Posts

Showing posts from November, 2022

ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၈)

            သင့်ရဲ့ခန္ဓာကိုယ်ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)များကို သဘာဝအရ ထုတ်ပေးနိုင်သလို အစားအစာတွေစားသုံးခြင်းမှတဆင့်လည်း ရရှိနိုင်ပါတယ်။ အဲ့ဒိဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက သင့်ခန္ဓာကိုယ်ကိုအန္တရာယ်ပြုနိုင်မယ့်အလားလာရှိတဲ့ free radicalsတွေကို ဆန့်ကျင်ပြီး သင့်ရဲ့ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပါတယ်။            အထက်မှာအကြံပြုခဲ့တဲ့ အစားအစာတွေကိုစားသုံးပေးခြင်းဖြင့် သင့်ရဲ့သွေးထဲမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)  ပမာဏကို တိုးစေပြီး ၎င်းတို့ရဲ့ကျန်းမာရေးအားသာချက်တွေကတဆင့် အကျိုးရရှိစေမှာဖြစ်ပါတယ်။            ဒါတွေကတော့ ယေဘုယျလမ်းညွှန်ချက်တွေသာဖြစ်ပါတယ်။ လူတိုင်းမှာ မတူညီတဲ့ဇီဝကမ္မဗေဒနဲ့ မတူညီတဲ့လိုအပ်ချက်တွေ ရှိတာမို့ သင်နဲ့ကိုက်ညီတဲ့ Diet planအတွက် သင့်ရဲ့ဆရာဝန် (သို့မဟုတ်) အာဟာရကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်မှု သေချာပြုလုပ်ဖို့လိုပါလိမ့်မယ်။            ကျန်းမာဘေးကင်းကြပါစေခမျာ!

ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၇)

 ၉) မုံလာဥနီ (Beet)           လှပတဲ့ ခရမ်း/နီညိုရောင်ရှိတဲ့ ဒီအမြစ်ဖုမှာ တွေ့ရတဲ့ အားကောင်းတဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်း (​antioxidant) က free radicalတွေကို ဆန့်ကျင်တိုက်ထုတ်နိုင်ပါတယ်။ မုံလာဥနီကဲ့သို့သော အသီးအရွက်တွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတမျိုးဖြစ်တဲ့ Betalains ပါဝင်ပါတယ်။ အဲ့ဒိ Betalainဟာ အစာခြေပြဿနာတွေနဲ့ အူမကြီးကင်ဆာကို ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။            အစားစာကရတဲ့အမျှင်ဓါတ်၊ သံဓါတ်၊ ဖောလိတ် နဲ့ ပိုတက်စီယမ် စသည်တို့က မုံလာဥနီမှာတွေ့ရတဲ့ အခြားသောအာဟာရဓါတ်တွေဖြစ်ပါတယ်။ အဲ့ဒီ ဓါတ်ပေါင်းတွေကလည်း ကိုယ်ခန္ဓာရောင်ရမ်းခြင်းကို လျှော့ချရာမှာ အကျိုးပြုနိုင်ပါတယ်။ ဗီတာမင် C က ဓါတ်တိုးဆန့်ကျင်သတ္တိအပြင် အအေးမိခြင်းနဲ့ အချို့သော နာတာရှည်ရောဂါများကို တားဆီးကာကွယ်ရာမှာပါ အထောက်အကူဖြစ်ပါတယ်။  ၁၀) ဟင်းနုနယ်ရွက်            ဟင်းနုနယ်ရွက်ဟာ အာဟာရဖြစ်စေသောပါဝင်ပစ္စည်းတွေ အပေါကြွယ်ဆုံးအသီးအရွက်တွေထဲက အသီးအရွက်တမျိုးဖြစ်ပါတယ်။ ကယ်လိုရီ အလွန်နည်းပြီး ဗီတာမင်များ၊ သတ္တုဓါတ်တွေနဲ့ ဓါတ်တိုးဆ...

ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၆)

 ၈) ပဲအမျိုးမျိုး 🫘           ပဲစေ့တွေကလည်း အာဟာရပြည့်သော အမျှင်ဓါတ်နဲ့ အသားဓါတ်တွေရဲ့ အဓိကအရင်းအမြစ်တစ်မျိုးဖြစ်ပါတယ်။ ဘိုစားပဲနီ (Red Kidney Bean)🫘နဲ့ ပဲကြား (Pinto Bean) အပါအဝင် အချို့ပဲမျိုးတွေမှာ Antioxidants များစွာပါရှိပါတယ်။            ပဲကြားမှာတွေ့ရလေ့ရှိတဲ့ Kaempferol လို့ခေါ်တဲ့ အပင်ကရတဲ့ Flavonoid ကလည်း ကင်ဆာဆဲလ်ဖွံ့ဖြ်ုးမှုနဲ့ ကိုယ်ခန္ဓာရောင်ရမ်းခြင်းတွေကို တားဆီးလျှော့ချရာမှာ အထောက်အကူပြုပါတယ်။ လေ့လာမှုများစွာအရ Kaempferol က ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာကဲ့သို့သော ကင်ဆာမျိုးကိုကာကွယ်ခြင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ သိရှိရပါတယ်။            ပဲအမျိုးမျိုးက ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးနိုင်ခြင်းကြောင့် ကျွန်တော်တို့ ပုံမှန်စားသောက်ရာမှာ ပဲအမျိုးမျိုးကိုထည့်ပြီး စားသုံးပေးဖို့ အကြံပြုလိုပါတယ်။ 

ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၅)

 ၅)စပျစ်သီး 🍇           စပျစ်သီး , အထူးသဖြင့် ခရမ်းရောင်နဲ့အနီရောင်ရှိတဲ့ စပျစ်သီးတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေနဲ့ ဗီတာမင် C တို့ ပါဝင်ပါတယ်။ စပျစ်သီးမှာတွေ့ရတဲ့ Anthocyanin နဲ့ Proanthocyanin စတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေဟာ ကင်ဆာနဲ့နှလုံးရောဂါကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။  ၆) ဇီးသီးခြောက်            ဇီးသီးခြောက်တွေဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) ဖြစ်တဲ့ ပိုလီဖီနောလ်များရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ ဇီးသီးခြောက်တွေမှာ အမျှင်ဓါတ်တွေလည်း များစွာပါဝင်ပါတယ်။ အမျှင်ဓါတ်တွေက နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အူလမ်းကြောင်းအနာရောဂါ နဲ့ ဝမ်းပိတ်ဝမ်းချုပ်ခြင်း စတဲ့ ရောဂါအတော်များများရဲ့အန္တရာယ်ကိုလျော့ချနိုင်မှုနဲ့ ဆက်စပ်နေပါတယ်။  ၇) Raspberries            Raspberries မှာ အာဟာရဓါတ်၊ အမျှင်ဓါတ်၊ ဗီတာမင် C၊ မန်ဂနိစ် နဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေ ပေါများစွာပါဝင်ပါတယ်။ Raspberriesမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants...

ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၄)

