သွေးပေါင်ချိန်ထိန်းညှိပေးသော အစားအစာများ (၆)
၁၀။ အစိမ်းရောင်ဟင်းရွက်များ Potassium, Magnesium နဲ့ calcium ဓါတ်တွေဟာ ဟင်းနုနွယ်၊ ကိုက်လန်နဲ့ ဂေါ်ဖီထုပ်တို့မှာ ကြွယ်ဝစွာပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေဟာ အာဟာရကြွယ်ဝတာကြောင့် အမျိုးစုံအောင်စားသင့်ပါတယ်။ သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တဲ့ nitrate ဓါတ်တွေကလဲ အစိမ်းရောင်ဟင်းရွက်တွေမှာ ပါဝင်ပါတယ်။ အခုဖော်ပြခဲ့တာကတော့ သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တဲ့ အစားအစာ ၁၀မျိုးပဲဖြစ်ပါတယ်။ သင့်မှာ သွေးတိုးရှိတယ်ဆိုရင် အငန်ဓါတ်များတဲ့အစားအစာတွေ , အရက်တွေ, အသင့်စား အစာတွေနဲ့ လက်လုပ်ချဥ်တွေကို ရှောင်ကြဥ်သင့်ပါတယ်။ အခု ဖော်ပြခဲ့တာတွေကတော့ အကြမ်းမျဥ်း ဖော်ပြချက်တွေဖြစ်ပြီး လူတိုင်းက မတူညီတဲ့ ဖွဲ့စည်းပုံတွေရှိတာကြောင့် ကိုယ့်မှာ သွေးတိုးရှိတယ်ဆိုရင် ဆရာဝန်နဲ့သေချာတိုင်ပင်သင့်ပါတယ်။ ဒါ့အပြင် သင်က ဒီအစားအစာတွေကို ပုံမှန်စားနေပြီး လမ်းလျှောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း လိုမျိုး ကျန်းမာရေးလိုက်စားနေရင်တောင်မှ သွေးထိန်းဆေးသောက်ဖို့ကို မမေ့သင...