ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၃)

 ၁) ပန်းသီး 🍏 🍎


        Ok! ကျွန်တော့အကြိုက်ဆုံးအသီးဖြစ်တဲ့ "ပန်းသီး"နဲ့စလိုက်ကြရအောင်! 

        ပန်းသီးမှာ ပရိုဆိုင်ရာနီဒင်း (procyanidin) B2 နဲ့ အက်ပီကတီချင်း (epicatechin) လို့ခေါ်တဲ့ ပိုလီဖီနောလ် (polyphenol) ကြွယ်ဝပါတယ်။ ဗီတာမင် E နဲ့ စီလီနီယမ် (selenium) လည်းပါဝင်ပါတယ်။ တကယ်တော့ ပန်းသီးအစိမ်း🍏တွေထက် ပန်းသီးအနီ🍎တွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ပိုမိုပါဝင်ပါတယ်။ 


        သင်ပန်းသီးစားတဲ့အခါ ပန်းသီးအခွံကိုပါ စားပေးပါ၊ ဘာလို့လဲဆိုတော့ ပန်းသီးအသားထက် ပန်းသီးအခွံမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ပိုများရုံသာမက သင့်ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အမျှင်ဓါတ် (Fiber)တွေလည်း ပိုမိုပါဝင်လို့ပဲဖြစ်ပါတယ်။ 


၂) ချောကလက်အညို (Dark Chocolate) 🍫


        ချောကလက်စားရတာကြိုက်တဲ့သူတွေအတွက်တော့ သတင်းကေါင်းပေါ့ဗျာ! ချောကလက်အညို (dark chocolate)မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)၊ သတ္တုဓါတ်နဲ့ အာဟာဓါတ်များစွာပါဝင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်မှု၊ ကင်ဆာကာကွယ်ဆန့်ကျင်မှုနဲ့ ရောင်ရမ်းမှုကိုလျှော့ချနိုင်ခြင်း စတဲ့အစွမ်းတွေရှိတဲ့ ဖလေဗိုနွိုက် (Flavonoid)လည်း ပေါများစွာပါဝင်ပါတယ်။ အယ်ဇိုင်းမား (Alzheimer) ရောဂါအန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။


        ဒါပေမဲ့ ကိုကိုး (cocoa) ပမာဏများများပါတဲ့ အရည်အသွေးကောင်းတဲ့ချောကလက်အညိုကို ရွေးချယ်စားသုံးဖို့ မမေ့ပါနဲ့! 🫗🍫ပြောရမယ်ဆိုရင် အရည်သွေးကောင်းတဲ့ dark chocolate တွေက Blueberries 🫐ထက်ပိုပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) ပိုမိုပါဝင်နေပါတယ်။


        Dark chocolateဟာ နှလုံးရောဂါအန္တရာယ်ကို လျော့နည်းစေရာမှာလည်း လူသိများကြပါတယ်။ Dark chocolateက HDL လို့ခေါ်တဲ့ ကောင်းတဲ့ ကိုလက်စထရော (good cholestrol) ကိုတိုးစေပြီး LDLလို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရော (bad cholestrol) ကိုလျှော့ချပေးပါတယ်။ လေ့လာမှုတခုအရ အရည်အသွေးကောင်းတဲ့ dark chocolate ကိုစားသုံးခြင်းဟာ systolic နဲ့ diastolic စတဲ့ အထက်/အောက် သွေးပေါင်ချိန် ၂မျိုးစလုံးကို လျော့နည်းစေပါတယ်။ 

Comments

  1. 2မျိုးလုံးကြိုက်တယ်😁
    ပန်းသီးကတော့အစကတည်းအခွံခွာမစားဘူး ပျင်းလို့😂

    ReplyDelete
  2. နှစ်ခုလုံးကြိုက်ကြိုက်🍎🍏🍫

    ReplyDelete
  3. ကျော်လည်းကြိုက်တယ် 🍎
    ဒါမယ့်အခွံတော့မစားရဲဘူး☹️

    ReplyDelete
  4. အကုန်စားပါတယ်ဗျ😂

    ReplyDelete
  5. အကြိုက်ဆုံးဆိုတာတေမရှိဘူး
    အကုန်စားတယ်😁

    ReplyDelete
  6. ကြုံရင်စားပါတယ်

    ReplyDelete
  7. ပန်းသီး is the best. :D

    ReplyDelete
    Replies
    1. ချော့ကက်စားချင်လာပီ

      Delete
    2. 🍫🍫🍫🍫🍫

      Delete
    3. 🍏🍎🍏🍎🍫🍫🍫

      Delete
  8. အခွံပါစားမယ် ...🍏🍎
    😁✌🍀

    ReplyDelete
  9. ချောကလက်က မကြိုက်ဘူး ။
    အသီးပဲစားမယ် ။

    ReplyDelete
    Replies
    1. noted
      တီလေးဂျူလီ ဒုန့်လိုက်ချိုကိုလိတ်🤭

      Delete
    2. ချော့ကလက်မကြိုက်တာ တူတဲ့သူရှိပြီပဲ
      I'm not lonely 😀

      Delete
    3. @မိုမိဂျိလေး ချစ်ဖို့ကောင်း🥰
      @Moeတိမ်ပန်းချီ ဟုတ် တူတူပဲနော်🥰

      Delete
    4. သားရောကွီးဇော်

      Delete
    5. မှားသွားတယ်
      doesn't like ဖြစ်ရမှာ😆
      တီလေးဂျူလီတစ်ယောက်ပဲချိုကိုလိတ်မကြိုက်တာမလား နောက်တီလေးဂျူလီတစ်‌ေယာက်ကတော့ကြိုက်ချင်ကြိုက်မှာ🙂

      Delete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. ချောကလက်ကမကြာခင်စားရတော့မှာ🤭

    ReplyDelete
    Replies
    1. ကျွေးမယ့်သူရှိလို့လား😏

      Delete
  12. ပန်းသီးကို ဒူးရင်းသီးလောက်မကြိုက်ရော

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete
  14. Thanks ^⁠_⁠_⁠_🍫🍫🍫⁠_⁠_⁠_⁠_⁠^

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!