 ၃) Blueberries 🫐           Blueberries သည် ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)အများဆုံးပါဝင်သောအစားစာများအနက် တစ်ခုဖြစ်ပါတယ်။ အသီးရဲ့အခွံမှာ အန်သိုဆိုင်ယာနင် (anthocyanins )လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းပါဝင်ပြီး blueberriesရဲ့ ထူးခြားတဲ့အပြာရောင်ကို ဖြစ်စေပါတယ်။ အသီးရင့်မာလာတာနဲ့အမျှ ရောင်ခြယ်ပစ္စည်း anthocyanin levelကလည်း ပိုမြင့်လာပါတယ်။           Anthocyaninက ကင်ဆာဆဲလ်ဖွံ့ဖြိုးမှု လျော့နည်းစေခြင်း၊ သွေးပေါင်ချိန်ကျစေခြင်း၊ နှလုံးရောဂါနဲ့ဆီးချိုရောဂါအန္တရာယ်ကိုလျော့နည်းစေခြင်း စသည်တို့နဲ့ ဆက်စပ်ပါတယ်။ Blueberriesမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)တွေက အသက်ရွယ်အလိုက် အသိအမြင်ယိုယွင်းမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ၄) စတော်ဘယ်ရီ 🍓           စတော်ဘယ်ရီမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)၊ ဗီတာမင် နဲ့ သတ္တုဓါတ်တွေ အများကြီးပါဝင်ပါတယ်။ Anthocyanin လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်း/ ဓါတ်တိုးဆန့်ကျင်(antioxidants)ဓါတ်ပေါင်းတွေက စတော်ဘယ်ရီရဲ့ အနီရောင်ကိုဖြစ်စေတာပါ။  ...

ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၃)

 ၁) ပန်းသီး 🍏 🍎           Ok! ကျွန်တော့အကြိုက်ဆုံးအသီးဖြစ်တဲ့ "ပန်းသီး"နဲ့စလိုက်ကြရအောင်!            ပန်းသီးမှာ ပရိုဆိုင်ရာနီဒင်း (procyanidin) B2 နဲ့ အက်ပီကတီချင်း (epicatechin) လို့ခေါ်တဲ့ ပိုလီဖီနောလ် (polyphenol) ကြွယ်ဝပါတယ်။ ဗီတာမင် E နဲ့ စီလီနီယမ် (selenium) လည်းပါဝင်ပါတယ်။ တကယ်တော့ ပန်းသီးအစိမ်း🍏တွေထက် ပန်းသီးအနီ🍎တွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ပိုမိုပါဝင်ပါတယ်။            သင်ပန်းသီးစားတဲ့အခါ ပန်းသီးအခွံကိုပါ စားပေးပါ၊ ဘာလို့လဲဆိုတော့ ပန်းသီးအသားထက် ပန်းသီးအခွံမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ပိုများရုံသာမက သင့်ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အမျှင်ဓါတ် (Fiber)တွေလည်း ပိုမိုပါဝင်လို့ပဲဖြစ်ပါတယ်။  ၂) ချောကလက်အညို (Dark Chocolate) 🍫           ချောကလက်စားရတာကြိုက်တဲ့သူတွေအတွက်တော့ သတင်းကေါင်းပေါ့ဗျာ! ချောကလက်အညို (dark chocolate)မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)၊ သတ္တုဓါတ်နဲ့ အာဟာဓါတ်များစွာပါဝင်ပါတယ်။ ဓါတ်တိုးဆန...

ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၂)

           ဒါပေမဲ့ ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်သုံးခြင်း၊ လေထုညစ်ညမ်းခြင်းနဲ့ fast foodတွေကိုစားသုံခြင်း စတဲ့အချက်တွေဟာ free radicals များ ထုတ်လွှတ်ခြင်းကို တိုးမြှင့်စေပါတယ်။ အါ့လိုFree radicalsတွေ စုပုံများပြားလာတဲ့အခါ oxidative stress လို့ခေါ်တဲ့ free radicals နဲ့ antioxidants မညီမျှခြင်းကိုဖြစ်စေပြီး ကင်ဆာ၊ နှလုံးရောဂါ၊ Alzheimer စိတ်ကျရောဂါနဲ့  ဆီးချိုရောဂါအန္တရာယ်များကို ပိုတိုးစေပါတယ်။            သို့ပေမဲ့ အထက်ပါစကားတွေကြောင့် သိပ်ပြီးမစိုးရိမ်ပါနဲ့ဦး။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ ပြန်လည်ခုခံနိုင်တဲ့ ကိုယ်ပိုင်ယန္တရား ရှိပြီး free radicalsတွေကို ပြန်တိုက်ဖို့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေကိုထုတ်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ကျွန်တော်တို့ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) ကြွယ်ဝတဲ့အစားစာတွေကို စားသောက်နိုင်ပြီး ခန္ဓာကိုယ်ထဲမှာ antioxidant levelတိုးမြင့်ဖို့နဲ့ free radicalsတွေကို ပြန်ခုခံဖို့ ပြုလုပ်နိုင်ပါတယ်။ ယနေ့ခေတ်မှာ ခန္ဓာကိုယ်တွင်း free radicals တိုးလာစေမယ့်အချက်တွေ ပိုများလာပြီး...

ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ (၁)

          ဒီနေ့တော့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝတဲ့အစားစာများအကြောင်းကို ကျွန်တော်ပြောပြမှာဖြစ်ပါတယ်။ အဲ့ဒိအကြောင်းကိုမဆွေးနွေးခင်မှာ အဲ့ဒိအစားစာတွေကိုစားပေးခြင်းဟာ ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာအတွက် ဘာ့ကြောင့်အရေးကြီးသလဲ? ဆိုတာကို အရင်ကြည့်လိုက်ကြရအောင်!           🙋‍♂️သဘာဝအားဖြင့် ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကနေ Free Radicalတွေ ထုတ်ပေးလေ့ရှိပါတယ်။            👉Free radical ဆိုတာကတော့ အောက်ဆီဂျင်ပါဝင်တဲ့မော်လီကျူးလေးတွေဖြစ်ပြီး သူတို့မှာအီလက်ထရွန်ပါဝင်မှုမညီမျှတာကြောင့် ဝန်းကျင်မှာရှိတဲ့အခြားမော်လီကျူးတွေနဲ့အလွယ်တကူ ဓါတ်တိုးစေနိုင်ပါတယ်၊ အါ့လိုဖြစ်စဉ်ကို ဓါတ်တိုးခြင်း (Oxidation)လို့ခေါ်ပြီး ခန္ဓာကိုယ်အတွက်အကျိုးရှိစေသလို လိုတာထက်ပိုရင်လည်း အန္တရာယ်ဖြစ်စေပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)လေးတွေကတော့ free radicalsတွေရဲ့ အီလက်ထရွန်မညီမျှမှုကို ညှိပေးပြီး အန္တရာယ်ဖြစ်စေတဲ့ Oxidation processတွေကို တားဆီးပေးတဲ့သဘောဖြစ်ပါတယ်။👈

ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)ကြွယ်ဝသောအစားစာများ

Image
 

☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕ (၈)

 🍶နောက်ထပ်အရေးကြီးတဲ့အချက်က ကော်ဖီထဲအချိုတွေအများကြီးထည့်ပြီးသောက်မယ်ဆိုရင်တော့ ကော်ဖီရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကို ဆုံးရှုံးစေနိုင်ပါတယ်။ ဒါကြောင့် Creamတွေ၊ သကြားတွေနဲ့ အချိုတွေထည့်မယ့်အစား အောက်ဖော်ပြပါ အစားထိုးပစ္စည်းလေးတွေ စမ်းထည့်ပြီး ကော်ဖီကိုကျန်းမာရေးအတွက် ပိုကောင်အောင်လုပ်ကြည့်လို့ရပါတယ်။👇👇 🍫ကိုကိုးမှုန့် (Cocoa)- cocoaမှုန့်အနည်းငယ်ကို ကော်ဖီထဲထည့်ခြင်းအားဖြင့် ကော်ဖီရော၊ချောကလက်ရောရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ခံစားရမှာပါ။ 🍯သဘာဝကရတဲ့အချိုတွေဖြစ်တဲ့ ပျားရည်၊ မေပယ်လ်သကာရည်နဲ့ စတီဗီယား (Stevia rebaudiana)ပင်မှရသော သကြားအစားထိုးမှုန့် 🏺သစ်ကြပိုးခေါက်မှုန့် -ကော်ဖီထဲကို သစ်ကြပိုးခေါက်မှုန့်အနည်းငယ် ထည့်လို့လည်းရပါတယ်။ဒါကအရသာပိုရှိစေရုံမက ကျန်းမာရေးအတွက်လည်း ပိုကောင်းပါတယ်။  🥛နွားနို့-သင့်ရဲ့ကော်ဖီထဲကို creamတွေထည့်ရတာကြိုက်ရင် နွားနို့နဲ့အစားထိုးကြည့်ပါ။ဒီနေရာမှာ အဆီပြည့်နွားနို့ကိုသုံးခြင်းက အရိုးကျန်းမာရေးအတွက်ရော၊ အရသာအတွက်ရော ပိုကောင်းပါတယ်။ အခုပြောသွားတာတွေကတော့ ကော်ဖီသောက်ခြင်းရဲ့အကျိုးကျေးဇူးတွေနဲ့ ကျန်းမာရေးအတွက် ကော်ဖီကိုဘယ်လိုသောက်ရမယ်ဆိုတဲ့ နည်းလမ်...

☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕ (၇)

 ဒါပေမယ့် ကော်ဖီသောက်ရာမှာအကျိုးကျေးဇူးတွေနဲ့ဆိုးကျိုးတွေကို ချင့်ချိန်သင့်ပါတယ်။ ကျန်းမာရေးကိုမထိခိုက်စေဖို့အတွက် ခန္ဓကိုယ်ကလက်ခံနိုင်သလောက်ပဲ ကော်ဖီကိုသောက်သင့်ပါတယ်။  ⏳ဒါဆိုရင် ကျွန်တော်တို့ခန္ဓာကိုယ်က ဘယ်လောက်လက်ခံနိုင်လဲ?ဆိုတာကို သိရပါမယ်။ ပုံမှန်အားဖြင့်တော့ တနေ့ကို ကော်ဖီ၄ခွက် (ဒါမှမဟုတ်) ကဖင်း(caffine)ဓါတ် ၄၀၀မီလီဂရမ်ထိ သောက်လို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာသတိထားရမှာက ဒါက အနောက်တိုင်းကလူတွေပေါ်မှာ လေ့လာထားချက်ဖြစ်ပါတယ်။မြန်မာနိုင်ငံကလူတွေအနေနဲ့ဆိုရင်တော့ ဒိထက်လျှော့ပြီးသောက်သင့်ပါတယ်။  🕰️နောက်ပြီးတော့ ကော်ဖီသောက်တဲ့အချိန်ကလည်း မှန်ဖို့လိုပါသေးတယ်။ကော်ဖီကို ညနေပိုင်းနဲ့ညပိုင်းတွေမှာသောက်မယ်ဆိုရင် အိပ်စက်ခြင်းကိုထိခိုက်စေပြီး ရင်တုန်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့ ကော်ဖီကို ညနေ၂နာရီ/၃နာရီနောက်ပိုင်းမှာ မသောက်သင့်ပါဘူး။ 🙅‍♀️☕

☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕ (၆)

