ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၅)

 ၅)စပျစ်သီး 🍇


        စပျစ်သီး , အထူးသဖြင့် ခရမ်းရောင်နဲ့အနီရောင်ရှိတဲ့ စပျစ်သီးတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေနဲ့ ဗီတာမင် C တို့ ပါဝင်ပါတယ်။ စပျစ်သီးမှာတွေ့ရတဲ့ Anthocyanin နဲ့ Proanthocyanin စတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေဟာ ကင်ဆာနဲ့နှလုံးရောဂါကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။ 


၆) ဇီးသီးခြောက် 


        ဇီးသီးခြောက်တွေဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) ဖြစ်တဲ့ ပိုလီဖီနောလ်များရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ ဇီးသီးခြောက်တွေမှာ အမျှင်ဓါတ်တွေလည်း များစွာပါဝင်ပါတယ်။ အမျှင်ဓါတ်တွေက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အူလမ်းကြောင်းအနာရောဂါ နဲ့ ဝမ်းပိတ်ဝမ်းချုပ်ခြင်း စတဲ့ ရောဂါအတော်များများရဲ့အန္တရာယ်ကိုလျော့ချနိုင်မှုနဲ့ ဆက်စပ်နေပါတယ်။ 


၇) Raspberries 


        Raspberries မှာ အာဟာရဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် C၊ မန်ဂနိစ် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေ ပေါများစွာပါဝင်ပါတယ်။ Raspberriesမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေနဲ့ အခြားဒြပ်စင်တွေက ကင်ဆာနဲ့ နှလုံးရောဂါအန္တရာယ်တွေကို လျှော့ချပေးနိုင်မှုနဲ့ သက်ဆိုင်ကြောင်း လေ့လာမှုများစွာမှာ ဖော်ပြထားပါတယ်။ 


        ထို့အပြင် Raspberriesမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)များ , အထူးသဖြင့် Anthocyanin ဟာ free radicalနဲ့ antioxidant မညီမျှခြင်းကြောင့်ဖြစ်ပေါ်လာတတ်တဲ့ oxidative stress နဲ့ ရောင်ရမ်းခြင်းကို လျော့နည်းစေပါတယ်။ အကျိုးဆက်အနေနဲ့တော့ နှလုံးရောဂါအန္တရာယ်ကိုပါ လျော့နည်းလာစေပါတယ်။ 


        Raspberries တွေက ချိုလည်းချို၊ အာဟာရလည်းကြွယ်ပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေလည်း အပြည့်ပါဝင်ပါတယ်။ Blueberriesတွေလိုပဲ Raspberries တွေမှာလည်း Anthocyaninလို့ခေါ်တဲ့ ရောင်ခြယ် ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပေါများပြီး ခန္ဓာကိုယ်ရောင်ရမ်းခြင်းလျော့နည်းစေနိုင်တဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။

Comments

  1. Raspberries စားဖူးဘူးဝယ်ကျွေးပါမင်"☹️

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  3. ဇီးသီးခြောက်ဆိုလို့ ဇီးထုပ်စားလို့ရောရလား။
    သမီးက ဇီးထုပ်ကြိုက်လို့ ဆရာ။🤭🤭

    ReplyDelete
  4. Raspberries အခြောက်ခံထားတာတော့စားဖူးတယ် အသီးအစိုတော့မစားဘူးဘူး

    ReplyDelete
  5. Blueberry ရော Raspberry ရောမစားဖူးဘူး
    မြင်တောင်မမြင်ဖူးဘူးရယ်😄

    ReplyDelete
    Replies
    1. ကျွေးမယ်...
      အိပ်မက်ထဲမှာ.. 🤭🍀🍀

      Delete
    2. blueberry ကစားဖူးတယ်
      Respberries က စားဖူးဖို့နေနေသာသာ ခုမှကြားဖူးတာ
      အဖော်ရှိပြီ 😀

      Delete
    3. @မိုး တကယ်လာကျွေးနော် စောင့်နေမှာ🤭🍀
      @Moeတိမ်ပန်းချီ 🤝🍀

      Delete
    4. ကျွေးလိုက်ပြီ​နော်...😁😅

      Delete
    5. ဘယ်တုန်းကကျွေးလိုက်တာ သိတောင်မသိလိုက်ဘူး..😕😅

      Delete
    6. အိပ်မှ မအိပ်တာ 🤐🌳🌨🐒

      Delete
  6. စပျစ်သီးလည်း ကြိုက်တာပဲ ..🍇🍀✌

    ReplyDelete
  7. ဝရက်ဘယ်ရီးပြန်ပြီး 😁🤭

    ReplyDelete
  8. စပျစ်သီး စားရင် အစေ့ပါ ဝါးစား ရင် မှတ်ဉာဏ်ကောင်းတယ်၊ အယ်ဇိုင်းမားရောဂါဖြစ်ခြင်းကနေ ကာကွယ်ပေးတယ်တဲ့
    ဖတ်ဖူးတာလေး

    ReplyDelete
  9. Replies
    1. ဂူဂူကငရစ်
      wifilinoတေတော်
      တော်နဲ့ဖြေမပီနိုင်ဘူး
      တခုတခုကို

      Delete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!