဟုတ် ယိုးက ကလေးစိတ်ပါ

      Delete
  10. မုန်လာဥနီက ဒီတိုင်းကို စားတာ အမြဲတမ်း
    စျေးသွားတဲ့သူကိုလဲ အမြဲမှာလို့ အိမ်မှာ တခါတလေ ယုန် လို့ ခေါ်ခံရတယ်
    သံလွင်ဆီးကျ လိမ်းပဲလိမ်းတယ် မစားနိုင် စျေးတအားကြီး

    ReplyDelete
  11. သံလွင်ဆီး😬😳

    ReplyDelete
  12. အရမ်းကြိုက်တဲ့ အစားအစာ ငတ်နေတာကြာပီ🌝🥕🥕🥕

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete
  14. ခါကြက်ဥ စားပါ၏။
    သံလွင်ဆီ စျေးကြီး၏။

    ReplyDelete
  15. ခါကြက်ဥ
    သုပ်စားလည်းကြိုက်ပါ၏။
    ပြောင်းဖူးနှင့်ကြော်စားလည်းကြိုက်ပါ၏။
    တို့စားလည်း ကြိုက်ပါ၏။
    ကျေးဇူးတင်ပါသည်။

    ReplyDelete
  16. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  17. Yes
    Clivk,click,click..............

    ReplyDelete
  18. Wheel............dope.🏹🏹🏹

    ReplyDelete
  19. အသားရေလေးလည်း လှပါစေ။
    စိတ်ထားလေးလည်း လှပါစေ။

    ReplyDelete
  20. ခါကြက်ဥ
    သရက်ချဉ်
    ကြွက်နားရွက်မှို
    ဂေါ်ဖီ
    ကြက်သွန်နီတို့နဲ့
    ဆီချက် မြေပဲတို့နဲ့
    သုပ်စားလည်းကောင်းပါ၏။

    ReplyDelete
    Replies
    1. ကြိုက်တယ် အရမ်းကောင်း💕

      Delete
  21. ဂေါ်ရခါးသီးပါးပါးလှီး
    ခါကြက်ဥလည်းပါးပါးလှီး
    နှစ်မျိုးစလုံး အမျှင်ချောင်း
    လေးတွေ လှီး။
    ကြက်သွန်ဆီချက်၊ကြက်သွန်ကြော်၊နှမ်း နဲ့ မြေပဲလေးထောင်း
    သံပရာ အချဉ်လေးညှစ်
    ဆား အချိုမှုန့်လိုသလောက်ထည့် သုပ်စား စားကောင်းပါ။၏

    ReplyDelete
    Replies
    1. ဟုတ် ၊ သုပ်စားကြည့်မယ် နော် ။မမကျေးဇူး💕💞

      Delete
    2. အရမ်းကောင်းတယ် 🤤💕

      Delete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!