ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်တိုးစေမယ့် အစားအသောက်များ (၇)
၁၅) ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီ 🫒🧉 Healthy oilတွေမှာ ကယ်လိုရီများစွာပါပြီး poly- & mono-မပြည့်ဝဆီကဲ့သို့သော အကျိုးပြုအဆီဓါတ်များပါဝင်တာကြောင့် ကျန်းမာစွာဝိတ်တက်စေဖို့ အထောက်ကူပြုပါတယ်။ ဥပမာအားဖြင့် သံလွင်ဆီနဲ့ နေကြာဆီတို့ ဖြစ်ပါတယ်။ sauce, saladနဲ့ ဟင်းချက်ရာမှာ သံလွင်ဆီ စားပွဲဇွန်းတစ်ဇွန်းထည့်ချက်ပါက ၁၀၀ကယ်လိုရီကိုအလွယ်တကူရရှိစေပါတယ်။ ၁၆)ချောကလက်အညို 🍫🍩 အရည်သွေးကေါင်းတဲ့ ချောကလက်ညိုတွေဟာ ကျန်းမာရေးကေါင်းကျိုးများစွာနဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းမြောက်များစွာကို ပေးစွမ်းနိုင်ပါတယ်။ ကာဗိုဟိုက်ဒြိတ်ပေါများတဲ့ က်ိုကိုးစေ့တွေဟာ ချောကလက်အရင်းမြစ်ဖြစ်ပါတယ်။ နို့ချောကလက်ထက် ချောကလက်အညိုတွေမှာ ကိုကိုးပါဝင်မှုပိုမြင့်ပြီး သကြားဓါတ်ပိုနည်းပါတယ်။ ဒါဟာ cocoaရဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပိုမိုပါဝင်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ Cocoa ပါဝင်မှုပိုမြင့်တဲ့ချောကလက်ကိုစားသုံးရင် အကျိုးကျေးဇူးပိုများပါတယ်။ ဒါ့အပြင် ချောကလက်ညိုက စိတ်ဖိစီးမှု၊ type 2 ဆီးချို၊ ရောင်ယမ်းမှုများ၊ ကင်ဆ...