 ☕၉) နှလုံးရောဂါရနိုင်ခြေ လျော့နည်းစေခြင်း 🫀 လေ့လာချက်အချို့အရ ကော်ဖီသောက်တာက နှလုံးရောဂါရနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ဒါပေမယ့် တခုသတိထားရမှာက ကဖင်း(caffeine)ဓါတ်က သွေးပေါင်ချိန်ပေါ်မှာသက်ရောက်မှုရှိပါတယ်။သွေးပေါင်ချိန်မထိမ်းနိုင်တဲ့သူတွေအနေနဲ့ ကော်ဖီသောက်သုံးတဲ့ပမာဏကို လျှော့ချသင့်ပါတယ်။ ☕၁၀)အသက်ရှည်စေခြင်း 👨‍🦳 လတ်တလောလေ့လာမှုတွေအရ ကော်ဖီသောက်တဲ့သူတွေမှာ နှလုံးသွေးကြောကျဉ်းရောဂါ၊လေဖြတ်ရောဂါ၊ဆီးချိုရောဂါနဲ့ ကျောက်ကပ်ရောတွေ ဖြစ်နိုင်ခြေနည်းပါတယ်။ တနေ့ကို ကော်ဖီတစ်ခွက်သောက်တဲ့မိန်းမတွေက လေဖြတ်တာနဲ့အူမကြီးကင်ဆာဖြစ်နိုင်ခြေ ပိုနည်းပါတယ်။

☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕ (၅)

 ☕၇)အသည်းရောဂါဖြစ်နိုင်ခြေ လျော့နည်းစေခြင်း ❤️ ပုံမှန်ကဖင်း(Caffeine)ဓါတ်ပါတဲ့ကော်ဖီရော၊ ကဖင်း(Caffeine)ဓါတ်မပါတဲ့ကော်ဖီကပါ အသည်းကိုထိမ်းသိမ်းပေးရာမှာ အကူအညီဖြစ်စေပါတယ်။လေ့လာချက်တွေအရ ကော်ဖီသောက်တဲ့သူတွေရဲ့အသည်းက အင်ဇိုင်း(Enzyme)တွေဟာ ကော်ဖီမသောက်တဲ့သူတွေထက် ပိုပြီးကျန်းမာတဲ့အနေအထားမှာ ရှိနေပါတယ်။ ☕၈)သည်းခြေကျောက်တည်တာကို လျှော့ချပေးနိုင်ခြင်း 🤹‍♂️ ကော်ဖီသောက်တာက သည်းခြေကျောက်တည်တာကို လျှော့ချပေးနိုင်ပါတယ်။ဒါပေမယ့် သင့်မှာသည်းခြေကျောက်တည်တဲ့လက္ခဏာတွေရှိနေပြီးသားဆိုရင်တော့ ကော်ဖီကိုရှောင်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကော်ဖီကသည်းခြေအိတ်ကို လှုံ့ဆော်ပေးလို့ပါ။

☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕ (၄)

 ☕၅) စိတ်ကျရောဂါဖြစ်နိုင်ခြေ လျှော့ချပေးခြင်း😇 လေ့လာသူတွေက ကော်ဖီသောက်ခြင်းဟာ စိတ်ကျရောဂါ၊ မိမိကိုယ်ကိုအဆုံးစီရင်ခြင်းတို့ကို လျော့နည်းစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။လေ့လာမှုတွေအရ ကဖင်း(Caffeine)ဓါတ်က မောပန်းလွယ်တာနဲ့ စိတ်ကျတာကိုဖြစ်စေတဲ့ဓာတ်တွေကို လျှော့ချပေးနိုင်ပါတယ်။ ☕၆) အမှတ်-၂ ဆီးချိုရောဂါဖြစ်နိုင်ခြေ လျှော့ချပေးခြင်း🤩 ကော်ဖီက အမှတ်-၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ကော်ဖီက သရက်ရွက်ကနေ အင်ဆူလင် (Insulin)ဓါတ်ထုတ်တာကို ထိန်းညှိပေးနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။အင်ဆူလင် (Insulin)က သွေးတွင်းသကြားဓါတ်ကိုထိန်းညှိပေးရာမှာ အရေးပါတာကြောင့် ဆီးချိုရောဂါနဲ့တိုက်ရိုက်ဆက်စပ်နေပါတယ်။

☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕ (၃)

