ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးစေမယ့် အစားအသောက်များ (၆)

 ၁၂)ထောပတ်သီး 🥑🥑

            ထောပတ်သီးဟာ အသားဓါတ်၊ ကျန်းမာစေတဲ့အဆီဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေရဲ့ အထူးကေါင်းမွန်တဲ့အရင်းမြစ်တစ်ခုပါ။ ထောပတ်သီးမှာ ဗိုက်တာမင်နဲ့ ကယ်လ်ဆီယမ်၊ မန်ဂနီစီယမ်၊ ပိုတက်စီယမ် စတဲ့ဓါတ်ဆားဓါတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ထောပတ်သီးစားသုံးခြင်းက ကျန်းမာတဲ့နည်းနဲ့ ကိုယ်အလေးချိန်တိုးစေဖို့ သင့်ကိုအကူအညီဖြစ်စေပါတယ်။ အသုပ်နဲ့ အကင် အပါအဝင် အစားစာအမျိုးမျိုးနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ 


၁၃) အခွံမါသီးနဲ့  Nut butters 🧉🥜🌰

            ၎င်းတို့မှာ ကယ်လိုရီကြွယ်ဝပြီး အရသာရှိတဲ့snackများ ပြုလုပ်နိုင်ပါတယ်။ အစားစာတွေမှာ အရသာနဲ့ကယ်လိုရီပိုစေဖို့ အစားစာနဲ့ မုန့်သွားရေစာတွေမှာ အခွံမာသီးနဲ့ nut buttersတွေကို ထပ်ထည့်နိုင်ပါတယ်။ ကယ်လိုရီပါဝင်မှုများတာကြောင့် အခွံမာသီး လက်၂ဆုပ်ကို အစားစာနှင့်သော်လည်းကေါင်း၊ မုန့်သွားရေစာအနေနဲ့လည်းကေါင်း တနေ့တကြိမ်စားပါက ကယ်လိုရီများစွာ စုလာစေပါတယ်။ သကြားဓါတ်အလွန်အကျွံစားသုံးမှုရှောင်ဖို့ သကြားမပါတဲ့ nut buttersက်ု သတိပြုရွေးချယ်ရန်လိုအပ်ပါတယ်။ 


၁၄) အစေ့များ 🫘🫘🌻

            အစေ့များမှရရှိတဲ့ မပြည့်ဝဆီနဲ့ အသားဓါတ်တွေဟာ ကြွက်သားတည်ဆောက်ဖို့ ထိရောက်တဲ့အရင်းမြစ်တွေဖြစ်ပါတယ်။ ကျန်းမာစွာ က်ိုယ်အလေးချိန်တိုးချင်တဲ့လူတစ်ယောက်အတွက် ကြွက်သားထုထည်က လိုအပ်ပါတယ်။ ပြည့်ဝဆီပါဝင်တာကြောင့် အစေ့များကို အသင့်အတင့်စားသုံးသင့်ပါတယ်။

Comments

  1. ဝိတ်တက်ဖို့ တော်"စားရမှာပါလား😅

    ReplyDelete
  2. သဘာဝအရသာ နေကြာစေ့ကို
    ပိုကြိုက်ပါ၏။

    ReplyDelete
  3. သစ်ချသီးနဲ့ အခြား အခွံမာသီးကတော့ တခါတရံမှသာ စားပါ၏။

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete
  5. ထောပတ်သီးကိုရှယ်ကြိုက်🤗

    ReplyDelete
  6. 👍🏻👍🏻👍🏻👍🏻👍🏻

    ReplyDelete
  7. Thanks
    🌟🌟🌟
    (⁠✷⁠‿⁠✷⁠)

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!