ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၄)

 ၃) Blueberries 🫐


        Blueberries သည် ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)အများဆုံးပါဝင်သောအစားစာများအနက် တစ်ခုဖြစ်ပါတယ်။ အသီးရဲ့အခွံမှာ အန်သိုဆိုင်ယာနင် (anthocyanins )လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းပါဝင်ပြီး blueberriesရဲ့ ထူးခြားတဲ့အပြာရောင်ကို ဖြစ်စေပါတယ်။ အသီးရင့်မာလာတာနဲ့အမျှ ရောင်ခြယ်ပစ္စည်း anthocyanin levelကလည်း ပိုမြင့်လာပါတယ်။


        Anthocyaninက ကင်ဆာဆဲလ်ဖွံ့ဖြိုးမှု လျော့နည်းစေခြင်း၊ သွေးပေါင်ချိန်ကျစေခြင်း၊ နှလုံးရောဂါနဲ့ဆီးချိုရောဂါအန္တရာယ်ကိုလျော့နည်းစေခြင်း စသည်တို့နဲ့ ဆက်စပ်ပါတယ်။ Blueberriesမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေက အသက်ရွယ်အလိုက် အသိအမြင်ယိုယွင်းမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


၄) စတော်ဘယ်ရီ 🍓


        စတော်ဘယ်ရီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ အများကြီးပါဝင်ပါတယ်။ Anthocyanin လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်း/ ဓါတ်တိုးဆန့်ကျင်(antioxidants)ဓါတ်ပေါင်းတွေက စတော်ဘယ်ရီရဲ့ အနီရောင်ကိုဖြစ်စေတာပါ။ 

        ကိုလက်စထရော မြင့်တဲ့လူတွေအတွက် Anthocyanin က LDLလို့ခေါ်တဲ့ မကောင်းတဲ့ ကိုလက်စထရောlevelကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါကာကွယ်ရာမှာလည်း အထောက်ကူပြုပါတယ်။ 🍓စတော်ဘယ်ရီမှာ ဗီတာမင် C, ဗီတာမင် E နဲ့ မန်းဂနိစ် တို့လည်း များစွာပါဝင်ပါတယ်။ 


Comments

  1. 🫐🍓
    စတော်ဘယ်ရီ ခုစားချင်သွား😁

    ReplyDelete
  2. 블루베리와 딸기를 너무 좋아해요.🫐🍓

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. ကြိုက်တယ် ၊ စတော်ဘယ်ရီပဲ 🍓🍓🍓

    ReplyDelete
  6. သကြားကို ရှောင်တာများပေမဲ့ စတော်ဘယ်ရီးသီးကျ ဖျော်သောက်ရတာထက် သကြားနဲ့ တို့စားရတာပိုကြိုက်

    ReplyDelete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. (⁠。⁠♡⁠‿⁠♡⁠。⁠)

    ReplyDelete
  10. Thanks
    (⁠*⁠˘⁠︶⁠˘⁠*⁠)⁠.⁠。⁠*⁠♡

    ReplyDelete
  11. ♡(⁠ ⁠◜⁠‿⁠◝⁠ ⁠)⁠♡

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!