ကိုယ်ဝန်​​ဆောင်ချိန်အတွင်းစားသင့်​သောအစားအစာများ (၃)

၄။ ဒိန်ချဥ်


          ဒိန်ချဥ်ဟာ အသားဓါတ်နဲ့ ကယ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ Probiotic ​တွေ ဗီတာမင်ဘီ နဲ့ ​ဖော့စဖိတ်ဓါတ်တွေကလဲ ဒိန်ချဥ်မှာ  အများကြီးပါဝင်ပါတယ်။ ကယ်ဆီယမ်ဓါတ်က လေးရဲ့ အရိုးဖွံ့ဖြိုးမှာကောမိခင်ရဲ့အရိုးကျန်းမာရေးအတွက်ပါ ထောက်အကူပြုပါတယ်။ ဒါပေမယ့် အရသာအချိုတွေ ထည့်ထားတဲ့ ဒိန်ချဥ်ထက်စာရင် ဒိန်ချဥ်အလွတ်ကိုသာ ပိုသောက်သင့်ပါတယ်။ ကယ်ဆီယမ်ကြွယ်ဝစေတဲ့ ​နောက်အစားအစာတစ်မျိုးကတော့ နို့ပဲ ဖြစ်ပါတယ်။


၅။ ပဲအမျိုးမျိုး


          ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ အသားဓါတ်၊ အမျှင်ဓါတ်၊ သံဓါတ်၊ folate နဲ့ calcium ဓါတ်တွေကို ပိုပြီးလိုအပ်ပါတယ်။ ပဲတွေမှာ ပေါ်က ဓါတ်တွေ အကုန်ကြွယ်ဝစွာပါဝင်ပါတယ်။ ဒီထဲမှာမှ folate ဓါတ်ဟာ ကလေး​​ရော မေအတွက်ပါ မရှိမဖြစ်လိုအပ်တဲ့ ဓါတ်၁မျိုးပါ။ ပဲတွေက အမျှင်ဓါတ်လဲ ကြွယ်ဝတဲ့အတွက် ကိုယ်ဝန်​​ဆောင်မိခင်တွေမှာ အဓိကတွေ့ကြုံရတဲ့ပြဿနာနှစ်မျိုးဖြစ်တဲ့  ဝမ်းချုပ်ခြင်းနဲ့လိပ်ခေါင်းဖြစ်ခြင်းကို ကာကွယ်​​ပေးနိုင်ပါတယ်။

Comments

  1. ဗဟုသုတရရှိစေလို့ ကျေးဇူးပါ

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
    Replies
    1. ဒိန်ချဉ်မကြိုက်ဘူး ဒါမဲ့ ခုနောက်ပိုင်းနည်းနည်းစီစားပြီး စားနိုင်အောင်ကျင့်နေတယ် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုလို့ 😁

      Delete
    2. တို့လဲ အစက မကြိုက်ဘူး Sis ရဲ့
      စားရင်းနဲ့ ကြာတော့ကြိုက်သွားပြီး ခုကျ တကူးတကန့်ကိုဝယ်စားရတော့တာ

      Delete
    3. အရမ်းတော့မကြိုက်သေးဘူး စားတော့စားနိုင်နေပါပြီ 😁😁

      Delete
    4. ကိုယ့်ဘာသာလုပ်တဲ့ ဒိန်ချဥ်​လေးဆို ပိုအရသာရှိ​နေ​ရော..😁😁✌🍀

      Delete
    5. တော်လိုက်တာ
      Moe Pyay👏👏👏

      Delete
    6. ပျင်း​နေတာ လုပ်ဖို့ကို 😁🌳🌧

      Delete
    7. မိုး ကိုယ်တိုင်လုပ်တဲ့ဒိန်ချဉ် စားဖူးချင်တယ်😇

      Delete
    8. ဒီကိုလဲ ပို့ပေးပါ လို့ 😁😁

      Delete
    9. တီလေးကနေတဆင့် သမီးကိုပြန်ပို့ပေး😁

      Delete
  3. ❤❤❤
    ဒိန်မချဥ်ပဲကြိုက် နွားနို့က တော့ အကြိုက်ဆုံး ပါ

    ReplyDelete
  4. ကျေးဇူးပါဗျ

    ReplyDelete
  5. သာမန်လူလည်းအသုံးဝင်တယ်မဟုတ်လားဆရာ နှစ်မျိုးလုံးကြိုက်ပါတယ်

    ReplyDelete
  6. ကျေးဇူးတင်ပါတယ်။
    ဒိန်ချဉ်သားကြီးပဲ မကြိုက်ရင်
    စတော်ဘယ်ရီ၊ငှက်ပျောသီး၊
    ပန်းသီးတို့နှင့် ဖျော်သောက်လျှင်လည်း ကောင်းပါ၏။

    ReplyDelete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  9. စတော်ဘယ်ရီ၊ပန်းသီးငှက်ပျောသီး၊ထောပတ်သီး၊
    သင်းဘောသီး၊စပျစ်သီး
    စသည့်အသီးလေးတွေကို
    တော်နေလေးတွေလှီး
    ပြီးရင် ဒိန်ချဉ်သားထည့်
    သကြားရည်ဆမ်း
    သီးစုံဒိန်ချဉ် စားကောင်းပါ၏။

    ReplyDelete
  10. ဟင်းသားချက်တဲ့ထဲ
    ဒိန်ချဉ် အနည်းငယ်
    ထည့်၍ ချက်ပါက
    အနူးမြန်ပါ၏။
    ပုစွန်တုပ်ဟင်းထဲ
    ထည့်ချက်ပါက
    ပိုစားကောင်းပါ၏။

    ReplyDelete
  11. ပဲအမျိုးမျိုး ကြိုက်ပါ၏။

    ReplyDelete
  12. 🌸🌼🌸
    🍀(⁠ʘ⁠ᴗ⁠ʘ⁠)🍀

    ReplyDelete
  13. (⁠๑⁠♡💜⁠♡⁠๑)
    🌻🌻🌻🌻

    ReplyDelete
  14. ဒိန်ချဉ်ကြိုက်တယ်.

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!