သွေး​ပေါင်ချိန်ထိန်းညှိ​ပေး​သော အစားအစာများ (၃)

 ၃။ ဘယ်ရီသီးများ

          ဘယ်ရီသီး​တွေက နှလုံး​ရောဂါ ဖြစ်နိုင်​ချေကို ​လျှော့ချ​ပေးတာ အပါအဝင် ကျန်းမာ​ရေး​ကောင်းကျိုး​တွေ များစွာရှိပါတယ်။ Anthocyanin ဆိုတဲ့ Flavonoid ဓါတ်တစ်မျိုးက ဘယ်ရီသီး​တွေမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများစွာထဲက တစ်ခုဖြစ်ပြီး သူတို့က ဘယ်ရီသီး​တွေကို အ​ရောင်လှလှ​လေး ​တွေလဲ ဖြစ်​အောင်လုပ်​ပေးပါတယ်။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်း​တွေက ​ ​သွေး​ပေါင်ကိုလဲ ထိန်းညှိ​ပေးပြီး ဦး​နှောက်ကျန်းမာ​ရေးကိုလဲ အ​ထောက်အကူပြုပါတယ်။ Anthocyanin ​တွေက ​သွေးတွင်းက Nitric Oxide ပမာဏကို တိုးမြင့်​ပေးပြီး ​သွေး​ပေါင်ကျ​စေပါတယ်။ ဘယ်ရီသီး​တွေအားလုံးက အာဟာရကြွယ်ဝပြီး ​သွေးတွင်းသကြားဓါတ်ကို ကျ​စေနိုင်တဲ့အမျှင်ဓါတ်လဲ ပါဝင်ပါတယ်။


၄။ သလဲသီး

          သလဲသီးမှာပါတဲ့ ​ဓာတ်တိုးဆန့်ကျင်ပစ္စည်း​တွေ နဲ့ တခြားဓါတ်ပစ္စည်း​တွေက ​သွေး​ကြော​တွေမှာ အဆီ​တွေစုပြီး  ကျဥ်းစေတဲ့​ရောဂါနဲ့ ​သွေးတိုး​စေခြင်းကို ကာကွယ်​ပေးပါတယ်။

          သလဲသီး​တွေကို အသီးလိုက်လဲ စားလို့ရသလို ​ဖျော်ရည်လဲလုပ်​သောက်လို့ရပါတယ်။ ဒါ​ပေမဲ့ ​ဖျော်ရည်​တွေဝယ်​သောက်မယ်ဆိုရင်​တော့ သကြားအတတ်နိုင်ဆုံးမပါတာကို ရှာပြီး ဝယ်​သောက်ဖို့ လိုပါမယ်။ ​လေ့လာချက်​တစ်ခုမှာဆိုရင် သလဲသီး​ဖျော်ရည် တစ်ခွက်​နေ့စဥ်​ပုံမှန်​သောက်​ပေးခြင်းက ​သွေး​ပေါင်ချိန်ကို ထိန်းညှိ​ပေးနိုင်တယ်လို့ ​ဖော်ပြထားပါတယ်။

Comments

  1. သလဲသီးတော့အိမ်မှာအပေါဆုံးပဲ

    ReplyDelete
  2. Replies
    1. သလဲသီးများနဲ့ စတော်ဘာ်ရီ🍓

      Delete
    2. သလဲသီးပုံရှာမတွေ့ဘူး

      Delete
    3. ရှိဘူးလား။သိမှမသိတာကို😖😣

      Delete
  3. Wheel............dope.🏹🏹🏹

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete
  5. ✨✨✨(⁠人⁠ ⁠•͈⁠ᴗ⁠•͈人⁠ )

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!