သွေး​ပေါင်ချိန်ထိန်းညှိ​ပေး​သော အစားအစာများ (၆)

 ၁၀။ အစိမ်း​ရောင်ဟင်းရွက်များ

          Potassium, Magnesium နဲ့ calcium ဓါတ်​တွေဟာ ဟင်းနုနွယ်၊ ကိုက်လန်နဲ့ ​​ဂေါ်ဖီထုပ်တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်​တွေဟာ အာဟာရကြွယ်ဝတာ​ကြောင့်  အမျိုးစုံ​အောင်စားသင့်ပါတယ်။ ​သွေး​ပေါင်ချိန်ထိန်းညှိ​ပေးနိုင်တဲ့ nitrate ဓါတ်​တွေကလဲ အစိမ်း​ရောင်ဟင်းရွက်​တွေမှာ ပါဝင်ပါတယ်။


          အခု​ဖော်ပြခဲ့တာက​တော့ ​သွေး​ပေါင်ချိန်ထိန်းညှိ​ပေးနိုင်တဲ့ အစားအစာ ၁၀မျိုးပဲဖြစ်ပါတယ်။ သင့်မှာ ​သွေးတိုးရှိတယ်ဆိုရင် အငန်ဓါတ်များတဲ့အစားအစာ​တွေ , အရက်​တွေ, အသင့်စား အစာ​တွေနဲ့ လက်လုပ်ချဥ်​တွေကို ​ရှောင်ကြဥ်သင့်ပါတယ်။ 

          အခု ​ဖော်ပြခဲ့တာ​တွေက​တော့ အကြမ်းမျဥ်း ​ဖော်ပြချက်​တွေဖြစ်ပြီး လူတိုင်းက မတူညီတဲ့ ဖွဲ့စည်းပုံ​တွေရှိတာ​ကြောင့် ကိုယ့်မှာ ​သွေးတိုးရှိတယ်ဆိုရင်  ဆရာဝန်နဲ့​​သေချာတိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် သင်က ဒီအစားအစာ​တွေကို ပုံမှန်စား​နေပြီး လမ်း​လျှောက်ခြင်း၊ ​လေ့ကျင့်ခန်းလုပ်ခြင်း လိုမျိုး ကျန်းမာ​ရေးလိုက်စား​နေရင်​တောင်မှ ​သွေးထိန်း​ဆေး​သောက်ဖို့ကို မ​မေ့သင့်ပါဘူး။ ဆရာဝန်ရဲ့ညွှန်ကြားချက်မပါပဲ ဒီ​ဆေး​တွေကို မိမိ သ​​​ဘောနဲ့ မရပ်သင့်ပါဘူး။


          မှတ်ချက်။ အ​​ပေါ်က စာပိုဒ်​တွေမှာ ကျွန်​တော်က ​သွေးတိုးကျ​​ဆေးအစား ​​သွေးထိန်း​ဆေးလို့သုံးထားတာ​တွေ့ပါလိမ့်မယ်။ ဒီ၂ခုက တကယ်​တော့ အတူတူပါပဲ။ တစ်ချို့က​သွေးတိုးကျ​​​ဆေးလို့​ပြောရင် ဒီ​ဆေး​တွေ​သောက်လိုက်ရင် ​သွေးတိုး​တွေ ပြုတ်ကျသွားမှာ စိုးတဲ့အတွက် ​သွေးတိုး​နေတဲ့အချိန်မှာပါ ​သောက်ပြီး ကျန်တဲ့အချိန်​တွေမှာ မိမိသ​ဘောနဲ့ ရပ်ထားတက်ကြပါတယ်။

           တကယ်​တော့ ဒီ​ဆေး​တွေက ​သွေး​ပေါင်ချိန်ကို ထိန်းညှိ​ပေးတာဖြစ်ပြီး ​သွေးတိုးတဲ့အချိန်မှာ​ရော၊ ​သွေး​ပေါင်ချိန်ပုံမှန်ဖြစ်​နေချိန်မှာပါ ​သောက်ရမှာပါ။ ​ခေါင်းမူးခြင်း၊ ​​ချွေးဆီးပြန်ခြင်းလို လက္ခဏာ​တွေရှိမှသာ ​သွေး​ပေါင်ကျ​နေလား ချိန်ကြည့်ပြီး ​ဆေးကို ​​လျှော့သင့်လား ဘယ်လို ဆက်​သောက်သင့်လဲ ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Comments

  1. ဗဟုသုတရစေတဲ့အတွက် ကျေးဇူးပါ
    Done 💕💕💕

    ReplyDelete
    Replies
    1. ဒီနားလေး ကပ်ရေးမယ်နော် အောက်ထိဆင်းရေးရတာခြေထောက်ညောင်းလို့😂

      Delete
  2. ကျေးဇူး အများကြီးတင်ပါတယ်
    မင်မင်ရေ
    အရမ်းအသုံးဝင်တဲ့ ဗဟုသုတရစရာတွေပါ 😍😍😍

    ReplyDelete
  3. 🥦🥬 🫑🌱🌱

    ပြည့်ပြည့်စုံစုံမျှဝေပေးတဲ့အတွက် ကျေးဇူးပါဗျ

    ReplyDelete
  4. ဪ အဲ့လိုကိုး
    ကျေးဇူးပါဗျ ✌️

    ReplyDelete
    Replies
    1. အင်း ဟုတ်တယ် အဲ့လို ... ✌️🍀🤭

      Delete
    2. အဲ့လိုတဲ့လားဗျ 🤔😁

      Delete
    3. ဟုတ် အဲ့လိုပါတဲ့ဗျာ🤭😁

      Delete
    4. ဪ အဲ့ဂလိုကိုး 🤔🤭

      Delete
  5. ဗဟုသုတမျှဝေပေးလို့ ကျေးဇူးပါဗျ♥️

    ReplyDelete
  6. ❤❤❤
    ဟုတ် မှတ်ထားပါပြီလို့စ်

    ReplyDelete
  7. တန်ဖိုးရှိတဲ့ ကျန်းမာရေး ဗဟုသုတတွေ မျှဝေပေးလို့ ကျေးဇူးပါ။💕
    "သွေးတိုးတွေ ပြုတ်ကျသွားမှာ စိုးတဲ့အတွက်" စာကြောင်းလေးတော့ ရယ်ချင်တယ်။ 😁

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. ကျေးဇူးတင်ပါတယ်။

    ReplyDelete
  11. ကျေးဇူးတင်ပါတယ်🙆

    ReplyDelete
  12. Thanks
    (⁠.⁠ ⁠❛⁠ ⁠ᴗ⁠ ⁠❛⁠.⁠)

    ReplyDelete
  13. Thanks
    (⁠✿⁠^⁠‿⁠^✿⁠)

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!