၆) ချိစ် 🧀🧈🧀🍞 ချိစ်ဟာ ကယ်လ်ဆီယမ်၊အသားဓါတ်နဲ့ ကယ်လိုရီတို့ရဲ့ အထူးကေါင်းမွန်တဲ့အရင်းမြစ်တစ်ခုပါ။ အဆီနဲ့အသားဓါတ်ပေါင်းစပ်ပါဝင်တဲ့အတွက် ချိစ်ဟာ ဝိတ်တက်ဖို့အတွက်အကေါင်းဆုံးအစားစာထဲကတစ်ခုဖြစ်ပါတယ်။ တခါတရံ ပြည့်ဝဆီနဲ့ ကိုလက်စထရောပါဝင်မှု မြင့်ပါတယ်။ ကယ်လိုရီမြင့်တဲ့အစားစာတွေလိုပဲ ချိစ်အမျိုးအစားမျိုးစုံကို အသင့်အတင့်စားသုံးပေးသင့်ပါတယ်။ Feta, Goat Cheese, Mozzarella နဲ့ Cream Cheese စသည်တို့ကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် ချိစ်က မုန့်ပဲသွားရေစာတွေမှာ အနံ့အရသာကိုဖြည့်စွက်ပေးနိုင်တဲ့အတွက် သွားရည်ကျလေါက်တဲ့အရသာရစေဖို့ ချိစ်ကိုအစားစာအမျိုးမျိုးနဲ့တွဲထက်စားသုံးကြပါတယ်။ ၇) Protein Shake 🥤🧃 Protein Shake ကတော့ သင့်ရဲ့အသားဓါတ်စားသုံးမှုကို တိုးတက်စေဖို့ လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် သားသတ်လွတ်စားသူတွေအတွက် အထောက်အကူပြုပြီး အစာစားချင်စိတ်သိပ်မရှိဘဲ ကိုယ်အလေးချိန်တိုးချင်တဲ့သူတွေအတွက်လည်း အကျိုးရှိပါတယ်။ Pr...