ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးစေမယ့် အစားအသောက်များ (၅)

 ၉) ဂျုံပြည့်ပေါင်မုန့် (Whole Grain Bread) 🥨🥖🥯

            ဂျုံပြည့်ပေါင်မုန့်မှာ ကာဗိုဟိုက်ဒြိတ်အမျိုးမျိုး လုံလေါက်စွာပါဝင်ပါတယ်။ မြေပဲထောပတ်ကဲ့သို့သော ကျန်းမာတဲ့အဆီနဲ့အသားဓါတ်နဲ့တွက်ဖက်စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကိုထိမ်းခြင်း၊ ကြီးထွားခြင်းကို အားဖြည့်ပေးပါတယ်။ ပေါင်မုန့်အဖြူထက် ဂျုံပြည့်ပေါင်မုန့်တွေမှာ ပရိုတင်းပါဝင်မှုမြင့်ပါတယ်။ ဝိတ်တက်စေဖို့ အထူးကေါင်းမွန်တဲ့အစားစာဖြစ်ပါတယ်။ပေါင်မုန့်နဲ့ ကြက်ဥ၊အသား၊ ချိစ် တို့ကိုရောစားခြင်းအားဖြင့် လွယ်ကူပြီး ကယ်လိုရီနဲ့ အာဟာရပြည့်စုံတဲ့ဟင်းလျာတွေကို သင်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။


၁၀) အာလူးနဲ့ အခြား ကစီဓါတ်ပါသောအစာများ 🥔🥟🧆🍘

            ကယ်လိုရီတိုးစေဖို့ အလွန်ရိုးရှင်းပြီး လက်လှမ်းမီတဲ့နည်းတစ်ခုကတော့ အာလူးနဲ့ အခြားသော ကစီဓါတ်ကြွယ်တဲ့အစားစာတွေကို စားသုံးခြင်းဖြစ်ပါတယ်။ ၎င်းတို့က ဗိုက်ပြည့်စေပြီး အသားဓါတ်အလုံအလေါက်ပါဝင်ပါတယ်။ ဗိုက်တာမင်၊ ဓါတ်ဆားဓါတ်နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများကိုလည်း ပေးနိုင်ပါတယ်။ အာလူးနဲ့ အခြားကစီဓါတ်တွေက သင့်ကိုယ်အလေးချိန်တိုးစေဖို့ ကယ်လိုရီနဲ့ ကာဗိုဟိုက်ဒြိတ်အပြင် သင့်ရဲ့ကြွက်သား Glycogenကိုပါ တိုးမြှင့်ပေးပါတယ်။ Glycogen ဆိုတာ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုအများစုမှာ သုံးတဲ့ အဓိကလေါင်စာဆီတစ်မျိုးဖြစ်ပါတယ်။ ကစီဓါတ်ပါတဲ့အစားစာ ဥပမာအချို့မှာ ကန်စွန်းဥ၊ ပြောင်းနဲ့ Quinoa တို့ဖြစ်ပါတယ်။ 


၁၁)သစ်သီးခြောက်များ 🫐🍪

            သစ်သီးခြောက်တွေမှာ အာဟာရဆိုင်ရာ အကျိုးကျေးဇူးအမျိုးမျိုးရှိသလို ဝိတ်တက်ဖို့လည်း အားဖြည့်ပေးပါတယ်။ ကယ်လိုရီနဲ့ သဘာဝသကြားဓါတ်ကြွယ်ဝတဲ့အတွက် သစ်သီးခြောက်တွေဟာ ကျန်းမာစွာက်ိုယ်အလေးချိန်တိုးစေပါတယ်။ ကယ်လိုရီများစွာပါပြီး အရေးကြီးတဲ့ ဗိုက်တာမင်၊ ဓါတ်ဆားနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများလည်း ပါဝင်ပါတယ်။ ကယ်လိုရီများစွာထပ်တိုးစေနိုင်ပြီး မုန့်ပဲသွားရေစာရွေးချယ်စရာပိုများစေဖို့ သစ်သီးအမျိုးအစား မြောက်များစွာကို သင်ရွေးချယ်နိုင်ပါတယ်။ သစ်သီးတွေဟာ ၎င်းတို့ရဲ့အာဟာရမပျက်ပဲ ခြောက်သွေ့တဲ့အတွက် အမျှင်ဓါတ်နဲ့micronutrientsရဲ့ အရင်းမြစ်ကေါင်းတစ်ခုဖြစ်ပါတယ်။ 


Comments

  1. ပေါင်မုန့်ကလွဲရင် အားလုံးကြိုက် 😁

    ReplyDelete
  2. အကုန်စားမယ်😁
    အစားကလူနဲ့တည့်တယ်လေ

    ReplyDelete
  3. Wheel............dope.🏹🏹🏹

    ReplyDelete
  4. အားလူးကို မကြိုက်ဘူး
    အခြားဟာလေးတေတော့ နည်း"စားတယ်

    ReplyDelete
  5. ကိုယ်ကြိုက်တာတွေများတယ်ရော

    ReplyDelete
  6. Thanks
    (⁠◍⁠•⁠ᴗ⁠•⁠◍⁠)

    ReplyDelete

Post a Comment

Popular posts from this blog

ဘာကြောင့် နေ့စဉ်ရေအလုံအလောက် သောက်သင့်တယ်ဆိုတဲ့ အကြောင်းရင်း၇ချက် 🚰 (၁)

Hello everyone!