ဝိတ်ကျဖို့အထောက်အကူပြုမယ့်အစားအစာ ၇မျိုး (၄)
၆။ အဆီများ သောငါးများ ငါး တွေကအရသာရှိရုံသာမက ကျန်းမာ ရေးအတွက်လဲ အရမ်းအ ထောက်အကူပြုပါတယ်။ ဆယ်မွန်တို့ sardine တို့လို ငါး တွေမှာ တွေ့ရတဲ့ omega 3 အဆီတစ်မျိုးက ရောင်ရမ်းမှုကို ကာကွယ် ပေးပြီး နှလုံး ရောဂါ ဖြစ်နိုင် ချေကို လျှော့ချ ပေးပါတယ်။ ငါး တွေကပရိုတင်းဓါတ်ကြွယ်ဝတဲ့တစ်မျိုးလဲဖြစ်ပါတယ်။ အဆီဓါတ်နဲ့ကစီဓါတ်တို့ထက်စာရင် အသားဓါတ်က ဗိုက်ကိုလဲမြန်မြန်ပြည့် စေပြီး သူတို့ကို ချေဖျက်ဖို့ကိုလဲ စွမ်းအင်ပိုသုံးရပါတယ်။ ဒါ ကြောင့် အသားဓါတ်များတဲ့ အစား တွေကလဲ ဝိတ်ကျဖို့ အ ထောက်အကူ ပြု စေပါတယ်။ လေ့လာချက်တစ်ခုအရ ငါးကြီးဆီပုံမှန် သောက်တဲ့သူ တွေက Cortisol လို့ ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို လျှော့ချ ပေးပါတယ်။ ဒီ ဟောမုန်းက အဆီသို လှောင်မှုကိုလဲ အား ပေးပါတယ်။ ...