သွေး​ပေါင်ချိန်ထိန်းညှိ​ပေး​သော အစားအစာများ (၅)

 ၇။ ဖရုံ​စေ့

ဖရုံ​စေ့​တွေက ​သေးငယ်​ပေမဲ့ သူတို့က အာဟာရကြွယ်ဝပါတယ်။ ဖရုံ​စေ့​တွေမှာ Magnesium , Potassium နဲ့ Arginine ဓါတ်​တွေ ကြွယ်ဝစွာပါဝင်ပြီး ဒီဓါတ်​တွေက ​သွေး​ပေါင်ချိန်ထိန်းညှိဖို့ အ​ထောက်အကူပြုပါတယ်။ Arginine ဆိုတာ nitric oxideအတွက် အ​ရေးပါတဲ့ amino acid တစ်မျိုးဖြစ်ပြီး nitric oxide က​သွေး​ကြော​တွေကို ကျယ်​စေပြီး ​သွေး​ပေါင်ကျ​စေပါတယ်။ ဖရုံ​စေ့ဆီကလဲ ​သွေးတိုး​ရောဂါအတွက် ​ကောင်းပါတယ်။


၈။ခရမ်းချဥ်သီး

          ခရမ်းချဥ်သီးမှာ နှလုံးကျန်းမာ​ရေးနဲ့ ​သွေးတိုး​​ရောဂါကို ကာကွယ်​ပေးနိုင်တဲ့ lycopene ဓါတ်ကြွယ်ဝပြီး Vitamin C နဲ့ Quercetin လဲကြွယ်ဝစွာ ပါဝင်ပါတယ်။


၉။ Greek ဒိန်ချဥ်

          Greek ဒိန်ချဥ်က​ သွေး​ပေါင်ချိန်ကို ထိန်းညှိ​​ပေးနိူင်တဲ့ potassium နဲ့ calcium ဓါတ်​တွေအပြင် အာဟာရဓါတ်​တွေလဲ ကြွယ်ဝပြီး နို့ထွက်ပစ္စည်း တစ်ခုဖြစ်ပါတယ်။ Greek ဒိန်ချဥ်က probiotic လဲကြွယ်ဝပြီး ဒီ probiotic က အာဟာရ​တွေကို အူက​နေ ပိုပြီးစုပ်ယူ​စေနိုင်ဖို့ အ​ထောက်အကူပြုပါတယ်။ ဒါ​ပေမဲ့ သကြားက ခန္တာကိုယ်အတွက် မ​ကောင်းတာ​ကြောင့် သကြားပါဝင်မှုနဲတဲ့ greek ဒိန်ချဥ် မျိုးကို ​ရွေးချယ်ဝယ်ယူသင့်ပါတယ်။

Comments

  1. ကျေးဇူးပါ ဆရာ

    ReplyDelete
  2. မှတ်သားစရာတွေ

    ReplyDelete
  3. Replies
    1. မချိုမချဉ် 😁🤭

      Delete
    2. ပြုံးစိစိပေါ့😀

      Delete
    3. ချဉ်ပြုံးချဉ်ပြုံး 😁

      Delete
    4. ဒိန်ချဉ်က သံပရာသီးဖြစ်သွား 😁😂

      Delete
  4. Replies
    1. ဖရုံစေ့
      မှတ်ထားပါပြီ

      Delete
    2. ထန်းလျက်နဲ့ သောက်ရင်ကော
      ဒိန်ချဥ်လေ

      Delete
  5. ❤❤❤
    ဖရုံစေ့ရောခရမ်းချဥ်သီးရော ဒိန်ချဉ် ရောသဘောကျပ မှတ်သားစရာတွေ

    ReplyDelete
  6. သကြားနဲ့ဖျော်တဲ့ ဒိန်ချဉ်ထက် ထန်းလျက်နဲ့ဖျော်တဲ့ ဒိန်ချဉ်က ပိုစားကောင်း

    ReplyDelete
    Replies
    1. ဒိန်ချဥ်ကို ဗမာဒိန်ချဥ်ပဲကြိုက်တယ်။ ထန်းလျှက်နဲ့။

      Delete
    2. ရီုက်လိုက်ပါ ဉီး 🤜🤛😍

      Delete
  7. ဖရုံစေ့ကို ဒီအတိုင်း အပျင်းပြေသာစားနေတာ
    အဟာရရှိမှန်း ခုမှ သိတယ်

    ReplyDelete
  8. ဒီခရမ်းချဥ်သီးဟာ နေရာတကာ ပါ🙂

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. ကျိုင်းဇူး

    ReplyDelete
  12. 👍🏻👍🏻👍🏻👍🏻👍🏻

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!