ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးစေမယ့် အစားအသောက်များ (၇)

 ၁၅) ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီ 🫒🧉

            Healthy oilတွေမှာ ကယ်လိုရီများစွာပါပြီး poly- & mono-မပြည့်ဝဆီကဲ့သို့သော အကျိုးပြုအဆီဓါတ်များပါဝင်တာကြောင့် ကျန်းမာစွာဝိတ်တက်စေဖို့ အထောက်ကူပြုပါတယ်။ ဥပမာအားဖြင့် သံလွင်ဆီနဲ့ နေကြာဆီတို့ ဖြစ်ပါတယ်။ sauce, saladနဲ့ ဟင်းချက်ရာမှာ သံလွင်ဆီ စားပွဲဇွန်းတစ်ဇွန်းထည့်ချက်ပါက ၁၀၀ကယ်လိုရီကိုအလွယ်တကူရရှိစေပါတယ်။


၁၆)ချောကလက်အညို 🍫🍩

            အရည်သွေးကေါင်းတဲ့ ချောကလက်ညိုတွေဟာ ကျန်းမာရေးကေါင်းကျိုးများစွာနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းမြောက်များစွာကို ပေးစွမ်းနိုင်ပါတယ်။ ကာဗိုဟိုက်ဒြိတ်ပေါများတဲ့ က်ိုကိုးစေ့တွေဟာ ချောကလက်အရင်းမြစ်ဖြစ်ပါတယ်။ နို့ချောကလက်ထက် ချောကလက်အညိုတွေမှာ ကိုကိုးပါဝင်မှုပိုမြင့်ပြီး သကြားဓါတ်ပိုနည်းပါတယ်။ ဒါဟာ cocoaရဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပိုမိုပါဝင်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ Cocoa ပါဝင်မှုပိုမြင့်တဲ့ချောကလက်ကိုစားသုံးရင် အကျိုးကျေးဇူးပိုများပါတယ်။ ဒါ့အပြင် ချောကလက်ညိုက စိတ်ဖိစီးမှု၊ type 2 ဆီးချို၊ ရောင်ယမ်းမှုများ၊ ကင်ဆာအမျိုးမျိုးနဲ့ နှလုံးရောဂါ စတဲ့ဆိုးကျိုးတွေကို လျော့နည်းစေပါတယ်။ 


            ကိုယ်ခန္ဓာကိုအထေါက်ပံ့ပြုသော အာဟာရကြွယ်တဲ့အစားစာတွေကို အာရုံထားစားသုံးခြင်းက ကျန်းမာစွာကိုယ်အလေးချိန်တိုးစေနိုင်ဖို့အတွက် လိုအပ်ပါတယ်။ ဝိတ်တက်လာဖို့ အချိန်နည်းနည်းကြာနိုင်ပေမယ့် အစားစာအမျိုးမျိုးကို စားသုံးခြင်းဖြင့် လူတစ်ယောက်ဟာ ရည်ရွယ်တဲ့အတိုင်း အေါင်မြင်နိုင်ပါတယ်။ 

            ကိုယ်လက်လှုပ်ရှားမှုမှတဆင့် လေါင်ကျွမ်းတဲ့ကယ်လိုရီပမာဏထက် ပိုများတဲ့ကယ်လိုရီပမာဏကို ပုံမှန်စားသုံးပေးခြင်းဟာ ကိုယ်အလေးချိန်တိုးစေဖို့အဓိကအချက်ဖြစ်ပါပဲ။ ကိုယ်အလေးချိန် တိုးခြင်း/လျော့ခြင်းတို့အတွက် ကယ်လိုရီတွက်ချက်ပုံကို postတစ်ခုပြုလုပ်ထားပြီးဖြစ်လို့ ဒီpostကိုဖတ်ပြီးရင် အဲ့ဒီpostကိုလည်းသွားဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ 

            က်ုယ်အလေးချိန်တိုးစေတဲ့နည်းလမ်းတိုင်းက လူတိုင်းအတွက်မသင့်တော်ပါဘူး၊ အါ့ဒါကြောင့် ကျန်းမာစေမယ့်ရည်ရွယ်ချက်တွေနဲ့ အါ့ဒိရည်ရွယ်ချက်တွေ အေါင်မြင်စေဖို့ အထိရောက်ဆုံးနည်းစနစ်တွေကို ဆုံးဖြတ်နိုင်ရန်၊ အစားအစာပုံစံကို သိသာတဲ့ပြောင်းလဲမှုတွေမပြုလုပ်ခင်မှာ ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးတာအကေါင်းဆုံးပါပဲခမျာ။ 


ကျန်းမာဘေးကင်းကြပါစေခမျာ။

Comments

  1. 🫒🧉🍫🍩
    ဟုတ်ကဲ့ပါ
    အားလုံးကျန်းမာဘေးကင်းကြပါစေ🕊️🕊️🕊️

    ReplyDelete
  2. Replies
    1. အောက်မှာ မရလို့ မန့်ကြည့်မယ်နော်

      Delete
  3. ချောကလက်ပါဆို အညိုတဲ့
    အခြားရောင်ရှိသေးတာလား😕😁

    ReplyDelete
  4. 👍🏻👍🏻👍🏻👍🏻👍🏻

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!