ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၄)

 ၄) အဆိပ်ဖယ်ထုတ်ခြင်း 💦


ဆီးသွားခြင်းနဲ့ ချွေးထွက်ခြင်းကနေတဆင့် ရေက ကျွန်တော်တို့ကိုယ်ခန္ဓာထဲကအဆိပ်တွေကိုဖယ်ထုတ်ဖို့ အကူအညီပေးပါတယ်။ ခုခေတ်ကာလမှာ လူအတော်များများမှာ ကြုံလေ့ရှိတဲ့ကျန်းမာရေးပြဿနာကတော့ ဝမ်းချုပ်ခြင်း ပဲဖြစ်ပါတယ်။ 🚽ရေလုံလောက်စွာသောက်ပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါတယ်။ သင့်ရဲ့အဆိပ်အတောက်တွေကို ဝမ်းကနေတဆင့် ဖယ်ထုတ်နိုင်ပါတယ်။ 💩🚽

ဒါအပြင် ရေဓါတ်ခမ်းခြောက်ခြင်းက ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုပုံလာစေပြီး ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) တို့ကို ဖြစ်စေနိုင်ပါတယ်။ 🤷🏼


၅) ကျန်းမာဝင်းလက်သော အသားအရည် 👸🫅


လှပပြီး ကျန်းမာတဲ့အသားအရည်ကို မလိုချင်တဲ့သူရယ်လို့ ရှိပါ့မလား? သင့်အကြိုက်ဆုံးအနုပညာရှင်ရဲ့ ဝင်းလတ်တဲ့အသားအရည်မျိုးကို သင်လည်းလိုချင်တပ်မက်မိမယ်ဆိုတာ သင်ဝန်ခံရပါလိမ့်မယ်။ သင့်အသားအရည်ဟာ ရေဓါတ်ပြည့်ဝ၊ အရေးအကြောင်းကင်း၊ ဝင်းလက်ပြီး လှပနေဖို့ ရေကိုလုံလောက်စွာသောက်သံုးရပါမယ်။ 🚰

လံုလောက်တဲ့ရေပမာဏကိုမရတဲ့အခါ သင့်အသားအရည်ဟာ ခြောက်ခမ်းပြီး အရေးအကြာင်းတွေလည်း ပိုဖြစ်စေပါတယ်။ ဒါကြောင့် သင့်အသားအရည်ကောင်းဖို့အတွက် နေ့စဉ်နေ့တိုင်း ရေအလုံအလောက်သောက်သုံးပေးပါ။ 🚰

Comments

  1. ဟုတ် ကျေးဇူး❤️

    ReplyDelete
  2. ရေများများသောက် 😁

    ReplyDelete
  3. "ကျန်းမာဝင်းလက်သော အသားအရည်"
    အိုခေ နေ့စဉ် မနက်အိပ်ယာထ ရေသောက်ရင် အသားရေလှတယ်ဆိုတာကြားဖူးပေမယ့် မသောက်ဖြစ်ဘူး😅

    ReplyDelete
  4. မနက်အိပ်ယာထ‌ခြေထောက်ရေလောင်း၊မျက်နှာသစ် ပြီးရေ အဝ သောက် ရီဝက်လောက်မှာတစ်ခွက်ပြန်သောက် တယ် ဒါ့ကြောင့်နေမှာ ကြည်လင်ဝင်း‌လက်နေတာ 🤭

    ReplyDelete
    Replies
    1. ဟယ် သူလေး လှနေပြီပေါ့😁🤭💕

      Delete
    2. တအားပေါ့ကွယ်😁

      Delete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
  6. ဟုတ် ရေများများသောက်ဖို့ကြိုးစားကြည့်ပါမယ်

    ReplyDelete
    Replies
    1. အာ့မှ များများလှမှာ ။ 🚰

      Delete
    2. ရေသောက်ဖို့ကိုသတိမရဘူး😫

      Delete
  7. တရက် 3litreသောက်တယ်လေ😀😀😀

    ReplyDelete
  8. ညဘက်တော့တအား မသောက်ရဲဘူး

    ReplyDelete
  9. ငယ်တည်းကဆိုဟုတ်မှာ
    ခုမှသောက် ရင်တော့မသိနော့လေ

    လှပပြီး ကျန်းမာတဲ့အသားအရည်ကို မလိုချင်တဲ့သူရယ်လို့ ရှိပါ့မလား? သင့်အကြိုက်ဆုံးအနုပညာရှင်ရဲ့ ဝင်းလတ်တဲ့အသားအရည်မျိုးကို သင်လည်းလိုချင်တပ်မက်မိမယ်ဆိုတာ သင်ဝန်ခံရပါလိမ့်မယ်။ သင့်အသားအရည်ဟာ ရေဓါတ်ပြည့်ဝ၊ အရေးအကြောင်းကင်း၊ ဝင်းလက်ပြီး လှပနေဖို့ ရေကိုလုံလောက်စွာသောက်သံုးရပါမယ်။ 🚰

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. ​ရေဓါတ်ရ​အောင် ​ရေများများချိုးတယ် 👍👍

    ReplyDelete
    Replies
    1. အမ်း အဲ့လို့လား။🤔🙄🙄

      Delete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!