 ☕၃) ဝိတ်ကျစေခြင်း 👯 တချို့လေ့လာချက်တွေအရ ကော်ဖီသောက်တာက ဝိတ်ကျဖို့အထောက်အကူဖြစ်ပါတယ်။ ဒါပေမယ့် သကြားတွေ၊အချိုဓါတ်တွေ အများကြီးဖြည့်ထားတဲ့ ကော်ဖီ ကိုသောက်မယ်ဆိုရင်တော့ ပြောင်းပြန်အနေနဲ့ ဝိတ်တက်တာကိုပဲ ဖြစ်စေမှာပါ။  ☕၄) ဦးဏှောက်ကျန်းမာရေးကို အထောက်အကူပြုပြီး တိုးတက်စေခြင်း 🧑‍🔬 လေ့လာချက်တွေအရ ကော်ဖီက အယ်ဇိုင်းမား (Alzheimer)ရောဂါနဲ့ ပါကင်ဆန် (Parkinson)ရောဂါတို့ ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာချက်တစ်ခုမှာဆိုရင် အသက်၆၅နှစ်အထက်၊ တနေ့ကော်ဖီ၂ခွက် ၃ခွက်သောက်လေ့ရှိတဲ့ အမျိုးသမီးတွေမှာ မေ့လွယ်တဲ့ရောဂါဖြစ်နိုင်ခြေ ပိုနည်းပါတယ်။ဒါကြောင့် ကော်ဖီက ဦးဏှောက်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕ (၂)

 ☕၁) စွမ်းအင်တိုးစေခြင်း 🤹‍♂️ ကော်ဖီမှာပါတဲ့ ကဖင်း (caffeine)ဓါတ်က စွမ်းအင်တိုးစေဖို့နဲ့ ပင်ပန်းနွမ်းနယ်မှုကို ခံနိုင်ဖို့အတွက် နံမည်ကြီးပါတယ်။အားအင်ကုန်ခမ်းလာတာမျိုး၊ အိပ်ငိုက်လာတာမျိုးဆိုရင် ကော်ဖီတစ်ခွက်သောက်ခြင်းက သင့်ကို ချက်ချင်းလန်းဆန်းလာ‌‌စေမှာပါ။ ☕၂) အားကစားစွမ်းဆောင်ရည် မြင့်မားလာစေခြင်း 🏋️‍♂️ အားကစားမလုပ်ခင် ကော်ဖီသောက်ခြင်းကလည်း အားကစားစွမ်းဆောင်ရည်ကိုတိုးတက်စေပါတယ်။ ဒါကြောင့် တချို့တွေက အားကစားမလုပ်ခင် ကော်ဖီသောက်လေ့ရှိကြပါတယ်။

☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕ (၁)

 ဒီတပတ်တော့ ကျွန်တော် ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေကို ပြောပြပေးမှာပါ။ ကော်ဖီသောက်ရတာ ကြိုက်တဲ့သူအများကြီးရှိပြီး ကော်ဖီမှာကျန်းမာရေးကောင်းကျိုးတွေလည်း များစွာရှိပါတယ်။ ဒါပေမဲ့ မှတ်ထားရမှာက ကော်ဖီက တော်သင့်ရုံသောက်မှသာ အကျိုးရှိတာပါ။ အလွန်အကျွံသောက်မယ်ဆိုရင်တော့ မကောင်းတာက ပိုဖြစ်နိုင်ပါတယ်။ ကော်ဖီအကြောင်းပြောရင် ခေါင်းထဲမှာအရင်ဆုံးပေါ်တာက "ကဖင်း (caffeine)"ဓါတ်ပါ။ အာဟာရပညာရှင်တွေအဆိုအရ ကော်ဖီမှာတခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေရောင်ရမ်းတာ လျော့နည်းအောင် ရောဂါကာကွယ်နိုင်တဲ့ဓါတ်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။  🫖အရင်ဆုံး ကော်ဖီပုံမှန်သောက်ခြင်းရဲ့ ကောင်းကျိုးတွေကို ပြောပြပါမယ် ... 

☕ကော်ဖီသောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများ ☕

Image